အပိုင်း ( ၃၃ )
လွန်းကို မငယ် ကိုယ်တိုင် သူ၏သူငယ်ချင်း ဆရာဝန်ဆီကို
ခေါ်သွားသည်။" လွန်းလွန်း ခဏစောင့်နော်၊ မငယ် ကြိုပြီး Booking ယူထားတယ် "
" ဟုတ် မမငယ် "
လွန်း ခေါင်းလေး ငုံ့ကာ လက်နှစ်ဖက်ကို ပွတ်တိုက်နေသည်။
ပွတ်တိုက်လွန်း၍ လွန်း လက်ဖျားထိပ်လေးတွေပင် နီရဲနေသည်။ဖြူစင်းညို ပွတ်တိုက်လွန်း၍ လက်ဖျားထိပ်လေးများ နီရဲနေသည့်လွန်းလက်ကို ဖျစ်ညှစ်ကာ အားပေးလိုက်သည်။
လွန်း သူ့လက်ကို ဖျစ်ညှစ်အားပေးသည့် မငယ်ကို
ကြည့်လိုက်တော့ ဘာမှမကြောက်နဲ့ မငယ် တစ်ယောက်လုံး ရှိတယ်ဟူသော အကြည့်နှင့် ကြည့်နေသည်။" ပြီးပြည့်စုံလွန်း "
သိပ်မကြာခင် သူနာပြုမလေး၏ နာမည်ခေါ်သံကြောင့် လွန်းနဲ့မငယ် ဒေါက်တာအခန်းထဲသို့ ဝင်သွားသည်။
စားပွဲခုံပေါ် လက်တင်ကာ ကြည့်နေသည့်ဒေါက်တာကို ဖြူစင်းညို တစ်ချက်ကြည့်၍ ခုံမှာ ဝင်ထိုင်လိုက်သည်။
" ငါက ဘယ်သူများလဲလို့ နင်ကိုး "
" စကားမရှည်စမ်းနဲ့ ခန့်နောင်၊ ငါ့မောင် နေမကောင်းလို့ ဆေးလာစစ်တာ "
ဖြူစင်းညို စကားတွေ များနေသည့်သူငယ်ချင်းဒေါက်တာကို
ပိတ်ဆူကာ ပြောသည်။ နောက်မှာလည်း လူနာတွေ ရှိသေးသည်။ သူတို့ကြောင့် ဘယ်သူ့ကိုမှ အချိန်မကြန့်ကြာစေချင်ပါ။" အင်း နင့်မောင်က အဏ္ဏဝါ မဟုတ်ဘူးလား၊ ဘယ်ကမောင်လဲ သူက... "
" ခန့်နောင် "
" အေးပါ အေးပါ မမေးတော့ပါဘူး၊ လူနာလာပြတဲ့သူကို ဒေါက်တာက ပြန်ပြီး ကြောက်နေရတယ် "
ပြောမနာ ဆိုမနာ သူငယ်ချင် ခန့်နောင်၏ ပွစိပွစိ ပြောသံအဆုံး လွန်း စမ်းသပ်ရန် ခုတင်ပေါ် တက်လဲလိုက်သည်။
" မိညို နင့်မောင်ကို စမ်းသပ်ခန်း မှားပြတာတော့ မဟုတ်ပါဘူးနော် "
ဖြူစင်းညို ခန့်နောင် စကားကြောင့် နဖူးပြင်က အနည်းငယ် တွန့်သွားသည်။ လွန်း ဘာဖြစ်လဲ သေချာ သိချင်လို့ အထွေထွေ
ပါရဂူဖြစ်သည့်သူငယ်ချင်းဆီ ခေါ်လာတာကို မှားလာပြတာလားတဲ့။
YOU ARE READING
Romanceလင်းအဏ္ဏဝါညို ××× ပြီးပြည့်စုံလွန်း Original plots (မူရင်း ရေးသားသူ) - Nay Zar Linn (အငယ် )ကို အပြည့်အဝ credit ပေးပါတယ်ရှင့် မူရင်း plots ရေးသားသူ၏ ခွင့်ပြုချက်ဖြင့် ရေးသားသည်။ ________________________________________ လင်းအဏ္ဏဝါညို ××× ပြီးပြည့်စုံလွ...