ep2

50 7 2
                                    

Zawgyi +Unicode

နင်းလာရင်းနဲ့ ငယ်တို့အိမ်ရှေ့အရောက် စက်ဘီးလေးကလည်းရပ်သွားတယ်။ ငယ့်အိမ်တံခါးသော့ခပ်ထားတာမြင်တော့မကြီးက

" အန်တီငယ်သွေး ပြန်မလာသေးဘူးထင်တယ် အရေးကြိီးကိစ္စဆိုပြီးထွက်သွားတာ ပြန်လာလောက်ပြီထင်နေတာ"

မကြီးရဲ့ စကားသံကြောင့် ငယ့်မှာ တော်တော်လေးစိတ်ညစ်သွားရသည်။ ဒီနေ့ကျူရှင်မှာ စာမေးမှာ ကျက်စာတွေက ဒီလောက်မဟုတ်ပေမဲ့ ရူပဗေဒ ပုဒ်စာတွေမှာ ငယ်သိပ်မရတာလေးရှိလို့ စာပြန်ကြည့်ရပါမယ်ဆို။

"ဟင်းးး အဲ့တာဆို ဘယ်လိုလုပ်မလဲ ငယ်လေး စာလဲမရသေးဘူး ဗိုက်ကလည်းဆာနေပြီ ဘယ်လိုလုပ်မလဲမကြီး"

မကြိီးကို အပူကပ်လိုက်မိသည်။ ငယ်ပြောတော့ မကြီးက သေချာစဉ်းစားပြီး

"ဒီလိုလုပ် မကြီးအိမ်မှာတော့ ထမင်းနဲ့လက်ဖက် သုပ်စားမယ်
ဆိုပြီး ဝယ်ထားတာတော့ရှိတယ် အိမ်လိုက်ခဲ့လေ"

ငယ်လည်း ကြံရာမရဖြစ်​နေတော့ ခေါင်းညိတ်လိုက်မိတယ်

မကြီးက သူ့စက်ဘီးလေးကို ခြံထဲသွင်းပြီး အိမ်သော့ကို ဘောင်းဘီအိတ်ကပ်ထဲက နှိုက်ပြီး ဖွင့်လိုက်တယ်။ အမှန်တိုင်းပြောရရင် မကြီးအိမ်ကို ပထမဆုံးရောက်ခြင်းဖြစိတယ်။ မမကတော့ မကြီးအိမ်ကိုခဏခဏ သွားလည်ဖြစ်ပေမဲ့ ငယ်ကတော့
စာတွေကိုအကြောင်းပြုပြီး သွားမလည်ဖြစ်ပါ။

မကြီးက နဂိုကတည်းက သပ်သပ်ရပ်ရပ်နေတတ်တဲ့သူမို့
မြင်ရတာတော့တော်တော်လေးရိုးရှင်းတယ်။

"ငယ်လေး အကျီ င်္လဲချင်လား"

"ဒါမဲ့ ငယ့်အကျီ င်္မှ ဒီမှာမရှိတာ"

ငယ်က ညူ စူစွာပြောတော့ မကြိီးက ခပ်ပါးပါးရယ်ရင်း

"ဘာလို့မရှိရမှာလည်း ငယ်လေးရယ် အခန်းထဲက ဗီရိုထဲမှာ
ငယ်လေးအကျီ င်္တွေရှိတယ် အရင် နှစ်ကဟာဆိုတော့ ငယ်လေးနဲ့တော်လောက်တယ် လာ"

မကြီး၏အပြောကို ငယ်လေးနားမလည်နိုင်ပါ။ဘာကြောင့်ငယ်လေး အကျီ င်္တွေကမကြိီး ဆီမှာရှိနေရတာလဲ။အရင်နှစ်က
အကျီ င်္တွေကိုမေမေက မိဘမဲ့ဂေဟာကို လှူထားတယ်လို့ပြောထားတာလေ။

မျှော်တော်ယောင်           မျှော်တော်ယောင် Where stories live. Discover now