Zawgyi &Unicode
ဝါကျင့်ကျင့်မီးရောင်များအကြား jazz musicနှင့်အညီ
ငြိမ့်ငြိမ်လေး ခံစားပြိီး ပျော်မွေ့ နေကြသည့် လူအုပ်ကိုကြည့်ရင်း ကိုယ်ပါ စီးမြောချင်လာသည့် ခံစားချက်က သိပ်ကို ကောင်းသည်။ ဝေ့ယမ်းကြည့် ရင်း ဝင်ပေါက်အရောက် သူမ၏ ကိုယ်ပိုင်ပုံစံအတိုင်း တီရှပ်လက်ရှည်ကို တံတောင်ဆစ်နားထိ
လိပ်တင်ထားပြီး pant အရှည်အမည်းကို ဝတ်ဆင်ထားပြီး
ဆံပင်ဂုတ်ထောက် နှာတံမြင့်မြင့် မျက်ခုံးထူထူ ဆေးမကူ
နှုတ်ခမ်းဟာ အရင်တုန်းက လိုဘဲ စွဲမက်ဖွယ်ကောင်းနေသေးသည်။" ဘာတွေအတွေးလွန်နေတာလဲ ခွန်းမေ ငါလာတာတောင်မသိရအောင်"
ကိုယ့်ဘာသာကို တွေးနေရင်း ရောက်လာသူကြောင့် ခဏတော့ လန့်သွားပေမဲ့
"နင့် အကြောင်းတွေးနေတာ ဟေသာ"
ဟေသာ မျက်လုံးကိုထောင့်ကပ်ကြည့်တော့
"ငါတို့ရဲ့ အငယ်လေးက ကလေးဆန်လိုက်တာ ဟဟ"
ခွန်းမေ အသည်းယားစွာ ပါးလေးကို ဆွဲညစ်လိုက်မိတော့
နဖူးပေါ်သို့တွန်းတိုက်လာသည့် လက်ညိုးတစ်ချောင်း"ခွန်းမေ နင်ဟာလေ တည်တည်ငြိမ်ငြိမ်ကို နေမယ်မရှိဘူး
ကျောင်းတုန်းကလိုဘဲ ကဲ ပြော ခေါ်လိုက်ရတဲ့ အကြောင်းအရင်း""အကြောင်းအရင်းကတော့ ငါ့ဘေးကတစ်ယောက်ကိုသာကြည့်လိုက်တော့"
တစ်ချိန်လုံး ကွယ်ထားရာကနေ ကြည့်လိုက်တော့ စားပွဲပေါ်ကို ပါးအပ်ကာ အရှိန်လွန်နေတဲ့
"ဝေ"
ထိုင်နေတဲ့ ခုံပေါ်ကဆင်းပြီး ချက်ချင်းသူမ(ဝေ)အနား ကပပ်သွားလိုက်ရင်း"ခွန်းမေ ဝေကဘယ်လိုလုပ်ပြီး ဒီလောက်ထိသောက်ထားရတာလဲ ဝေရေ ဝေ ဝေ"
တဝေတည်း ဝေနေသည့်ဟေသာမကို မြင်ပြင်းကပ်လာသည်
"မသိဘူးဟေ့ ငါညနေ ဆိုင်ဖွင့်တည်းက လာမော့နေတာ
မေးလည်း ဘာမှမပြောဘူး။ ခဏနေတော့ ဟေသာ့ကိုခေါ်ပေးဆိုပြီးမှောက်သွားတာဘဲ""ဝေရေ ဝေ ငါလာပြီလေ အိမ်ပြန်ရအောင်"
ဟေသာ သူမရဲ့ပုခုံးကို ခပ်ဖြေးဖြေးလှုပ်ရင်း ကြားနိုင်သလေလာက် ပြောနေသည်။ ဝေက အရင်တည်းက အရက်ဆို
လက်နဲ့တို့တဲ့သူမှမဟုတ်တာ။ဘာကိစ္စကြောင့် ဒီလောက်ထိ