မှတ်တိုင်

6 1 0
                                    

ဒီနေရာကတော့ ကျတော်တို့ ချိန်းတွေ့နေကြနေရာလေးပေါ့။ ဒီနေ့မှ ပပကလည်း ရောက်မလာနိုင်သေးဘူး။ အရင်ဒီချိန်ဆို သူရောက်နေကြကိုရောက်မလာနိုင်လို့ စိတ်ရှည်ရှည်နဲ့ စောင့်နေရင်းမိုးပင်ချုပ်တော့မယ်။ 7 နာရီလောက်ရောက်တော့မှောင်စပြုနေတာနဲ့ ဖုန်းတချက်ဆက်ပေမဲ့ မအားသေးပါရှင်ဆိုတာကြောင့် ထပ်မဆပ်တော့။ ဒီနေ့ချိန်းထားတာ သူသိနေတာဘဲဆိုပြီး နောက်ထပ်
နာရီ၀က်လောက် ထပ်စောင့်နေလိုက်သည်။ စောင့်နေကျ မှတ်တိုင်မှာ ထိုင်စောင့်နေရင်း ကားမီးရောင်က ကျတော့် မျက်လုံးတည့်တည့်ကိုထိုးလာတာကြောင့် အနည်းငယ် ကျိန်ဆဲလိုက်သေးသည်။ ဒီဘက်ခေတ်ကား‌မောင်းတဲ့ကောင်တွေကားရှိတယ်ဆိုပြီး မောင်းချင်တိုင်းကိုမောင်းနေကြတာဘဲဆိုပြီး စိတ်ထဲတော့ တွေးမိနေသေးသည်။ ခဏနေတော့ ရောက်လာပါပြီ မရွေချောက ထုံးစံအတိုင်း တက်သုတ်ရိုက်ပြီး ကားလမ်းကို
ကူးလာတော့သည်။

ကျတော်တို့လဲ သမီးရည်းစားသဘာ၀ အရေမရအဖတ်မရတွေ ပြောနေရင်း ပုပ်အဲ့အဲ့ အနံ့တခုကိုရလိုက်သည်။ ပပကတော့ သူမရတဲ့ အတိုင်းသူရုံးကယူလာတဲ့ မုန့်ကို စားနေတော့သည်။ အစကတော့ ကျတော့်ချွေးနံ့များလားဆိုပြီး မသိမသာ အနံ့ခံကြည့်ပေမဲ့ ဒါကျတော့် ဆီကလာတာမဟုတ်မှန်းသိသည်။ ပပ ဆီက လာရတဲ့ အနံ့လည်း မဟုတ်နိုင်။ ဘာလို့လဲဆိုတော့ ပပ က အသန့် အပြန့်အရမ်းကြိုက်မှန်း ကျတော်သေချာသိသည်။ ပြီးတော့ ဒါက ချွေးနံ့မဟုတ်ဘဲ အရာ၀တ္တု တခုခု ပုပ်နေလို့ရတဲ့ အနံ့မျိုးပင်။ကျတော်လဲ မနေနိုင်တဲ့ အဆုံး အနံတခုခုရလားဆိုပြီးမေး
လိုက်တော့သည်။

" ချစ် ဒီနားမှာ အနံ့တခုခု မရဘူးလား ပုပ် အဲ့အဲ့ နဲ့ လေ"

" မရပါဘူး ကို ရယ်။ ကိုယ် ဘာအနံ့ရလို့လဲ "

ကျတော်ပြောတော့မှ ပပလည်း နှာခေါင်းကို တရှုံ့ရှုံ့လုပ်ပြီး အနံ့ခံကြည့်တော့သည်။ပြီးတော့ သူလဲဘာအနံ့မှ မရဘူးဆိုပြီး ပြန်ပြောတော့ ကျတော်လဲ ထူးတော့ ထူးဆန်းနေသည်။ ခုနက ပုပ်အဲ့အဲ့အနံ့ကြီးလဲ ရမနေတော့။ကျတော်လဲ စကားလမ်းကြောင်းလွဲတဲ့ အနေနဲ့ ပပကိုထိုင်စောင့်နေရင်းကားဂိတ်မှာ ကြားလာတဲ့ အက်စီဒန့် အကြောင်းပြောပြဖို့ ဟန်ပြင်လိုက်သည်။

Horror stories collection Where stories live. Discover now