Part 34 ( Zawgyi )

6.6K 195 2
                                    

အာ့ နာလိုက်တာ

နွေးအိပ်နေရာမှ ခါးတစ်နေရာကဆူးခနဲ နာလာတာကြောင့် ကြည့်လိုက်တော့ မောင်ရဲ့လက်တစ်စုံ။ခေါင်းလဲအရမ်းမူးနေသည်။

"အင့်......"

မောင့်လက်တွေကို အတင်းအားယူကာဖယ်တော့ မောင်ကအိပ်နေဆဲ ၊ နွေးရောက်နေတဲ့အခန်းကိုကြည့်လိုက်တော့။

"ဟင် ! private jet ပေါ်မှာ"

ဘယ်လောက်ထိအိပ်ပျော်သွားသည်မသိ ၊ ခုတော့ ခေါင်းတွေ အရမ်းမူးကာ နေလို့မကောင်း....

နာရီကြည့်တော့ မနက် ၄နာရီ

ထလဲမထနိုင်တာကြောင့် မောင့်ဘက် လှည့်ကာ မောင်အိပ်တာကိုသာ ကြည့်နေမိသည်။

အရင်ကပဲ သေချာ ဂရုစိုက်မကြည့်မိလို့လား။
မောင်က တော်တော်မှ တော်တော်ကို ကြည့်ကောင်းတဲ့ အမျိုးသားထဲပါသည်။

မောင်ရီရင်သိပ်ကိုမြတ်နိုးဖို့ကောင်းတဲ့ ပါးချိုင့်ကြီးတွေပါတာ နွေးကလွဲရင် ဘယ်သူသိမှာလဲ မောင်က တော်ရုံမပြုံးဘူးလေ။

အသားကမဖြူလွန်း မညိုလွန်း ၊ မေးရိုး တွေက အသက်များလား ယောကျာ်းဆန်လိုက်တာ နွေးကျတော့ မပါဘူး။

မောင်က ဆံပင်ဆို အပေါ်သပ်ထားတာများပေမဲ့ အိပ်နေလို့လားမသိ ၊ ဆံပင်အနည်းငယ်က မောင့် နှာဖူးပေါ် ရိပ်ရိပ်လေးကျနေသည်။

မောင်က ပင်ပင်ပန်းပန်းနဲ့ ကိုအိပ်ပျော်နေတာပဲ။
မနေ့ကလဲ တစ်နေကုန်ကားမောင်း နွေးကလဲ ငိုတော့ ချော့ရသေးတာ ၊ နွေး ပင်ပန်းလို့အိပ်ပျော်သွားတာ ဒီအပေါ်တောင် ဘယ်လိုရောက်နေမှန်းတောင်မသိ။

မောင့်နှုတ်ခမ်းတွေက သေချာကြည့်တော့ အရောင်မရှိတာမျိုးမဟုတ် အနီဘက် သန်းနေသလိုလို။

မောင့်ပါးကိုအမြတ်တနိုး ကိုင်မိတော့ ပါးသိုင်းမွှေး များကလည်း နူးညံ့လွန်းတာလဲ မဟုတ် ကြမ်းတမ်းနေတာမျိုးလဲ မဟုတ်။

"ရွှတ်"

နွေးတောင်မသိပဲ မောင့်ဘက်တိုးကာ မောင့်နှုတ်ခမ်းကို နမ်းရှိုက်မိသွားသည်။

အယ် နွေး ဘာလုပ်လိုက်တာလဲ ၊ တော်သေးတယ် မောင်အိပ်နေလို့။

ᴛʜᴡᴀʏDonde viven las historias. Descúbrelo ahora