1.အထီးကျန်နက္ခတ်

7 1 0
                                    

  Arc-1 တစ္ဆေပင့်ကူကျွန်း

အပိုင်း (1)// ရန်ကြွေးသို့ဆပ်ခြင်း၊ရာစုနှစ်တစ်ခုစာအပြစ်ကြွေးဖြေခြင်းနှင့်အတူ၊နိုင့်ဟယ်တံတားသို့လှမ်းခိုက် ။ //

မိုးတိမ်သားတို့မှာညိုမှိုင်းအုံ့ဆိုင်းလျက်ရှိပြီး
နေ့အလင်းရောင်ကိုနက်ရှိုင်းစွာဖုံးကွယ်ထားလေသည်။

ယွင်ရှန်းဂိုဏ်း၏ အပြစ်ပေးစီရင်ကွင်းပြင်ကျယ်တွင် မထင်ရှားသောလူရိပ်နှစ်ခုရှိလေသည်။ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦး၏ပုံရိပ်များပင်။

ဘေးပတ်လည်များတွင်တော့ မရေတွက်နိုင်သော သွေးညှီနံ့ပြင်းပြင်းနှင့် အလောင်းများစွာရှိလေသည်၊ထိုအလောင်းများမှာမလွဲနိုင်အောင်ပင် ယွင်ရှန်းဂိုဏ်းမှ ဂိုဏ်းသားများ ပင်ဖြစ်လေသည်။

ထိုခုနစ်ထောင်ချီသောဂိုဏ်းသားများမှာ အနှီအမျိုးသမီး၏ လက်ချက်ဖြင့်သေဆုံးကြရခြင်းဖြစ်သည့်တိုင် သူမမှာမူ ကလေးငယ်တဉီး၏လက်ချက်ဖြင့် သေဆုံးရတော့မည်ဖြစ်ပေသည်။

ထိုကဲ့သို့ပင် ရှုံးနိမ့်ခဲ့ရသည့်တိုင်...

ထိုကဲ့သို့ပင် ဂုဏ်သိက္ခာနိမ့်ပါးရသည့်တိုင်...

ထိုကဲ့သို့ပင် သေဆုံးသွားရသည့်တိုင်...

သူမကျေနပ်နေမိပါသည် ။

အရာအားလုံးဝေဝါးလာခိုက်တွင်တော့ သူမရှေ့မှ အနှီကောင်လေး၏ မျက်ရည်များ ရွှန်းလဲ့၍ မုန်းတီးနေဟန်ပါသည့် မျက်ဝန်းတောက်တောက်များကိုသာမြင်ရလေတော့သည်။လေညင်းတစ်ချက်ဝှေ့အပြီးတွင်တော့ ဤလောကကြီးမှ အပြီးတိုင်ထွက်ခွာသွားလေသည်။

ယမမင်းကပြောတယ် " သင် ရာစုနှစ်တစ်ခုစာအပြစ်ကြွေးချေပါ "တဲ့

ကြမ္မာစာအုပ်ထိန်းသိမ်းသူကပြောတယ်
" ထိုအပြစ်ကမလုံလောက်သေးဘူး"တဲ့
"နောက်ထပ်မွေးဖွားလာမဲ့ဘဝမှာ အဆိုးဝါးဆုံးသော ကံကြမ္မာကို ခံစားစေမယ် "တဲ့

ကြမ္မာချည်တဲ့ ဖူးစာကြိုးနီ Where stories live. Discover now