"ကိုယ်ဘာလုပ်ရင်ကောင်းမလဲ"
တစ်ဖက်ကအလေးအနက်ထားက မေးလာသောထိုမေးခွန်းကို ပြန်ဖြေဖို့ရာအတွက် အတော်အကြပ်ရိုက်ရသည်။ စက္ကန့်ပေါင်းများစွာတိတ်ဆိတ်နေခဲ့ပြီးမှ တိုးတိတ်ပြတ်သားသောအဖြေတစ်ခုကို ပေးမိသည်။
"ဉာဏ်လင်း.........၊ နင်ရှိနေခဲ့တဲ့နေရာက နင်နဲ့အသင့်တော်ဆုံးပါဘဲ...၊
အဲ့တာကြောင့်ဒီလိုတွေလုပ်မနေဘဲ နင့်ရဲ့နေရာကိုပြန်သွားပါ......၊"
ဉာဏ်လင်းကမေဇင်နဲ့မျက်နှာချင်းဆိုင်ရပ်ပြီး အဓိပ္ပာယ်ရှိစွာကြည့်ပါသည်။
"မေဇင်းမင်းရဲ့ပုံတူပန်းချီဘဲ ရှိပြီးတကယ့်မေဇင်မင်းမရှိတဲ့နေရာကို ပြန်ခိုင်းနေတာလား....၊
မင်းပေးခဲ့တဲ့ဝါးပင်သေးသေးလေးတွေက အိမ်မှာယူထားပြီး ရေလောင်းလဲရတာမို့ ကျေးဇူးပြုပြီးအနားမှာဘဲနေပါရစေ......၊"
မေဇင်ချက်ချင်းဘဲမျက်နှာလွှဲကာ ခပ်ဝေးဝေးကိုစိုက်ကြည့်နေလိုက်သည်။ ဆို့နစ်မွန်းကြပ်သွားသော ရင်ဘတ်ထဲတွင် ပြောပြမတတ်အောင်နွေးထွေးရသည်ကိုတော့ ဝန်ခံရမည်။ ရင်ခုန်သံတွေတဖြည်းဖြည်းမြန်လာသော်လည်း ရင်ဘတ်ကြီးတစ်ခုလုံးကတော့ ဆွဲဆုတ်ထားသလို နာကျင်နေရဆဲဖြစ်သည်။ ပိုင်ဆိုင်ဖို့မသင့်တာကြောင့် နာကျင်ရတဲ့နာကျင်ခြင်းပါဘဲ၊ တစ်ခြားဘာနဲ့မှမတူပါဘူး.....။
စကားတစ်ခွန်းကိုပြောထွက်ဖို့အတွက် အားအင်များကိုပြန်လည်ရှာဖွေရသည်၊ ပင်လယ်လေဟာအေးသော်လည်း နီရဲရဲပါးပြင်လေးနှစ်ဖက်ကတော့ နွေး၍နေပါသည်။ မေဇင်နောက်ကိုခြေတစ်လှမ်းဆုတ်ကာ ထိုစကားကိုရင်နာနာနှင့်ပင် ပြောခဲ့ရသည်။
"နင်နဲ့ငါနဲ့ကမတူဘူးဉာဏ်လင်း.......,၊ အရမ်းကွာခြားတယ်.......။
အဲ့တာကြောင့်ဒီလောက်နဲ့ရပ်ပြီး နင်ရှိသင့်တဲ့နေရာကို ပြန်ပါတော့........၊"
မေဇင်မျက်လုံးများသည်အောက်ကိုချလျက် မြင်ကွင်းများသည်ဝေဝါးလာသည်၊ မေဇင်နောက်ကိုတစ်လှမ်းဆုတ်လိုက်သည့်အချိန် ဉာဏ်လင်းကရှေ့ကိုတစ်လှမ်းပြန်တိုးလာသည်။ မေဇင်တို့၏အရိပ်နှစ်ခုသည် ဝါရင့်ရင့်သဲနုပြင်ပေါ်ထင်ဟပ်လျက်ရှိပြီး အနီးနားကအုန်းပင်များမှ အခက်များသည်လေပြင်းကြောင့် လှုပ်ယမ်း၍နေသည်။
YOU ARE READING
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...