၁၂

3.7K 658 24
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၁၂"

ဝမ်ယန်သည် တစ်ပတ်တာလုံး အလူးအလဲ ခံနေရသည်။

လီတာ့ရှိချိန်တွင် သူသည် ဘာမှမဖြစ်သည့် ပုံစံအတိုင်း ရှိနေပြီး လီတာ့ ထွက်သွားသည်နှင့် တပြိုင်နက် နံရံကို ကြောင်တက်တက်နှင့် စိုက်ကြည့်နေတော့သည်။

ရင်တမမ ဖြစ်နေခဲ့ရင်း နောက်ဆုံးတွင်တော့ စနေနေ့ကို ရောက်လာခဲ့လေပြီ။

စနေနေ့ ညနေခင်းတွင် လီတာ့သည် ခါတိုင်းကဲ့သို့ ဝမ်ရွှင်ကိုခေါ်ပြီး ညပိုင်းပြေးကာ ပြေးပြီးပြန်လာတော့ သုံးယောက်သား ညစာစားကြသည်။

လီတာ့ ထွက်သွားပြီးနောက် ဝမ်ယန်သည် ဝမ်ရွှင်အား အရင်လို ကစားခွင့် မပေးတော့ဘဲ မြန်မြန်ဆန်ဆန် မျက်နှာသစ် သွားတိုက်ပြီး ကုတင်ပေါ် တက်ခိုင်းကာ သူ့အား စောင်ကို ဖွဖွကလေး ခြုံပေးလိုက်သည်။

ဝမ်ရွှင်သည် မအိပ်ချင်သေး၍ မျက်မှောင်သေးသေးက ကြုတ်လို့နေကာ

"အရမ်းစောတယ်၊ မအိပ်သေးဘူး"

ဝမ်ယန်က သူ့ခေါင်းကို ပုတ်လိုက်ကာ နွေးထွေးသော လေသံဖြင့် ချော့မော့ပြောဆိုသည်။

"ပြောစကား နားထောင်၊ ဒီည စောစောအိပ်လိုက်။ ပါပါးမှာ ကိစ္စရှိလို့ အပြင်ခဏ သွားလိုက်ဦးမယ်"

ဝမ်ရွှင်သည် ကြည်ရှင်းသော မျက်လုံးများဖြင့် ဝမ်ယန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးမှ မကျေမနပ်နှင့် ခေါင်းညိတ်ရင်း မျက်လုံးများကို မှိတ်လိုက်တော့သည်။

ဝမ်ယန်သည် သူ ငြိမ်ကျသွားတာကို စောင့်ဆိုင်းပြီးမှ ခြေဖော့လက်ဖော့နှင့် ဝမ်ရွှင် အခန်းထဲမှ ထွက်လာခဲ့သည်။

သူ ကိုယ့်အိပ်ခန်းထဲ ပြန်ဝင်လိုက်ရင်း ထောင့်နေရာမှ ကျောပိုးအိတ်ကို ဆွဲယူပြီး ဖွင့်လိုက်တော့ အထဲတွင် ပိုက်ဆံတစ်အုပ် တစ်အုပ်စီ ရှိနေသည်။

ပမာဏကို သေသေချာချာ စစ်ဆေးပြီးနောက် ဝမ်ယန်တစ်ယောက် အောက်နှုတ်ခမ်းကို ကိုက်ကာ မတ်တပ်ထပြီး အပေါ်ကုတ် ဝတ်လိုက်ရင်း ကျောပိုးအိတ်ကို လွယ်လိုက်သည်။ ပြီးနောက် လျှာထိုးဦးထုပ်ကို ဆောင်းလိုက်ကာ တိတ်တိတ်ဆိတ်ဆိတ်နှင့် အိမ်ထဲမှ ထွက်လာ၏။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now