မနေ့ကလဲ နွေးနဲ့အိပ်ထား၍ထင် သွေးဒီမနက်အစောကြီးနိုးနေသည်။ရင်ခွင်ထဲမြတ်နိုးရာလေးကတော့ အိပ်လို့ကိုတုန်နေတာပဲ နာရီကြည့်တော့ ၆နာရီ။
"အဟင့်မောင်ရေ ရေ...."
ကျစ် !! ဟုတ်သားပဲ အိပ်ခါနီး ရေမတိုက်လိုက်ရဘူး။
"ရပြီနွေး လိမ်မာတယ် ထပြီးသောက်မယ်နော်"
အပျင်းထူလေးက city mart လေးတစ်ခါခေါ်သွားမိပါတယ် ကလေးတွေလို ပိုက်နဲ့ရေဘူးလေး သူ့အတွက်ဝယ်လာတယ်လေ
အိပ်ရင်းရေဆာလဲ ထသောက်စရာမလိုတော့အောင်တဲ့။ဒါပေမဲ့ မောင်ကတော့ မရပါ သီးမှာစိုးလို့တဲ့ အမြဲထသောက်ခိုင်းတယ် နွေးက အိပ်ပြီးတစ်ရေးနိုးရင် ပြန်မအိပ်တတ်တော့
တာမို့ ရေအရမ်းအသောက်များတဲ့နွေးကို အိပ်ခါနီး ညတိုင်းမပျက် ရေတစ်ခွက်တော့တိုက်ရသည်။"အင့် မောင့် မောင့်ကြောင့် နွေးနိုးသွားပြီ"
မောင်ကတော့နွေးဘာပြောပြော နွေးကိုကြည့်ပြီးပြုံးလျက်သာ။
"ဟုတ်တယ်ကွာမောင့်ကြောင့် လာ ပြန်အိပ်မယ်"
မောင့်အသံကိုသေချာနားထောင်ကြည့်မှ မောင့်ရဲ့အိပ်ရာနိုးခါနီးအသံမဟုတ်ဘူးပဲ မောင်နိုးနေတာများလား။
အရင်ညတွေကနွေးရေတောင်းသောက်ရင် မောင်ကတော်ရုံကမနိုးတာကြောင့် မိရာနေရာဆွဲလိမ်ရသေးသည်။အမှန်တော့ရေဘူးကနွေးဘေးမှာပါ လှမ်းယူလိုက်လဲမှီပေမဲ့ မောင်က သူတစ်ယောက်လုံးရှိနေတာမို့ သေးသေးလေးကအစ သူ့ကိုပဲအားကိုးတဲ့
"မောင် အိပ်မပျော်လို့လားဟင်"
"မဟုတ်ပါဘူးနွေးရဲ့ မောင်က တစ်ရက်ကို ၇နာရီလောကျပဲ အိပ်တတ်တော့ ဆက်အိပ်လို့မရတော့ဘူး"
"ကဲ ရစ်စိန် စကားမများနဲ့ မောင့်နားလာ ပြန်အိပ်မယ်"
မောင့်ရင်ခွင်ထဲ ပြန်ဝင်ပြီး မှေးကြည့်တော့လဲ မရ။
"မောင်......"
သိတယ် တစ်ရေးနိုးလို့မှ ယောကျာ်းကိုဒီလိုမရစ်ရင်ဒေါက်တာ နွေးပန်းချီတို့ဘယ်ဟုတ်မလဲ။
YOU ARE READING
ᴛʜᴡᴀʏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.