တစ်မိုးအောက်တစ်ယောက်[အချပ်ပို]

411 54 11
                                    

ဖြတ်သန်းလာတဲ့အမှတ်တရနေ့ရက်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုကြည့်ရင်း ဘေဘီဟျွန်းဟျွန်းနီးက မျက်မှောင်လေးတွေတဖြည်းဖြည်းစုကြုတ်လာပြီး နှုတ်ခမ်းပိစိလေးကလေးစူတူတူလေးဖြစ်လို့နေတယ်။

ဘာလို့ပုံတိုင်းမှာဟောဒီကဘေဘီဟျွန်းဟျွန်းနီးလေးက ကမ္ဘာ့ချစ်စဖွယ်လေးဖြစ်နေရဲ့သားနဲ့ အံ့ဩနေတဲ့ပုံစံလေးပဲဖြစ်နေရတာလဲ။

ယှဥ္ချထားတဲ့ပုံတွေက အထက်တန်းပြီးဆုံးကြောင်းအခမ်းအနား၊တက္ကသိုလ် အားကစားပွဲတော်၊ တက္ကသိုလ်ကပွဲတော်တွေ နဲ့နောက်ဆုံး ဘွဲ့ယူတဲ့ပုံတွေအထိ ပြူးတူးတူးလေးဖြစ်ပြီး တစ်ဖက်ကလူကိုအံ့ဩတကြီးကြည့်နေတာကြည့်ပါပဲ။

သေချာတာပေါ့ ဘေးကလူကချစ်လှစွာသောကြီးလေ။ သူပဲလူကိုအမြဲအံ့ဩအောင်လုပ်နေတာ။ဟွန့်! မတရားတာကြီးနော်။ဒီကလူကသာ နှလုံးမကောင်းရင်အဲ့နားမှာတင်လန့်ပြီး ဂစ် ပဲ။

သေချာစဥ္းစားကြည့်ရရင်လဲ ဒီလောက်ထိချစ်တက်တဲ့လူရထားတာ အံ့တော့မဩပါဘူး။ ဒီလောက်ကတော့ဖြစ်သင့်ပါတယ်။ ဟောဒီက ချစ်ဖို့ကောင်းတဲ့ဘေဘီဟျွန်းဟျွန်းနီးကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ပါမယ်လေနော်။

တစ်ခါတစ်လေတော့လဲ အံ့ဩသွားအောင်လုပ်ချင်သား။ဘယ်လိုလုပ်ရမလဲ စဥ္းစားစမ်း စဥ္းစားစမ်း။

မျက်စိလေးစုံမှိတ်ပြီး လက်ကလေးပိုက်၊နားထင်လေးကိုလက်ညိုးလေးနဲ့ထောက်ကာ
စဥ္းစားနေတဲ့ဘေဘီဟျွန်းဟျွန်းနီးလေးက အမှန်အကန်ကိုပိုးတုံးလုံးလေးလိုဖြစ်လို့နေတယ်။

ပိုးတုံးလုံးလေးကိုနှောက်ယှက်သွားတာကတော့ သူငယ်ချင်းကြီးရဲ့ဖုန်းကြောင့်ပင်။

"အေး သားလေးပြော"

"မင်းယောကျာ်းအိမ်မှာရှိလား"

"မရှိဘူး။ ဘာလဲ ပိုက်ဆံချေးမလို့လား"

"ငါ့မိဘတွေကငါ့ကိုမွဲတေနေတဲ့အထိပစ်မထားပါဘူးကွ"

"ဒါဆိုဘာလုပ်ဖို့မေးနေတာလဲ"

"ပျော်စရာရှာဖို့လေ။ မင်းယောကျာ်းရှိနေရင် ငါကခေါ်သွားလို့မကောင်းဘူးလေ"

PROJECT BWhere stories live. Discover now