"အကို ဟီးဆွန်း"
"လက်ထပ်ပွဲကို လေ ကျွန်တော်လက်ခံပါတယ်"
"ငါ တော့ လက်မခံဘူး ဂျိတ်"
"ငါမင်းကို ကြိုက်လဲမကြိုက်ဘူး ချစ်လဲမချစ်ဘူး မင်းနဲ့လက်ထပ်ဖို့စိတ်ကူးလဲမရှိဘူး"
"ဘာလို့လဲ အကို ကျွန်တော် က ဘာများချို့ယွင်းနေလို့လဲ ဘာများ ဖြစ်နေလို့လဲ ကျွန်တော့် ကို လက်မထပ်ချင်ရအောင်"
"ဟမ် ......ပြောလေ ဘာလို့လဲလို့"
"........"
"ဘာလဲ ယန်ဂျောင်၀န်းဆိုတဲ့ကောင်ကြောင့်လား ဟုတ်လား... ဟုတ်လားလို့ မေးနေတယ်လေ"
"၀န်းလေး နဲ့မဆိုင်ဘူး သူ့ကိုဆွဲမထည့်နဲ့"
"ဆိုင်တာပေါ့ သိပ်ဆိုင်တာပေါ့ အဲ့ကောင်က ကျွန်တော့် ဆီကနေ ဟျောင်းကို လုနေတာလေ"
".........."
"ပြောကြည့်ပါဦး ဘာဖြစ်လို့ ကျွန်တော် မဖြစ်ရတာလဲ ကျွန်တော်ဟျောင်းကို ငယ်ငယ်လေးကတည်းက သဘောကျတာကို ဟျောင်းလည်းသိရဲ့သားနဲ့ ဟျောင်းကို ကျွန်တော် အကြိမ်၁၀၀ မရ ဖွင့်ပြောခဲ့တယ်လေ ဟျောင်း လက်ခံလို့လား ဘာမဟုတ်ကောင်ကို ဟျောင်းမလို့ သဘာကျရတယ်လို့"
"ငါ က မင်းမလို့ သဘောမကျတာ မင်းဖြစ်နေလို့ကို လက်မထပ် ချင်တာ အဲ့တော့ စေ့စပ်ပွဲကိုလည်း ငါ ဖျတ်သိမ်းမှာ အေပီးတော့အဲ့ဘာမဟုတ်တဲ့ကောင်က မင်းထက်အဆများစွာ တန်ဖိုးရှိတယ်ဆိုတာမှတ်ထား"
"ဟျောင်း တကယ် ကျွန်တော့်ကို မချစ်ဘူးပေါ့"
"ငါမင်းကို ညီလေး ထက်မပိုဘူး ချစ်လည်းမချစ်ဘူး မင်းဒီလောက်နဲ့ပဲရပ်လိုက်တော့"
"ဟျောင်းသိပ် ကိုရက်စက်တယ်သိလား ကျွန်တော့်ခံစားချက်ကိုဘယ်တော့မှထည့်မစဥ်းစားေပးဘူး ဟျောင်းကိုမုန်းချင်တယ်ဒါပေမယ့်မုန်းမရနေဘူးသိလား တစ်ခါလောက်လေးတော့ အခွင့်အရေးမပေးချင်ဘူးလားဟျောင်းရယ် ကျွန်တော်က ဟျောင်းကိုသိပ်ချစ်တာလေ"
"ဟ.....ချစ်တယ် မင်းကသာငါ့ကိုချစ်တာလေ ငါကမင်းကိုချစ်ဖို့နေနေသာသာ ငါခေါင်းထဲတောင်မထည့်ဘူး မင်းကိုတစ်သက်လုံး လက်မထပ်ဘူးမှတ်ထား"
YOU ARE READING
We will return from the beginning of our relationship
Roman d'amourJAKEHOON♥️🌙 31.5.2022 By Moonkhamlily