ဒီနေ့မနက်မှာတော့ချစ်ခြင်းနဲ့မာန်မြူးငယ်အိမ်ကိုသွားကြသည် မသွားခင်လဲမာန်ကသစ်သီးတွေမုန့်တွေနဲ့ဝယ်သွားလေရဲ့ မြူးငယ်အိမ်ကိုရောက်တော့ကားပေါ်တီအောက်ကားထိုးရပ်လိုက်ကာ သူကိုယ်တိုင်အထုပ်တွေဆွဲပြီးချစ်ခြင်းကိုလက်တွဲခိုင်းကာအိမ်ထဲသို့ဝင်ခဲ့ကြသည်"ဟော သားမာန်လာပြီလား ဒါနဲ့သူလေးက"
မာန်ဘေးနားကကောင်မလေးကလှသည်ထက်ယဉ်ကာဆံပင်ရှည်လေးတွေကိုဖြန့်ချထားပြီးဖဲကြိုးကလစ်လေးနဲ့ပန်ထားတာကြောင့်ကျက်သရေရှိလှသည် ခန္ဓာကိုယ်အချိုးအစားလည်းပြောစရာမလိုအောင်ပင်လှသည်
"အော် ကြၽန္ေတာ့်ချစ်သူပါဗျ သူ႕နာမည္က ချစ်ခြင်းသဒ္ဒါပါ ချစ်ခြင်း ဒီကအန်တီကမြူးငယ်ရဲ့မေမေလေ နာမည်ကဒေါ်မူယာငယ်တဲ့"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်အန်တီ"
"အေကွယ် တွေ့ရတာဝမ်းသာပါတယ်"
မချိုမချဉ်အပြုံးလေးနှင့်ဒေါ်မူယာပြုံးကာနှုတ်ဆက်လိုက်ပြီး
"သမီးလေးဆီလာကြတာမလား သွားသွားအပေယ်ထပ်မှာဒီနေ့သမီးကဆေးချိတ်ထားရတယ်"
"ဘာဖြစ်လို့လဲအန်တီ"
"သွေးအားနည်းတယ်ပြောတာပဲသားရယ် မင်းပဲသွားပြီးပြောပေးပါဦးအာ့ကလေးမကသိပ်ခေါင်းမာတာလေ"
ချစ်ခြင်းကြားရတာတေယ့အဆင်မပြေလှပါ အဲ့ကိစ္စကိုနောင်နောင်ဆီအပ်လို့ရရဲ့သားနဲ့ဘာလို့ကိုကို့ကိုလဲ
စဥ်းစားခန်းဝင်နေတဲ့ချစ်ုခင်းကိုကြည့်ကာဒေါ်မူယာငယ်မဲ့ပြုံးပြုံးလိုက်ပြီး
"ဟုတ် အန်တီကျွန်တော်ပြောလိုက်ပါ့မယ်"
အပေါ်ကိုတက်လာကြရင်းလမ်းတဝက်ရောက်တော့ချစ်ခြင်းက
"ကိုကို "
"ပြောလေကလေး"
"ကိုကို မြူးငယ်ကိုနေ့တိုင်းလာကြည့်နေသလား"
မသိချင်ယောင်ဆောင်မေးတာဟာ ကိုကိုအမှန်အတိုင်းဖြေတာကိုချစ်ခြင်းလိုချင်လို့ပါ
"မဟုတ်ပါဘူးကလေးရဲ့ ဘာလဲခုနကဒေါ်မူယာပြောသွားတဲ့စကားကြောင့်လား"
ŞİMDİ OKUDUĞUN
ကိုကိုလူဆိုး (Complete)
Romantizmwarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့