Part - 9

1.6K 96 2
                                    

အင်္ဂလိပ်ဆရာမ ဒေါ်စံပယ်ဦးသည်လည်း တစ်နေကုန် စာသင်အပြီးကျောင်းဆင်းသောအချိန်၊ ဆိုင်ကယ်ထုတ်နေချိန် မိမိဘေးမှ ရယ်မောစကားပြောကာ ဖြတ်သန်းသွားလေသော ကျောင်းသူလေးတစ်ချို့ကို မြင်မိလိုက်သောအခါ၌ နေ့လည်က မျက်နှာချိုသော ကလေးမလေးကို ပြန်မြင်ယောင်မိနေပေသပေ။
'အို ငါဘယ်လိုတွေ ဖြစ်နေပါလိမ့် ဒီကလေးမလေးကို ဘယ့်နှယ့်မြင်ယောင်မိနေရတာလဲ ခင့်ရဲ့အချစ်ဆုံးကလေးဆိုလို့ ငါစွဲသွားတာနေမယ် ခင် ခင် ခင် တော်တော်စိတ်ရှုပ်မှုပေးတဲ့မိန်းမ ဟွန်း ငါလည်း ငါ့အချစ်ဆုံးသမီးလေးတစ်ယောက်ရရင် ခင့်ကိုပြန်ကြွားပစ်မယ် ဟွန်း'
တစ်ချိန်တွင် ခင့်ကိုပြန်ကြွားရမည့် ကျွန်မအချစ်ဆုံးသမီးလေးတစ်ဖြစ်လဲ ကျွန်မအချစ်ရဆုံးသော လူသားလေးဖြစ်လာမည့်သူလေးသည် ခုကို ကျွန်မအတွေးထဲတွင် ဝင်ရောက်နေထိုင်နေသည့် ကလေးမလေးပဲဖြစ်လာမည်ကိုတော့ ကျွန်မ ကြိုတင်သိမထားခဲ့နိုင်ပါလေ........
ကျောင်းမှ ဆိုင်ကယ်မောင်းပြီး အိမ်ပြန်အရောက်တွင် ကျွန်မလည်း ဆိုင်ကယ်ရပ်ပြီးသည် နှင့် အိမ်ထဲသို့ မောမောနှင့်ဝင်ကာရေအရင်သောက်လိုက်ရသည်။ ကျောင်းမှ ၄နာရီထိုး ထွက်လာသည်ဖြစ်၍ အိမ်သို့ ၄ နာရီ ၂၀မိနစ်တွင် ပြန်ရောက်ခဲ့ရလေသည်။ ဆိုင်ကယ်ထဲမှ ကျောင်းခြင်းတောင်းနှင့် ပိုက်ဆံအိတ်၊ ပစ္စည်းပစ္စယများကိုတော့ ကျွန်မ မောင်လေးနှင့် ညီမလေးက အိမ်ထဲသို့ယူပေးခဲ့ကြလေသည်။
ကျွန်မသည် အိမ်ရှိမောင်နှမ ၃ယောက်တွင် အကြီးဆုံးဖြစ်သော်ငြားလည်း တစ်အိမ်လုံးရဲ့ အလိုလိုက်ခံ အချစ်ခံ ဦးစားပေးခံရသော သူတစ်ယောက်ဖြစ်သည်နှင့်အညီ အိမ်အပေါ်တွင် ဆိုးနွဲ့ ဗိုလ်ကျစမြဲပင် ဖြစ်ပေသည်။ ကျွန်မတို့မောင်နှမ ၃ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ၂နှစ်စီမျှသာ ကွာခြားသော်လည်း ကျွန်မကို အငယ်နှစ်ယောက်သည် ရိုသေလေးစားကြောက်ကြပေသည်။ အစကတည်းက မျက်နှာတည်တတ်သော ကျွန်မသည် ကျောင်းဆရာမ ဖြစ်သွားသည့်အခါ ပို၍အနေတည် အိန္ဒြေသိက္ခာရှိစွာနေတတ်ထိုင်တတ် စောင့်ထိန်းတတ်သောကြောင့် အိမ်က အငယ်များနှင့် မောင်နှမဝမ်းကွဲအကုန်လုံးက ကျွန်မကို ချစ်ကြောက်ရိုသေကြပေသည်။ ကျွန်မတို့အိမ်သည် နေနိုင်စားနိုင် သုံးနိုင် ဖြုန်းနိုင်သော မိသားစုထဲတွင် ပါဝင်သောကြောင့် ကျွန်မ ငယ်စဥ်တည်းကပင် မပူမပင်မကြောင့်မကျနေခဲ့ရပေသည်။ ယခု ကျွန်မအသက် ၄၃ နှစ်အရွယ် အပျိုကြီးဖြစ်သည်အထိပင် ကျွန်မအတွက် လိုတာမရသည်က ရှားပေသည်။ ဖေဖေ မေမေ ညီမလေးနှင့် မောင်လေးသည် လိုလေသေးမရှိ ဖြည့်ဆည်းပေး ထားပေးခဲ့သည်။ ဖေဖေသည် လွန်ခဲ့သော ၃နှစ် ကျွန်မ အသက် ၄၀ပြည့်နှစ်တွင် ဆုံးပါးခဲ့သည်။ ကျွန်မ ကျောင်းဆရာမအဖြစ် ပျော်ရွှင်စွာလုပ်ငန်းခွင်ဝင်ခဲ့သည်များကိုလည်း မြင်ကာဂုဏ်ယူသွားခဲ့ရှာပေသေးသည်။ သို့ပေတည်း ဖေဖေမရှိတော့သော်လည်းပဲ မေမေသည် ကျွန်မတို့မောင်နှမ ၃ယောက်ကို အရွယ်များရောက်နေခဲ့ကြသည့်တိုင် ပိုဂရုစိုက်ပေးခဲ့သည်။
ထို့အပြင် မေမေသည် သူ့သမီး ကျွန်မက ကျောင်းဆရာမတစ်ယောက်ဖြစ်သည်ကို ဂုဏ်ယူစွာဖြင့်ပင် မေမေကိုယ်တိုင် ကျောင်းကို စာလိုက်သင်မပေးရုံတမယ် ကျောင်းသွားတော့မည်ဆိုလျှင် ကျောင်းခြင်းတောင်းထဲတွင် ထမင်းချိုင့် ရေဘူး ကော်ဖီဘူး မုန့်ဘူး စာအုပ်ထုပ်ကအစ အကုန်ထည့်ပေးလေ့ရှိပြီးဆိုင်ကယ်ခြင်းတွင် ထည့်ပေး၊ ချိတ်ပေးပြီး ကျောင်းသွားမည့်အရပ်သို့ပါ အမြဲဆိုင်ကယ် လှည့်ပေးထားတတ်လေ့ရှိသည်။ မောင်လေးက ဆိုင်ကယ်နှင့်ပတ်သက်တာ မှန်သမျှ အကုန် ကြည့်ရှုစစ်ဆေးလေ့လာပေးကာ ညီမလေးက ထမင်း ဟင်း ချက်ပြုတ်ပေးခဲ့ခြင်းနှင့်အတူ မေမေ့ရဲ့ဂရုစိုက်မှု အပြည့်တို့ဖြင့်ကျွန်မဝါသနာ သိပ်ထုံသော ကျောင်းဆရာမအလုပ်တွင် ပျော်ရွှင်တက်ကြွစွာ လုပ်ဆောင်နေခဲ့ရပါသည်။ အိမ်တွင် ဖေဖေ နှင့် မေမေချစ်လို့ မွေးစားထားသော တူမလေးတစ်ယောက်ကဲ့သို့ ချစ်ခင်ရသော အိမ်နီးချင်းကလေးမလေး တစ်ယောက်လည်း ရှိသေးသည်။ ကျွန်မတို့အိမ်သည် နှစ်ထပ်တိုက်ဖြစ်၍ ကျယ်လည်းကျယ်ဝန်း သောကြောင့် မိန်းကလေးအဆောင်ဖွင့်ထားခဲ့ပါသေးသည်။ အပေါ်ထပ်တွင် အဆောင်သူမိန်းကလေးများနေထိုင်ပြီး အောက်ထပ်တွင် ကျွန်မတို့မိသားစု နေထိုင်ခဲ့သည်။ ကျွန်မ ဘဝတစ်လျှောက်လုံးတွင် ရင်ခုန်ရသည့်ကိစ္စများ အချစ်ရေးအချစ်ရာ ကိစ္စများကိုလည်း ကျွန်မနားမလည်တတ်ခဲ့ပါ မသိခဲ့ပါ ကျွန်မကျောင်းတက်စဥ်တုန်းကလည်း စာကိုသာ ကြိုးစားသင်ယူလေ့လာခဲ့ပြီး ဖြစ်ချင်ခဲ့သော ကျောင်းဆရာမအလုပ်ကို လုပ်ကိုင်နိုင်ဖို့ရန်သာ ကြိုးစားခဲ့ရသည်။ ကျောင်းဆရာမဖြစ်ချိန်တွင်လည်း ကလေးတွေကို စာသင်ကြားပေးခြင်းမှလွဲပြီး ကျန်သည့်အရာများကို စိတ်မဝင်စား နားမလည်မသိခဲ့ပါ ကျွန်မငယ်စဥ်တည်းမှစပြီး ယခုအရွယ်ထိ ချစ်ကြိုက်ရသူလည်း မရှိခဲ့ဖူးသေးပါ။ ထိုသို့ အရာရာ ပြီးပြည့်စုံပျော်ရွှင်စွာ နေထိုင်ခဲ့ရပြီး ရင်ခုန်မှု စွဲလမ်းမှုဆိုသည်ကို မသိရှိ နားမလည်ခဲ့ပါသော ကျွန်မဆိုသည့် ဒေါ်စံပယ်ဦးသည် ဒီနေ့တွေ့ရှိခဲ့ရသည့် ခင့်ရဲ့အချစ်ဆုံးကလေးမလေးကိုတော့ အာရုံထဲ စွဲထင်၍ ကလေးမလေးအကြည့်တို့ပေါ်၌ ကျွန်မကိုယ်တိုင်တောင် မသိလိုက်မသိဘာသာဖြင့် စိတ်အနည်းငယ်လှုပ်ရှားနေခဲ့မိသည်။ခင့်လိုပင် ကလေးမလေးနဲ့ ကျွန်မ ရင်းနှီးချင်မိသည့်စိတ်လေး ဖြစ်ပေါ်နေသေးပြန်သည်။ ကျွန်မသ် များစွာသော တပည့်ပေါင်းသောင်းခြောက် ထောင်ကို စာသင်ကြားလာခဲ့၊ ရင်းနှီးခင်မင်လာခဲ့ရပေမယ့် ကျွန်မဘက်မှ မသိမရင်းနှီးသေးသော ကလေးတစ်ယောက်အပေါ်တွင် ရင်းနှီးခင်မင်ချင်နေသည့် သည်လိုခံစားမှုတစ်မျိုးကိုတော့ ဒီကလေးမလေးနဲ့မှပင် ဖြစ်ဖူးပေသည်။ သို့ပေတည်း ကျွန်မဧ။်မာန၊ သိက္ခာနှင့် စည်းတွေက ခွင့်မပြုခဲ့ပါချေ။ ကျွန်မရေသောက်နေစဥ်တွင် ညီမလေးမှ
"မမ ဒီနှစ် သင်ရတဲ့အခန်းတွေရဲ့ ကလေးတွေက အဆင်ပြေရဲ့လား ပြောရဆိုရတာရော ကောင်းရဲ့လား ငါ့အစ်မကြည့်ရတာလည်း ရင်မောလာရသလိုပဲ အဲ့ဒါကြောင့်မေးကြည့်တာ"
"အင်း အဆင်ပြေပါတယ် ဒီနှစ်တော့ ငါက ဘာသာပြနှစ်ဆိုတော့ တာဝန်ယူရ သက်သာပြီး တာဝန်ပေါ့တာပေါ့ ထုံးစံတိုင်း ငါ့မျက်နှာထားကြောင့် ကလေးတွေက ကြောက်ကြတာပေါ့ဟယ် ဟားဟား"
"ဟုတ်မှာ ငါ့အစ်မ မျက်နှာထားကို တို့တွေတောင် ‌ကြောက်ရတယ်ဆိုတော့ ကလေးတွေဆို ပိုဆိုးမပေါ့"
"ဒါနဲ့ မေမေရော ဘာတွေလုပ်နေလဲ ငါပြန်ရောက်တည်းက မေမေကို မတွေ့သေးဘူး"
"မေမေက ဘုရားရှိခိုးနေတယ် မမ ခုနတည်းက မမပြန်မလာသေးဘူးနော် လို့ မေမေက ပြောနေသေးတယ် ပြီးမှ ဘုရားခန်းဝင်သွားပြီး ဘုရားရှိခိုးတာ မမရေ"
"အော်အေးပါ ဝါဝါရေ အစ်မ အဲ့ဒါဆို ရေချိုးလိုက်ဦးမယ်နော် မေမေ ဘုရားရှိခိုးပြီးထွက်လာရင် ပြောလိုက် ဦး အစ်မ ရေချိုးခန်းဝင်သွားတယ်လို့နော်"
"အင်းပါ ဟုတ်ပါပြီ မမ"
ရေချိုးဖို့ရန်အတွက် အဝတ်အစားများချွတ်ကာ ထမိန်ရင်လျားပြီး ရေချိုးခန်းထဲအဝင်တွင် စံပယ်ထပ်စဥ်းစားမိပြန်သေးပါသည်။ စံပယ့်မျက်နှာထားတည်တာကြောင့် ကလေးများက ကြောက်မှာအသေအချာပဲဟု ညီမလေးကပြောသောအခါ စံပယ်အတန်းဝင် စာသင်နေချိန်တွင် ဟိုကလေးမလေး အင်း နွေဦးပိုင် ထိုကလေးမလေးမျက်နှာလေး ကြောက်နေခဲ့ရှာသည်လား စံပယ့်ကို သေချာမကြည့်ပဲ စာကိုသာကုန်းကြည့်ပြီး တစ်ချက်တစ်ချက် စံပယ့်ကို ခိုးကြည့်နေသည့် ကလေးမလေးရဲ့ မျက်ဝန်းတွေကို မြင်ယောင်လာမိပေသည်။ စံပယ် အလိုလိုပြုံးမိသွားသည်။ ကြည့် စံပယ်ဖြင့် သူမလေးကို ဆူတောင်မဆူဖူးသေးပဲ သူမလေးက စံပယ့်ကို ကြောက်နေရှာပေသည်။ ကြောက်သည့်ကြားကပင် ခိုးကြည့်နေပြန်သေးသည်။ သူမလေးရဲ့ အကြည့်လေးတွေကို စံပယ်သဘောကျမိသည်။ သူမအပြုံးလေးများကို စံပယ်ချစ်မိသည်။ ချိုသာလွန်းနေသောကြောင့်လည်း ဖြစ်ပေသည်။ ခင်ပြောသလိုပဲ သူမလေးက လူကိုပါ ချစ်နေအောင်အပိုင်သိမ်းတတ်တဲ့ သူလေးပဲလို့ စံပယ်တွေးကာ ရယ်မိပြန်သေးသည်။ အင်းးး နွေဦးပိုင် ဟုတ်သည် ထိုကလေးမလေးနာမည်ကို စံပယ် မှတ်မိနေခဲ့ချေသည်။ ခင်မိတ်ဆက်ပေးတည်းက စံပယ့်ရင်ထဲ နွေးပြီး ပိုင်ဆိုင်ခံလိုက်ရသလို ခံစားလိုက်ရတဲ့ နာမည်လေး........
စံပယ့်ရင်ထဲတွင်လည်း နောက်နေ့များတွင် နွေဦးပိုင်ဆိုသည့် ကလေးမလေး ရှိသည့် အတန်းကို စာသင်ကြားရန် ဝင်ချင်စိတ် တဖွားဖွားဖြစ်နေခဲ့ပါသည်။ ဘာကြောင့်လဲဆိုတာတော့ စံပယ်လည်း မတွေးတတ်ခဲ့ပါ။ သေချာသည်ကတော့ စံပယ်ကိုယ်တိုင်ကတော့ သူမလေးကို သွားပြီး ရောနှောခင်မင်ပေါင်းဖြစ်မှာတော့ မဟုတ်ပေ။ သူမလေးကို မြင်လိုက်ရလျှင် သူမလေးရဲ့ အပြုံးလေးတွေကို မြင်လိုက်ရလျှင် စံပယ့် ရင်ထဲတွင် ဘယ်တပည့်ကလေးတစ်ယောက်အပေါ်မှာမှ မဖြစ်ဖူးတဲ့ စိတ်ချမ်းသာမှုတွေဖြစ်နေရသလိုခံစားမှုဖြစ်နေသည်ကိုတော့ စံပယ်ညာမရခဲ့ပါပေ.........
ခင့်ရဲ့ အချစ်ဆုံးကလေးဆိုသောကြောင့် စံပယ် အာရုံရသွားတာနေမယ် ခင့်ကိုခင်သောကြောင့်သာ
ခုလိုတွေးမိတာတွေဖြစ်တာနေမယ်ဟု စံပယ့်ခံစားမှု အတွေးများကို ခင့်ကြောင့်ဟုသာ ခေါင်းစဥ်လွှဲပြီး အတွေးစကို ဖြတ်ပစ်ခဲ့မိလေသည်။
အပျိုကြီးတို့ဧ၊။် ရင်ခုန်သံအစဆိုသည်ကို ဒေါ်စံပယ်ဦး နားမလည်လိုက်ပါပဲနှင့် ခံစားရမှုများအား.........

နောက်တစ်ပိုင်းတွင် ဆက်ဖတ်ရန်..............

ကျွန်တော့်ရဲ့ မီးအိမ်ရှင်Where stories live. Discover now