အပိုင်း 1

21 0 0
                                    

"Anson...... မင်းငါ့အိမ်မှာဘဲ
လာလာသေနေတော့မှာလား"

"ငြိုငြင်တာလား ဟေ့ယောင်"

"အားအားယားယား ကွာ
ငါထမ်းထားရတာမဟုတ်ပေမယ့်လဲ
မြင်ရတွေ့ရ အဆင်မပြေလို့
သူတောင်းစားရ"

"ငါဘာလုပ်နေလို့လဲ"

"ဪ မအေပေး ဘာလုပ်နေလဲ
ဟုတ်လား ညညဆို Club သွား
ကြီးကြပ်ရတာပါရတာပါဆိုပြီး
အကောင်တစ်ကာမွှေပတ်ရှာခေါ်လာ
ငါ့အိမ်မှာ ဖြစ်ချင်တိူင်းလာဖြစ်
မသိရင် ငါက Hotelဖွင့်ထားသလိုဘဲ"

"မိန်းမကြီးလားကွာ ဗျစ်တောက်ပွစိနိုင်
လိူက်တာ"

"သောက်ပိုတွေမပြောနဲ့ နောက်ကို
မင်းတစ်ယောက်ထဲ လာသေမယ်ဆို
သေ မဟုတ်လို့က မင်းကိုဝင်ခွင့်မပြောနဲ့
ခြံရှေ့တောင် ဖြတ်လျှောက်ခွင့်မပေးဘူး"

"မင်း.....ငါ့များကြိုက်နေလား"

"lee တလောကလူံးလူမျိုးစိတ်တုန်း
သွားရင်တောင် မင်းနဲ့ငါဘဲ
ကျန်ရင်တောင် ငါမင်းကိုမရွေးဘူး"

"အေး ငါကလဲ လာမြဲတိုင်းလာမှာဘဲ
ခေါ်မြဲတိုင်းခေါ်လာမှာဘဲ
ဝင်ခွင့်မပေးရင် မင်းကိုချောင်းရိုက်မယ်
ခြံရှေ့ဖြတ်လျှောက်ရအောင်လဲ
အခြေမဲ့အနေမဲ့မဟုတ်ဘူး
ဖြတ်လျှောက်စရာမလိုဘူး
တားတားတဲ့ကောင် ကားနဲ့တိုက်သတ်မှာ"

"ဟေ့ယောင် စောက်စကားတွေ
မများနဲ့ ငါမင်းအတွက် အမူးပြေဟင်းချို
နဲ့ မနက်စာချက်ခဲ့တယ် မြိုစရာရှိတာမြို
ပြီးရင်မင်းပြန်တော့ ငါလဲသွားပြီ
ငါကမင်းလိုအားယားနေတဲ့ကောင်
မဟူတ်ဘူး အလုပ်နဲ့အကိုင်နဲ့
သွားပြီ သူတောင်းစား ဖာခေါင်းရေ"

"oki မိန်းမ see you tonight"
သူ့အပြောမှာ လက်ခလယ်ကို
double ထောင်သွားရင်း
လှည့်ထွက်သွားတဲ့သူငယ်ချင်း
ဖြစ်သူ ကိုကြည့်ပြီး
သူဟက်ဟက်ပက်ပက်ပင်ရယ်
မောမိတော့သည်
တလောကလုံးမှာကျနော်ansonအတွက်
သူငယ်ချင်းဆိုလဲသူတစ်ယောက်ဘဲ
ရှိသလိုတလောကလုံးမှာကျနော်
ယုံတာလဲသူတစ်ယောက်ဘဲရှိတယ်
အေးဆေးပါဘဲ အပြောသာဆိုးမယ်
အဲ့သူတောင်းစားလောက်သနား
ကြင်နာတက်တဲ့လူမျိုး ဒီကမ္ဘာမှာ မရှိ
ဘူးလို့ပြောရင်ရဲရဲကြီးသာယူံလိုက်စမ်းပါ
......

"good morning boss
have a good day"
ကားထဲ ဟန်အပြည့်နှင့်ဝင်ထိုင်ပြီး
ပြောနေကျစကားသာboss တစ်ယောက်
ပြောရှာပါတော့သည်
ဒီစကားဘဲ ကြားရမှာသိပါလျက်
သူကိုယ်တိုင်လဲအမှတ်မရှိပြောမြဲ
နှူတ်ဆက်မြဲသာ"

"စကားအပိုမ​ပြောနဲ့ ဒီနေ့ငါ့အချိန်ဇယား
ဘာလဲ ဒါဘဲပြော"

"10နာရီမှာအစည်းအဝေး ရှိပြီး
အစည်းအဝေး ပြီးချိန်12နာရီမှာ
ကျောင်းတစ်ခုကိုသွားပြီး
ဟောပြောပွဲတစ်ခု ရှိပါမယ်
2နာရီမှာ Us က Lt com ceo
နဲ့တွေ့ရပါမယ်
4နာရီအတိမှာတော့ ကုပ္မဏီပြန်ပြီး
လချုပ်စာရင်းစစ်ဖို့ရှိပါမယ်"

"okay အချိန်ဇယားအတိုင်းလူပ်ကြတာပေါ့
ဪ ..... မင်း မိန်းမကလေးမွေးပြီလား"

"မမွေးသေးဘူး boss
ဆေးရုံတော့တင်ထားလိုက်ရပါပြီ
ဆရာဝန်ပြောစကားအရ ဒီနေ့လည်
ခွဲ ပြီးမွေးပါမယ် Boss"

"ဒီနေ့ မင်းငါ့ကိုကုပ္မဏီ လိုက်ပို့ပြီးရင်
တစ်ပါတ်နားခွင့်ငါပေးတယ်
လစာလျှော့မှာမဟုတ်လို့ စိတ်ချလက်ချနား
တစ်ခုဘဲ ငါ့အချိန်ဇယားတွေကိုတော့
ဒရိူင်ဘာလဲ ဖြစ် ငါ့အတွင်းရေးမှူးလဲ
ဖြစ်တဲ့မင်းက မိုး​အောင်ကို သေချာအပ်ခဲ့ပေး
ခွင့်ရက်မလောက်ဘူးဆိုပိုယူလို့ရတယ်
မရှင်းတာရှိလား "

"မရှိပါဘူး ကျေးဇူးတင်ပါတယ် Boss"

"မလိူဘူး ကားသာဂရုတစ်စိူက်မောင်း"

"ကောင်းပါပြီ boss"

SUGAR DADDY Where stories live. Discover now