ကျမရဲ့ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်Due date မတိုင်ခင် နှစ်ရက်လောက်အလိုတည်းက ဒေါက်တာသတိုးဇင်ရဲ့ အကြံပေးချက်အတိုင်းဆေးရုံတတ်ခဲ့လိုက်သည်။ပထမဆုံး ရင်သွေးဆိုတာကြောင့် အကောင်းဆုံးကိုပေးချင်တဲ့ မိခင်တို့ ရဲ့ သဘောအတိုင်း ဆေးရုံရဲ့ VIP အခန်းကို သာ ရွေးချယ်လိုက်သည်။VIP အခန်းဆိုတဲ့ အတိုင်း ဆေးရုံရဲ့ အပေါ်ဆုံးမှာရှိပြီး အခန်းလဲတော်တော်ကျယ်သည်။ အခန်းထဲမှာ ရေချိုးခန်း အိမ်သာအပြင်ကိုမှ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲပါ ပါရှိသည်။ ဆေးရုံရဲ့ လူနာအခန်းက mini condoပုံစံလိုတောင်ဖြစ်နေပြီး တော်တော်သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ဖြစ်သည်။ဆေးရုံက သူနာပြုမလေးပြောပြချက်အရ ဆေးရုံရဲ့ အထပ်တိုင်းရှိ ကော်ရစ်တာမှာ တာ၀န်ကျ သူနာပြုတွေ နှစ်ယောက်ဆီ ရှိပေမဲ့ VIP အထပ်မှာတော့ သူနာပြုတွေကို တခန်းတယောက်သီးသန့်ထားပေးထားသည်။ သူနာပြုက အခန်းထဲမှာ stand by ရှိနေတာကြောင့် အရေးအကြောင်းဆိုအသင့်ဖြစ်နေ
တော့သည် ။ကျမလဲ ဆေးရုံတတ်ဖို့ အိမ်က ကောင်မလေးနဲ့ အတူ အမေပါခေါ်ပြီးအရင်လာနှင့်လိုက်သည်။ အိမ်ကကောင်မလေးကလဲ ဆေးရုံတတ်ဖို့ ပစ္စည်း ပစ္စယျာတွေကို နေရာချပြီး တော့မှ ကျမတို့လဲ အေးဆေးအနားယူရတော့သည်။ဆေးရုံတတ်တဲ့ ပထမဆုံးနေ့မို့ ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိ။ အိမ်သာထသွားထလာအတွက်သာ အခက်အခဲရှိတာကြောင့် အိမ်ကကောင်မလေးကိုသာ အကူ အညီတောင်းရတော့သည်။ဒီကစရောက်တည်းက ကျမသတိထားမိတာ တခု ရှိသည်။ဒီအခန်းထဲရောက်တဲ့ အချိန်မှစပြီး ရေမွှေးနံခပ်ပြင်းပြင်း အနံအမြဲလိုလို ရနေသည်။ ဘယ်ကမှန်းမသိပေမဲ့ ကျမ ခုတင်ပေါ်လှဲလိုက်တိုင်း အဲ့ အနံခပ်ပြင်းပြင်းကိုရနေ သည်။Air fresher အနံကြောင့်ထင်လို့ air fresher ဗူးကိုကြည့်လိုက်ပေမဲ့ အဲ့ အနံက သံပုရာနံ့ ဖြစ်တာကြောင့် ကျမရနေတဲ့ အနံ့နဲ့သပ်သပ်သာဖြစ်နေသည်။ဖွားလေးကလည်း လူနာလာစောင့်ပေးမယ်ဆိုတာကြောင့် ကျမလဲ မျှော်နေမိသည်။ ဒီညက လူနာစောင့်က ကျမအမ ဒေါ်ခင်အပြင် ဖွားလေးပါဆိုတော့ အားပိုရှိမိသည်။
......
ဓာတ်လှေကားဆီမှ ဆေးရုံအနံကြီးကြောင့်
မြေးမလေးရှိရာအထပ်ကို မြန်မြန်ရောက်ပါ
စေလို့စိတ်ထဲကနေပြီး ဆုတောင်းနေမိသည်။
ဓာတ်လှေကားတံခါးဖွင့်တာနဲ့ လျှောက်လမ်း
တလျှောက်မှာလဲ ဆေးရုံနံ့ကြီးကတောက်
လျှောက်ပါလာပြန်သည်။ မြေးမလေးရှိတဲ့ အခန်းတံခါးကို ဖွင့်လိုက်တဲ့ အချိန် ရုတ်တရက် မသိုးမသန့်သလိုခံစားလိုက်ရ
သည်။ ဘုရားတရားလုပ်တဲ့လူမို့လားမသိ။
အိမ်မသန့်တာဘဲဖြစ်ဖြစ် အခန်းမသန့်တာဘဲဖြစ်ဖြစ် မသိစိတ်က အလိုလိုကိုခံစာမိသည်။ အခန်းက ဆေးရုံက အခန်းလို့သာတော်တော်ကျယ်တာကြောင့် ရန်ကုန်ဆေးရုံကြီးထက်စာရင် အသက်ရှုတော့ချောင်သည်။ အခန်းရဲ့ အပေါက်၀မှာ ရေချိုးခန်း အိမ်သာရှိ နေပြီး
ရေချိုးခန်းထဲမှာတော့bath tub ပါနေသေးသည်။ဖွားလေး၀င်လာတော့ ဖွားလေးဆီကအထုတ်အပိုး တွေကို အမဖြစ်သူဒေါ်ခင်က ယူလိုက်သည်။ အထုတ်တွေကိုပေးပြီး လက်ဆေးမလို့လုပ်တော့ ခုနက ရေချိုးခန်းတံခါးက အခု ပိတ်လျက်သားကြီးဖြစ်နေပြန်
သည်။အထဲက bath tub တောင်သေချာ
မြင်ခဲ့တာကို အခုပြန်ကြည့်တော့ ရေချိုးခန်း
တံခါးက ပိတ်လျက်သားကြီးဖြစ်နေသည်။
စိတ်ထင်ယောင်ထင်မှားဖြစ်တာတော့ မဖြစ်နိုင်ပေမဲ့ မွေးလူနာလဲရှိနေတာကြောင့် ဘာမှ မပြောတော့ဘဲ ဒီတိုင်းထားလိုက်တော့သည်။
.........