"မောင် ""မင်းလာပြန်ပြီလားကွာ"
"အကူအညီတောင်းစရာရှိလို့ပါမောင်ရဲ့"
"ထပ်ပက်သက်စရာမရှိတော့တာကို မင်းကိုကူညီပြီးငါကဘာလို့ဇာတ်လမ်းစပေးနေရမှာလဲ မင်းလစ်တော့"
"နေပါဦး ရနံ့ကိုကူညီပါမောင်"
"ပြောပြောကွာ မြန်မြန်ပြော"
"ရနံလေ ရနံအမျိုးသားနဲ့ကွာရှင်းလာတာပါ သူကလျှော်ကြေးတွေလည်းမပေးဘူးအဟင့် ရနံ့မေမေတို့ဆီပြန်ဖို့လမ်းစရိတ်မရှိလို့ပါ"
"မင်းအမျိုးသားဆိုတာက မင်းကျောင်းတက်တုန်းကမင်းရဲ့စပွန်ဆာအဘိုးကြီးလား အဟွန်း ခုတော့စွန့်ပစ်ခံရပြီပေါ့"
"ရနံ့ကိုတော့ကူညီပါမောင်"
"ထပ်လာမပက်သက်နဲ့ဒါဆိုကူညီမယ်"
"ကတိပေးပါတယ်မောင်..."
"မောင်ဆိုတာကိုအရင်ပြင်"
"အင်း အင်းပါ နေသွေးမာန်ရယ် ရနံ့ကတိပေးပါတယ် ထပ်လာမပက်သက်တော့ပါဘူး"
"မတည်ရင်မင်းဘဝစုတ်ပြတ်သတ်သွားအောင်ငါလုပ်နိုင်တယ်ဆိုတာကိုရောသိထား ရော့ သိန်းနှစ်ဆယ် မင်းမိဘတွေဆီပြန်ပြီးကောင်းကောင်းမွန်မွန်အသက်မွေးပါ"
"ကျေးဇူးပါ နေသွေး"
"ရပြီမလား မင်းပြန်တော့"
"......" ရနံထွက်သွားသည်နှင့်မာန်ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ
"ကျစ်" သူတကယ်စိတ်အနှောက်အယှက်ဖြစ်သွားတာအမှန်ပင် ဘယ်လောက်ပင်မုန်းပါတယ်ပြောပြောဒီလိုသတင်းကြားရတာ့သူတကယ်စိတ်မကောင်းပါ
အတိတ်ကာလဆီသို့....
သူနဲ့ရနံဟာစီးပွားရေးတက္ကသိုလ်မှာစတွေ့ကြရာနေစတယ် မေဂျာလည်းတူအခန်းလည်းတူတာမို့အလှဆုံးဖြစ်သည့်Queen (သင်းရနံ့)ကိုသူသဘောကျပြီးဖွင့်ပြောခဲ့သည်
စတွဲတဲ့တစ်လနှစ်လမှာအဆင်ပြေနေပေမယ့် 5လလောက်ကြာတဲ့အချိန်မှာတော့မာန်တကယ်သည်းမခံနိုင်တော့ပါ တောင်းလိုက်တဲ့လက်ဆောင် ရှင်းလိုက်ရတဲ့ငွေတွေ မာန်ဟာအဲ့တုန်းကကျောင်းတက်စမို့အသုံးအဖြုန်းကြီးတဲ့သူလည်းမဟုတ်ပါ သို့ပေမယ့်သင်းရနံ့အတွက်သာသူသုံးဖြုန်းနေမိသည်
YOU ARE READING
ကိုကိုလူဆိုး (Complete)
Romancewarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့