" Taeyong "
တည်တင်းနေတဲ့မျက်နှာထားက ကျွန်တော့်ကို ဂရုမစိုက်ကြောင်းလှစ်ဟပြနေခြင်းပင်။
" ဘာလို့လဲ ဘာကိုစိတ်ဆိုးနေတာလဲ "
" မင်းညက ဘာဖြစ်ခဲ့တယ်ဆိုတာကို မှတ်မိတယ်မဟုတ်ဘူးလား "
" အဲ့ကိစ္စကြောင့်နဲ့ hyung က ကျွန်တော့်ကို အကြည့်တစ်ချက်တောင် မပေးခဲ့တာပေါ့ "
Taeyong ပြန်မဖြေ။ တည်တင်းနေတဲ့မျက်နှာက ပိုတောင်ခက်ထန်လာသည်ဟု ထင်ရသည်။
" ကျွန်တော့်ဘာသာဖြစ်လာတဲ့ကိစ္စကို hyung က ဘာလို့စိတ်ပူနေတာလဲ "
" ကိုယ်မကြိုက်ဘူး "
" hyung မသိအောင်လုပ်တာပဲ မရည်ရွယ်ဘဲ သိသွားတာတော့မတတ်နိုင်ဘူး "
" နောက်တစ်ခါ အဲ့လိုမျိုး ထပ်မလုပ်နဲ့
မဟုတ်ဘူး ကတိပေး Ten
မလုပ်တော့ဘူးလို့ ကိုယ့်ကိုကတိပေး "" မပေးနိုင်ဘူး "
" ဘာ...."
" ကျွန်တော် သဘောကျတဲ့အရာမို့ အဲ့ကတိကိုတော့ မပေးနိုင်ဘူး "
" မင်း " Taeyong က Ten ရဲ့ အင်္ကျီလည်ပင်းနားကနေ ဆောင့်ဆွဲရင်း အံကြိတ်လိုက်သည်။
" ကျွန်တော်ခင်ဗျားကိုချစ်တယ်ဆိုပေမယ့် ခင်ဗျားရဲ့ထိန်းချုပ်မှုတွေတော့ မပါဘူး "
" ဪ ကိုယ်ကမင်းကိုထိန်းချုပ်တယ်တဲ့လား "
" ခင်ဗျားက ခင်ဗျားစကားနားထောင်တဲ့ေကာင်တွေကိုဆို အမြဲအလေးပေးတယ်မလား
ပထမဆုံး ကျွန်တော်တို့တွေ့ခဲ့ကြတဲ့ညကလိုလေ ဟက် " Ten ရဲ့ ဟက်ခနဲ ရွဲ့ပြီးရယ်တဲ့အသံမဆုံးခင်မှာတင် မေးရိုးတစ်လျှောက်က ထူပူသွားရသည်။" ကျွန်တော်က အမှန်တွေပြောနေလို့ နာသွားတာလား " မေးရိုးကို တစ်ချက်ပွတ်သတ်လိုက်ပြီး ပြုံးစစနဲ့ပင် Ten ကမေးလိုက်သည်။
" ကျွန်တော်က ခင်ဗျားစကားကိုမြေဝယ်မကျနားမထောင်နိုင်လို့ လာပြီးထိန်းချုပ်မယ်စဉ်းစားနေရင် တစ်ခြားကောင်ကိုသာ သွားရှာလိုက် "
စိတ်လိုက်မာန်ပါနဲ့နောက်တစ်ချက်ထိုးဖို့ရွယ်လိုက်ပြီးမှ စိတ်ထိန်းလိုက်ပုံနဲ့