" ဟွန်း ငါ ရေဆာတယ်။ "ကုတင်ပေါ်မှာ ပက်လက်အိပ်နေရာက ညာဘက်သို့ စောင်းလိုက်ရင်း ပြောတော့ သူ့ ဘေးနားမှာ ထိုင်ပြီး စာဖတ်ပြနေတဲ့ ဆောင်ဟွန်းက စာအုပ်ကိုချကာ သူ့ကို ကုတင်ပေါ်မှ ထထိုင်နိုင်စေရန် ဆွဲထူပေးလိုက်သည်။
ထို့နောက် ကုတင်ဘေး မှန်စားပွဲပေါ်ရှိ ရေကရားထဲမှ ဖန်ခွက်ထဲသို့ ရေတစ်၀က်ထည့်ကာ ကုတင်ခေါင်းရင်းကို မှီကာထိုင်နေသည့် သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
" ဖြည်းဖြည်းသောက်နော်။ "
သူ့လက်ထဲရှိ ဖန်ခွက်ထဲက ရေတွေအကုန် ပါးစပ်၊ လည်ချောင်းမှ တစ်ဆင့် ဗိုက်ထဲသို့ ရောက်သွားသည်အထိ ဖြည်းဖြည်းချင်းသောက်ပြီးသည့်တိုင်အောင် ဆောင်ဟွန်းက သူ့ကို အရိပ်တကြည့်ကြည့် ကြည့်လို့နေခဲ့သည်။
ဒါက ရေသောက်တဲ့ကိစ္စမှမဟုတ်၊ ထမင်းစားတဲ့အချိန်၊ မျက်နှာသစ်တဲ့အချိန်၊ ယုတ်စွအဆုံး အ၀တ်လဲတဲ့အချိန်အထိ ထိုလူဟာ သူ့ကို အသေးအမွှားအရာလေးတွေကအစ အစစအရာရာ လိုက်လုပ်ပေးပြီး အမြဲ ဂရုစိုက်နေပေးနေသူ ဖြစ်၏။
" ဒါဆို ငါတို့ စာအုပ်ဆက်ဖတ်ကြမလား။ "
" ဟွန်း ငါ ခြံထဲကို လမ်းဆင်းလျှောက်ချင်တယ်။ "
ဖတ်လက်စ စာမျက်နှာဆီသို့ ပြန်လှန်နေတဲ့ ဆောင်ဟွန်းရဲ့ လက်တစ်စုံကို ခပ်ဖွဖွ ထိတွေ့လိုက်ရင်း သူ မဝံ့မရဲ ခွင့်တောင်းလိုက်သည်။
ကြည်လင်နေတဲ့ ဟွန်းရဲ့ မျက်နှာလေးက ကောင်းကင်ပြာမှာ မိုးတိမ်တွေ လာအုပ်စိုးလို့ မည်းမှောင်သွားတဲ့ ပုံစံလို ချက်ချင်းပဲ အရောင်မှိုင်းသွား၏။
သူ အမှားလုပ်မိသွားပြီဆိုတာ သိလိုက်ပြီ။
" အပြင်မှာ လေစိမ်းတွေ အရမ်းတိုက်နေတာ၊
အေးကအေးနဲ့။ ပြီးတော့ ဒီနေ့က အိမ်အပြင်ထွက်ရမယ့်နေ့လည်း မဟုတ်ဘူး။ အခန်းထဲမှာပဲ နေရတာ ငြီးငွေ့လာရင် အိမ်ထဲမှာပဲ လမ်းလျှောက်ကြမယ်လေ။ လမ်းလျှောက်တာပဲ အပြင်ထွက်ကို ထွက်မှ လျှောက်လို့ရတာမှ မဟုတ်တာ။ "သူ့ကို အရိပ်တကြည့်ကြည့်နဲ့ အစစအရာရာ ဂရုစိုက်ပေးသော ဆောင်ဟွန်းပုံစံနဲ့မတူ၊ အိမ်အပြင်ထွက်ချင်တဲ့ အကြောင်းပြောလိုက်ရင် ကြင်နာတဲ့ မျက်၀န်းအကြည့်နဲ့
ချိုသာတဲ့ စကားသံတို့က ဆန့်ကျင်ဖက်အဖြစ် လုံး၀ပြောင်းလဲသွားတော့သည်။
YOU ARE READING
The Lunacy|| Jayhoon ✔︎
Fanfic- Jayhoon oneshort story written in Burmese - Warning : this fiction contains bloody scenes, violence, atrocious behaviors and a lot of annoying and uncomfortable words which may bother you! Plz Remember! ❗️This is just a piece of fanfiction❗️