Zawgyi+Unicode
အေးချမ်းတဲ့မနက်ခင်းရဲ့အစပြု ချိန်မှာ စိတ်ကြည်ကြည်နဲ့နိုးထရတဲ့ အရသာဟာ ဘယ်အရာနဲ့မှ လဲလို့မရပါ။ အမှန်အတိုင်းဝန်ခံရရင် ဒီနေ့မှပိုပြီးစိတ်ကြည်နေတာပါ။ဆယ်တန်းကျောင်းသူဖြစ်တဲ့ငယ့်အတွက် အားလပ်တဲ့အချိန်ဆိုတာ တော်တော်လေးကိုနည်းပါတယ်။ ဒီကနေ့ရဲ့သတင်းကောင်းဆိုတာကတော့ ငယ်လေး သဘောကျရတဲ့ ဘေးအိမ်က မကြီးက
အိမ်ကိုလာလည်မယ်လို့သတင်းအတိအအကျကိုရထားလို့ပါ
ညီအစ်မနှစ်ယောက်ထဲကိုမှ မမကို ပိုပြီးရင်းနှီးတဲ့ မကြီးကို
သိပ်သဘောမတွေ့လှပေမဲ့ တစ်ခါတစ်လေတော့လည်းကိုယ်နဲ့ ပိုပြီးရင်းနှီးစေချင်တဲ့ အတ္တလေးတော့ ငယ့်ရင်ထဲမွေးမြူ
ထားသည်။
မကြိီးလာရင်"ကလေးမလေးရဲ့မမကော"လို့
မမကိုအရင်မေးမယ့် မေးခွန်းတွေကိုလည်းဖြေပေးမယ်။ မမကို အရောတဝင် စကားပြောနေတဲ့မကြိီးရဲ့စကားသံတွေကိုလည်းနားထောင်မယ်။ စာသေချာလုပ်နော်ဆိုတဲ့ ကိုယ့်ဆီရည်ညွှန်း တဲ့ ဆုံးမစကားလေးတွေကိုလည်း နာခံမယ်။ချစ်နေတာကိုတော့ တိတ်တိတ်လေးဘဲသိမ်းထားမှာပေါ့။ သိသွားခဲ့ရင်
ခင်မင်ခွင့်တောင်မရဘဲ နှလုံးသားလေးကိုပိတ်သိမ်းလိုက်ရမှာ
ငယ်အရမ်းကြောက်ပါတယ်။............
"ဆည်းလည်းငယ်ရေ မိငယ်"
တံခါးသံပြင်းပြင်းခေါက်သံနဲ့အတူ မမရဲ့အော်သံက ငယ့်အတွေးတွေကို ဖျက်လိုဖျက်ဆီးလုပ်သွားပါတယ်
"လာပြီ မမရေ အသံကလည်းပြဲလန်နေတာဘဲ"
ငယ့်ရဲ့ညည်းညူ သံနဲ့အတူ တံခါးဖွင့်လိုက်တော့
"ငါ့အသံက ပုံမှန်ပါဘဲ။ငါက နင်အိပ်နေသေးတယ်ထင်လို့
ဒီနေ့နင် မနက်ပိုင်း ကျူရှင်မှာ အချိန်ပိုမရှိဘူးမလား။""အင်းလေ ဘာလို့လဲ"
ဘာလုပ်ဥိီးမလို့လဲဆိုတဲ့အကြည့်နဲ့ မမကို ကြည့်ပြီးမေးလိုက်တာ
"ဘာမှမဟုတ်ဘူး အောက်မှာ မကြီးရောက်နေတယ်"
"တကယ် လာတောင်လာနေပြီလား"