၂၃

4.1K 688 32
                                    

{Unicode}

"အိပ်မက်ကနေ နိုးလာတဲ့အခါ-၂၃"

ဝမ်ယန်၏ နှုတ်ခမ်းထောင့်မှာ ခဏတာလောက် လှုပ်ယမ်းနေသည်။

သူသည် အနည်းငယ် နှုတ်ဆိတ်စွာဖြင့် တစ်ကိုယ်လုံး အနီအဖြူရော ခရစ္စမတ် ချည်သားအင်္ကျီ၊ ရယ်ရွှင်ဖွယ်ကောင်းသော မုတ်ဆိတ်ဖြူဖြူ အတုကြီးနှင့် လီတာ့ကို ကြည့်နေသည်။

ဝမ်ယန်ခမျာ နဖူးကို ထောက်ထားလိုက်ရပြီး မဆိုစလောက် ခေါင်းကိုက်လာသလိုပင် ခံစားလာရကာ

"ခင်ဗျားဒါ ဘာလုပ်နေတာတုံး"

လီတာ့က ကြမ်းပြင်ပေါ်မှ ကုန်းထလာပြီး တင်ပါးကို ပုတ်ခါလိုက်ကာ ကော်များခြောက်သွေ့ကုန်ပြီး တစ်ဝက်နီးပါး ပြုတ်ကျနေပြီဖြစ်သော နှုတ်ခမ်းဆီမှ မုတ်ဆိတ်အတုကို ဖယ်ခွာလိုက်ရင်း ကသိကအောက်နှင့် ပြောလာသည်။

".....ဒါက ခရစ္စမတ် ရောက်တော့မှာ မဟုတ်လား၊ အဲ့ဒါကြောင့် ကိုယ်....."

ဝမ်ယန်မှာ ပြုတ်ကျသွားသည့် အဝတ်လှန်းတန်းကြောင့် အပေါက်ရာ ဖြစ်သွားသော ကြမ်းပြင်နှင့် ဖွာလန်ကြဲနေသော အဝတ်အစားများကို ကြည့်လာသည်။

သူက ခေါင်းတညိတ်ညိတ်နှင့် ပြောလာသည်။

"ကျေးဇူးပါ၊ တကယ်ပဲ အရမ်း အံ့သြသွားရပါတယ်"

လီတာ့က ခေါင်းကုတ်နေရင်း နံဘေးမှ လက်ဆောင်သေတ္တာကို ယူပြီး ဝမ်ယန်ရှေ့ ပို့လိုက်ရင်း ပြောလာသည်။

"အစကတော့ မင်းတို့ကို လက်ဆောင်ပေးမလို့ပါ။ ဒီအင်္ကျီက ဝမ်ရွှင်ကို ချော့ဖို့အတွက် ဝတ်ထားတာနော်၊ မင်း မရယ်နဲ့"

ဝမ်ယန်က လီတာ့ လက်ထဲမှ လက်ဆောင်ကို ယူလိုက်ပြီး မ,ကြည့်လိုက်တော့ အတော်လေး လေးလှသည်။

ဝမ်ယန်က သက်ပြင်းချကာ

"ဘယ်လိုပဲဖြစ်ဖြစ်၊ ခင်ဗျားကို ကျေးဇူးတင်ပါတယ်"

လီတာ့မျက်လုံးက လင်းလက်သွားပြီး ဝမ်ယန်၏လက်ကို ဆုပ်ကိုင်လိုက်ကာ ခပ်တိုးတိုး ဆိုသည်။

"တခြားဟာ ရှိသေးတယ်"

ဝမ်ယန် မတုံ့ပြန်နိုင်သေးခင်မှာပဲ လီတာ့က လူတစ်ကိုယ်လုံးကို ကုတင်ပေါ်မှ ဆွဲခေါ်သွားသည်။ အလျင်စလိုနှင့် ကမောက်ကမ ဖြစ်နေသည့်ကြားတွင် ဝမ်ယန်တစ်ယောက် ကွင်းထိုးဖိနပ်ကို ဝတ်လိုက်ပြီး လီတာ့က သူ့အား တံခါးနားသို့ ခေါ်သွားသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (အချပ်ပို)Where stories live. Discover now