Unicode;
Jungkook POV:::
"စီအီးအိုဂျွန် မင်ဆောင်းဟီဆိုတဲ့မိန်းကလေးရောက်နေပါတယ်"
"ဟမ်! အင် ဝင်လာခိုင်းလိုက်"
ဂျောင်ကု အလိုမကျစွာသက်ပြင်းချအပီး အခန်းတံခါးကိုဖြေးညင်းစွာတွန်းဖွင့်ကာ သူ့စားပွဲရှေ့လျှောက်လာခဲ့တဲ့ ခေတ်ဆန်ဆန်အဝတ်အစားတွေကိုဆင်ယင်ထားပီး ကြည့်ရုံနဲ့သွက်လက်မှန်းသိသာသော ချစ်စရာမိန်းကလေးတစ်ဦး..
"ကိုကို..ဥက္ကဋ္ဌဂျွန် ခုနကပဲ ဒယ်ဒီကိုလာတွေ့သွားတယ်"
"ဘာကိုပြောချင်တာလဲ"
ပျော်နေတာကို မနဲဖုံးဖိထားတဲ့မျက်နှာထားမျိုးနဲ့ပြောနေတဲ့ ထိုမိန်းကလေးရဲ့စကားလုံးတိုင်းကို ဂျောင်ကုတစ်ယောက် နားမလည်နိုင်..အဖေက ဘာလို့ ဥက္ကဋ္ဌမင်ကို သွားတွေ့ရမှာလဲ..အဖေက အရေးမကြီးရင် လူလုံးမပြလိုပေ တော်ရုံတန်ရုံကိစ္စဆိုရင် သူ့အတွင်းရေးမှူးနဲ့ဆက်သွယ်ခိုင်းတာများသည်..
"ကိုကိုကလဲ နောက်နေပြန်ပီ ဆောင်းဟီတို့မင်္ဂလာပွဲအကြောင်းလာပြောတာပေါ့"
"ဘာ!!!"
ဂျောင်ကု အံ့သြလွန်းလို့ ထိုင်နေရာက မတ်တပ်ထရပ်မိသည့်အထိ..အလန့်တကြားအော်လိုက်တဲ့ ဂျောင်ကုအသံကိုလဲ ထိုမိန်းကလေး အထိတ်တလန့်ဖြစ်သွားကာ ပြုံးပျော်နေတဲ့မျက်နှာကနေ ရုတ်ချည်းတည်တံ့သွားလေသည်..
"ကိုကို ဒီကိစ္စမသိသေးဘူးလို့တော့မပြောနဲ့နော် ကိုကိုကိုယ်တိုင် ကိုကို့ဖေဖေနဲ့ ဒယ်ဒီကိုပြောခိုင်းတာဆို"
ဘာတွေလဲ!! ဘာတွေဖြစ်ကုန်တာလဲ! ဂျောင်ကုတစ်ယောက် တစ်ဖက်မိန်းကလေးကို ဘာပြောရမှန်းမသိတော့အောင် ဆွံ့အနေမိသည်..သူတောင်မသိတဲ့ကိစ္စတစ်ခုကို သူကစပီးဖန်တီးခဲ့တယ်တဲ့လား အံ့သြပီးရင်အံ့သြလို့မဆုံး..ဒီအခြေအနေတွေရဲ့နောက်ကွယ်ကတရားခံကို ဂျောင်ကု ဝေးဝေးတောင်ရှာစရာမလို..
"ကိုကို!! ကိုကို ဘယ်သွားဖို့လဲ!"
ဂျောင်ကု ဘာမှပြန်မပြောဘဲ အပြင်ခံအင်္ကျီကိုဆွဲယူကာ နောက်ကအော်ခေါ်သံကိုလျစ်လျူရူပီး အခန်းပြင်ကိုခြေလှမ်းကျဲတွေနဲ့ထွက်လာခဲ့သည်..အပြင်မှာရှိနေတဲ့ အတွင်းရေးမှူးဆီက ကားသော့တောင်းကာ ကားပါကင်ကိုတစ်ယောက်တည်းထွက်လာခဲ့သည်..
YOU ARE READING
You are my Everything