ကျောင်းအပ်တဲ့ကိစ္စရော လိုအပ်တာတွေပါတစ်ခါတည်းလုပ်နေရတာကြောင့် တစ်မနက်ကခဏလေးအတွင်းမှာကုန်လွန်လို့သွားတယ်။ ချန်းယောလ်လက်ကနာရီကိုမြှောက်ကြည့်လိုက်တော့ ထမင်းစားချိန်ပင်ကျော်လွန်ကာနေ့လည်1နာရီပင်ရှိနေလေသည်။
သာမန်ကာလျှံကာ ဒီလိုနာရီလေးကြည့်တဲ့ပုံစက အလွန်ပင်ဆွဲဆောင်မှုရှိသွားတာကို ကာယကံရှင်က မသိလိုက်သော်ငြား ပတ်ဝန်းကျင်ကမျက်လုံးများကတော့ ဒီပုံရိပ်ကိုအမိအရဖမ်းယူလိုက်နိုင်ကြတယ်။
သူတို့စိတ်ထဲမှာလဲ ဒါဘယ်အစ်ကိုကအငယ်လေးကိုကျောင်းကိစ္စလိုက်ကူညီပေးနေတာလဲလို့ တွေးမိကြသလို၊ ဘွဲ့လွန်ကျောင်းသားက လာရောက်ကူညီတာလားဆိုတဲ့သံသယလဲရှိနေပြန်တယ်။
မည်သို့ပင်ဆိုစေကာမူ ချန်းယောလ်မှာသူတို့အတွက်အာရုံရှိမနေပေ။ နေ့လည်စာစားချိန်ကျော်လွန်သွားပြီဖြစ်တာကြောင့် သူ့ရဲ့ ချစ်စဖွယ်လေးအတွက် စားစရာဘယ်လိုစီစဥ္ပေးရမလဲဆိုတာသာခေါင်းထဲရှိနေသည်။
"ကိုယ်15မိနစ်နေရင်လာပြန်ခေါ်မယ်။ ဒီမှာမစောင့်ချင်လဲ နားလို့ရတဲ့တစ်နေရာမှာထိုင်
စောင့်နေ""ဟုတ်"
လူအုပ်ကြီးကြားထဲတန်းစီနေတဲ့ဘတ်ခ်ဟျွန်းကိုမှာစရာရှိတာမှာပြီးတာနဲ့ ခြေတံရှည်တွေအားကိုးကာ ချက်ချင်းပင်ထိုနေရာကပျောက်ကွယ်လို့သွားတယ်။
ကံကောင်းစွာနဲ့ပဲ အရှေ့ကလူတန်းကြီးကတ
ြဖည်းဖြည်းကုန်လွန်သွားတာကြောင့် ဘတ်ခ်ဟျွန်းအလှည့်မြန်မြန်ဆန်ဆန်ပင်ရောက်လို့သွားပြီး ကျောင်းကိစ္စအားလုံးပြီးဆုံးအောင် ဆောင်ရွက်လိုက်နိုင်ပေတယ်။"ကျောင်းဖွင့်ရက်ကျရင်ငါ့ကိုစောင့်ဦးနော်
ဘတ်ခ်ဟျွန်း""အင်းပါ မင်းသာအိပ်မက်ထဲလက်ပစ်ကူးနေတာကနေမြန်မြန်ထလာခဲ့"
"အေးပါဟ။ ဗိုက်ဆာလိုက်တာ တစ်ခုခုသွားစားမလား"
"ငါ့လူကြီးကိုစောင့်ရဦးမယ်"
"ငါမေးပါဦးမယ် မင်းလူကြီးနဲ့အခြေအနေလေး"
"အမ်း အခြေအနေကတော့မဆိုးပါဘူး"
YOU ARE READING
PROJECT B
FanfictionMake your dreams come true either way.Daddy!! I'm comming yo~ Start date 1.12.2021 End date 23.11.2022 Unicode/Zawgyi