Part - 8

1.6K 94 2
                                    

နွေဦး အိမ်သို့ ၆နာရီ ၁၀မိနစ်တွင် ပြန်ရောက်လေသည်။ အိမ်ရောက်ရောက်ချင်း ဖေဖေမှ နွေဦးကို
"မောလာပြီလား ကျောင်းသူကြီး ဖေ့သမီးလေး ဘာစားမလဲ သမီးကြိုက်တဲ့ဟင်းချက်ထားတယ် သမီးမေမေ နဲ့ မမက"
"ဟုတ်လား သမီးက ဗိုက်ဆာနေပြီရယ် အတော်ပဲ ဖေဖေရေ ဒီနေ့တော့ အများကြီးစားပြီပဲ"
နွေဦးဖေဖေ့ကို ဖြေအပြီး မေမေမှ
"သမီး စာတွေလိုက်နိုင်ရဲ့လား ၇တန်းရောက်ပြီနော် မငယ်တော့ဘူး အရင်လို ပေါ့လို့မရတော့ဘူး နောက်နှစ် ၈တန်းဆို အစိုးရစစ် ပိုကြိုးစားရတော့မယ် ခု ၇တန်းတည်းက စာသေချာလုပ် အခန်းရှေ့ပိုင်း ကောင်းကောင်းရထားမှ စာလည်း သေချာကောင်းကောင်းလုပ်နိုင်မယ် စာလုပ်တဲ့အပေါင်းသင်းကောင်းတွေလည်းရမယ်နော် ကြားလားအငယ်မ အမေပြောနေတာတွေကို"
"ဟုတ် မေမေ သမီးကြားပါတယ် စာလုပ်ပါ့မယ်ဆို"
"အေး ပြောလိုက်ရင် အဲ့လိုပဲ ငါ့သမီးလေးက ပြန်မပြောနားမထောင် ဂျစ်ကတ်ကတ်လေးတော့ မလုပ်နဲ့နော် မေမေက အကုန်စိတ်ပူနေရတယ် မမက ပြောစရာမလိုဘူး စာနဲ့ပတ်သက်ရင် သမီးလေးက ပြောနေရတယ် မောလို့ပဲ"
"မိန်းမကလည်းကွာ ကလေးကို အရမ်းပြောမနေပါနဲ့တော့ နောက်မှ ဆုံးမသြဝါဒတွေခြွေပါ ခုတော့ ကလေးကို ထမင်းကျွေးလိုက်ပါဦး အငယ်လေးက စာမရတာမလိုက်နိုင်တာမှ မဟုတ်တာ သူက ဉာဏ်ကောင်းတယ် သူစိတ်ထဲပါမှ စာလုပ်တတ်တာ သူမလုပ်ချင်လုံးဝမလုပ်လို့ ခုလိုဖြစ်နေတာပါ ငါတို့သမီးလေးက ဆိုးတာကမဆိုးပါဘူး ချော့ပြောရင် ရပါတယ်ကွာ သူ့ကိုသမီးကြီးလို ဘောင်ထဲမှာ ဇွတ်သွင်းထိန်းကွပ်လို့တော့ရမှာမဟုတ်ဘူး မင်းလည်းသိသားနဲ့ မိန်းမရယ်"
"အေး ရှင် အဲ့လိုကြပ်ကြပ် အလိုလိုက် ကလေးကို အဲ့ဒါကြောင့် အငယ်မက စာလုပ်ခိုင်းရရင် မောနေအောင်ပြောရတာ သူ့ကို ဖအေဖြစ်သူက ကာပြောပေးနေတော့ ကလေးက စာမလုပ်ပဲ ကစားပဲမက်ချင်နေတာ ဟွန်း"
"စာလုပ်ပါ့မယ်ဆို မေမေကလည်း ခုတော့ သမီးဗိုက်ဆာပြီ ဘာဟင်းချက်တာလဲ ဖေဖေက ပြောတာတော့ သမီးကြိုက်တဲ့ဟင်းဆို"
"ဟုတ်ပါ့ရှင် သမီးကြိုက်တဲ့ ဆိတ်သားခြောက်ချက်နဲ့ သီးစုံချဥ်ရည်ဟင်းပါတော် မမနဲ့တူတူ ထမင်းဟင်းတွေ စားပွဲပေါ် ကူချပေးလိုက်ဦး သွားသမီးလေး"
"ဟုတ် မေမေ ရေးး သမီးကြိုက်တဲ့ဟင်းတွေပဲ အဝတီးပစ်မယ်"
"ဟားဟား ငါ့သမီးလေးကတော့ကွာ မမကို သေချာကူဦးနော် သမီး ဖေ့သမီးကြီးကလည်းအားကိုးရတယ်ဗျာ ဖေ့သမီးငယ်လေးကလည်း ချစ်ဖို့ကောင်းတယ်ဗျာ
ဒီအဖေမှာတော့ ကျေနပ်နေပါပြီဗျာ သမီးလေး၂ယောက်နဲ့တင်"
ထိုအခါ မေမေမှ စိတ်ဆိုးသလို ဖေဖေ့ကို မျက်စောင်းထိုးလိုက်သောအခါ
"ဟော ကျုပ်မိန်းမကိုတော့ အချစ်ဆုံးပါဗျာ"
ဟု​ဖေဖေပြောလိုက်တော့ နွေဦး နှင့် မမ ရယ်လိုက်မိကြလေသည်။
ထို့နောက် မိသားစုလေးယောက် ပျော်ရွှင်စွာ ထမင်းစားဝိုင်းမှာထမင်းစားကြလေသည်။
ထမင်းစားနေကြရင်း နှင့် မမမှ သူတက်ရောက်နေသော ဆေးဘက်ဆိုင်ရာ တက္ကသိုလ်အကြောင်းတွေ နှင့် သူငယ်ချင်းတွေအကြောင်းကို ဖေဖေ မေမေ နှင့် နွေဦးတို့ကို ပြောပြလေသည်။ မမက စာလည်းတော်သည့်အပြင် မိဘစကားလည်းနားထောင်သောသူဖြစ်ပေသည်။
ဆေးကျောင်းအမှတ်မှီဖို့ နည်းနည်းလိုသွားသောကြောင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်သို့ မမရောက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် မမအတွက် နွေဦးစိတ်မကောင်းဖြစ်ခဲ့ရသေးသည်။ မမသည် ဆရာဝန်နှင့် လိုက်ဖက်ပြီး သူမသည်လည်း ဆရာဝန်ဖြစ်ချင်ခဲ့သူဖြစ်သည်။
သို့ပေမယ့် ဆေးပညာနှင့် ပတ်သက် သက်ဆိုင်နေသော ဆေးဘက်ဆိုင်ရာတက္ကသိုလ်တက်ရောက်ရသည်လည်း မမအတွက် အဆင်ပြေပါသည်လေ။ ယခုအခါ မမ အဓိက ပြောနေသည်မှာ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တွင်ရှိသော ဓာတ်မှန် ၊ ဓာတ်ခွဲ နှင့် အရိုးအကြောဆိုင်ရာကုသခြင်း ဆိုသည့် မေဂျာကြီး ၃ခုမှ သူမ ဘယ်မေဂျာယူရမလဲဟု မိဘများကို တိုင်ပင် ဆွေးနွေးနေခြင်းဖြစ်သည်။
ဖေဖေနှင့် မေမေမှလည်း ကူစဥ်းစားပေးနေသည်။ နွေဦး ၇တန်းတွင် မမသည် တက္ကသိုလ် ဒုတိယနှစ်သို့တက်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် မမသည် သူမတို့ အတည်ပြုယူရမယ့် မေဂျာရွေးချယ်ယူရမည့်နှစ် ဖြစ်လာလေသည်။ မမတို့ပထမနှစ်တုန်းကတော့ ဆေးကျောင်းစာနှင့်အတူတူ သင်ရလေသည်ဟု မမကပြောပြပေသည်။ ဒုတိယနှစ်မှစပြီးစာတွေကွဲသွားကြကြောင်းကိုလည်းပြောပြသည်။ မမနှင့်အတူ ဖေဖေ မေမေ တို့လည်း ကူစဥ်းစားပေးရင်းနှင့် မမသည် အရိုးအကြောဆိုင်ရာ ကုသသည့် Physiotheraphist ဆိုသည့် မေဂျာကိုယူခဲ့ပေသည်။ ဓာတ်မှန်ဆိုလျှင် ရောင်ခြည်တွေကြည့်ပါများလျှင် မျက်လုံးထိခိုက်လာနိုင်ပြီး သူမစိတ်မဝင်စားကြောင်း မမကပြောသည်။ ဓာတ်ခွဲဆိုလျှင်လည်း သူတစ်ပါး၏ အညစ်ကြေး/ ချွဲသလိပ် တို့ကို စစ်ဆေးပေးရမည်ဖြစ်သောကြောင့် သူမစိတ်မဝင်စားခဲ့ပါပေ ထို့ကြောင့် နောက်ဆုံးတွင် အရိုးအကြော မေဂျာကို သူမရွေးခဲ့သည်။ မိဘများကလည်းသဘောတူခဲ့ပေသည်။ မမရွေးသောမေဂျာသည် လေဖြတ်လူနာများနှင့် အကြောသေ အကြောဆိုင်းလူနာများ အရိုးအကြောနှင့် ဆိုင်သော လူနာများကို Exercise လုပ်ပေးခြင်း၊ ပြန်လည်လမ်းလျှောက်နိုင်အောင်ကုသပေးခြင်းတို့ လုပ်ပေးရသည့်မေဂျာဖြစ်သည်။ သူမလည်း သဘောကျသောကြောင့်အဆင်ပြေခဲ့ပေသည်။ မမကို ​မေဂျာ ရွေးပေးကြပြီး နွေဦးကို မေးခဲ့ကြပြန်သည်။ နွေဦး ကြီးလျှင် ဘာဖြစ်ချင်လဲဆိုသည့် ရှေးတုန်းက မိဘများအတိုင်းကဲ့သို့ပင် နွေဦးမိဘများက နွေဦးကို မေးခဲ့သည်။ နွေဦးလည်း မဆိုင်းမတွပင် ဖြေချလိုက်သည်။
"မသိဘူး" ဟုသာ နွေဦးဖြေခဲ့သည်။ ထိုသို့ဖြေသောကြောင့် မေမေကတော့ နွေဦးကို ပေါက်ပေါက်ဖောက်ခဲ့သည်။ မမလို လိမ္မာဖို့ စာတော်အောင် ကြိုးစားဖို့ မေမေသည် ဆုံးမသြဝါဒတွေ ခြွေပြန်သည်။တကယ်တော့ နွေဦးစိတ်ထဲတွင် နွေဦးဘာဖြစ်ချင်လဲဆိုတာရှိပါသည်။ နွေဦးသည် Pilot ဖြစ်ချင်သည်။ စက်မှုပညာဘက်နှင့်ပတ်သက်သည်များကိုလည်း နွေဦးစိတ်ဝင်စားသည်။ ဆရာဝန်တော့ နွေဦး ငယ်တည်းက မဖြစ်ချင်ခဲ့ပါ စာမလုပ်ချင်လို့ဆိုတာထက် ဆရာဝန်ဖြစ်ဖို့ကို  နွေဦးစိတ်ဝင်စားမှုမရှိခဲ့ပါလို့ ပြောရင်ပိုမှန်ပါသည်။ ပြီးတော့ နွေဦး သရဲလည်းကြောက်တတ်သည်။ သွေးထွက်သံယိုများကိုလည်း နွေဦးမကြည့်နိုင်ပါ နှလုံးအားမကောင်းပါ ထို့ကြောင့် ဆရာဝန်ပိုမဖြစ်ချင်ခဲ့ပါ နွေဦး pilot ဖြစ်ချင်သည်နှင့်အညီ အင်္ဂလိပ်စာပိုလုပ်မှဖြစ်မည်ဟု တွေးလိုက်သည်နှင့်အမျှ နွေဦးအတွေးစိတ်ထဲတွင် ကျောင်းမှ အင်္ဂလိပ်ဆရာမရဲ့ ပုံရိပ်လေးသည် ပေါ်လာခဲ့ပြန်သည်။ နွေဦး မိဘများနှင့် ထမင်းစားနေရင်းတန်းလန်းနှင့်ပင် ဆရာမမျက်နှာလေးအတွေးထဲပေါ်လာပြီး ဆရာမအကြောင်းတွေးမိသွားပြန်သည်။ မေမေပြောသလို မမလိုပဲ နွေဦး စာတော် လိမ္မာရင် ဆရာမက နွေဦးကိုချစ်မှာလားဟုပင် တွေးနေတတ်ခဲ့ပြန်သည်။ ဆရာမက Aခန်းက စာတော်သည့်ကလေးများနှင့် ခင်မင်စကားပြောရယ်မောပျော်ရွှင်နေသည့်ပုံရိပ်များ နွေဦးပြန်မြင်ယောင်လာမိသောကြောင့် ထိုအတွေးတွေးမိခြင်းဖြစ်သည်။
'ဆရာမရေ ဘာလို့ ကျွန်နော့် အတွေးထဲ ခဏခဏရောက်နေရတာလဲ ဟိုနှစ်ယောက်က ဆရာမအကြောင်းခဏဏ ပြောခဲ့လို့များ စွဲသွားတာလား' ဟု နွေဦးအတွေးစကို ဟိုယောက်ကြောင့်ဟုသာ ဖြတ်တွေးပစ်ခဲ့သည်။
အမှန်တော့ ဆရာမသည် နွေဦး ရင်ထဲရောက်နေခဲ့ခြင်းဖြစ်သည်။ ဆရာမကို စတွေ့ဖူးတဲ့ ဒီတစ်ရက်တည်းနဲ့တင် နွေဦး အတွေးမှာ ငြိတွယ်ပါနေသော ထိုဆရာမသည် ရက်ပေါင်း တစ်ရာ တစ်သောင်း တစ်သိန်း တစ်သန်းမက ပါနေဦးမည် ဖြစ်ကြောင်း နွေဦးမသိခဲ့မိလိုက်ပါလေ.......
ဘာကြောင့်မှန်းရယ်မသိ ဆရာမကို နောက်ရက်များတွင်လည်း တွေ့ချင်စိတ်တဖွားဖွား နွေဦးရင်ထဲတွင် ဖြစ်နေမိပေသည်။
ဆရာမသည်လည်း............

နောက်တစ်ပိုင်းသို့ဆက်ရန်

ကျွန်တော့်ရဲ့ မီးအိမ်ရှင်Dove le storie prendono vita. Scoprilo ora