Seesaw Game (part 1)

1.4K 55 7
                                    

High school

ဝုန်း

တံခါးဆောင့်ဖွင့်သံနဲ့အတူ အဖေ့ရဲ့ဒေါသတကြီး ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်

''  ဟေ့ကောင် မင်းယွန်ဂီး ထစမ်း မင်းဒါဘာအချိုးချိုတာလဲ ဟမ်း မိဘကကောင်းစေချင်လို့ ကျောင်းထားတာကို မင်းကဘာလုပ်နေတာလဲ ခွေးဖြစ်မယ့်အကောင်''

'' အဖေ မနက်စောစော ကျနော ဘာလုပ်နေလို့လဲ ''

'' ဘာ! မင်းကငါ့ပြန်မေးရအောင် မင်းအပစ်မသိဘူးလား ဒီစာအုပ်ထဲက စာတွေကဘာလဲဟမ်း ပီတော့ ကျောင်းမုာ စာမသင်ပဲ မင်းဘာလုပ်နေတာလဲ''

သူသိလိုက်ပီ အစ်ကိုရဲ့တိုင်ကြားတာကို တဖတ်သပ်နာထောင်ပီ လာဆူနေတာကို သဘောပေါက်လိုက်တယ်

'' မင်း အစ်ကိုကြည့်စမ်း ကျောင်းရဲ့ထိတ်တန်းကျောင်းသား မင်းကိုမင်းကြည့်စမ်း မင်းမရှက်ဖူးလား ယွန်ဂီး အေးမင်းမရှက်တတ်ပေမဲ့ ငါရှက်တယ်ကွ ဒီတစ်ခါ စာမေးပွဲက အဆင့်မကောင်းကြည့်မင်းနဲ့ငါတွေ့မယ်ကြားလား ''

အဖေရဲ့ခြေသံပြင်းပြင်းနဲ့အခန်းထဲက ထွက်သွားတာကို သူစိတ်တိုတိုနဲ့ကြည့်နေလိုက်တယ်

စားကြည့်စာပွဲမုာထိုင်နေရင်း

ကျနော့ နာမည် မင်းယွန်ဂီး
အသက်က 16 နှစ်
အထက်တန်းကျောင်းသား
အတန်းတိုင်ကိုပုံမှန်လေးပဲအောင်တဲ့လူ
ကျနော့အစ်ကိုက ထိတ်တန်းကျောင်းသာ ဆရာ ဆရာမ အိမ်ကလူ အားလုံးရဲ့ယုံကြည်မူ့အချစ်ကိုရထားတဲ့သူ

ကျနော် ခံပြင်တာက အဒါပဲ ကျနော်ဘာလုပ်လုပ်ဘယ်သူမု အကောင်းမမြင်ဖူး
အစ်ကိုနဲ့အမြဲနိူင်းယှဥ်ပီပြောနေတာ သူကသူ ကျနော်က ကျနော်ပဲလေ
အစ်ကိုဆိုပီ ညှာမယ် ဘယ်တော့မှ မစဥ်းစားဘူး နည်းနည်း လေးအမုားလုပ်မိရင် အိမ်ကိုအကြီးကြီးဖြစ်အောင်တိုင်တာ အဖေနဲ့အမေ က အစ်ကိုစကားနာထောင်ပီ ငယ်တုန်းက ခဏခဏအရိုက်ခံရတယ် ခုကြီးလာမုသာ မရိုက်တော့တာ ဒါတောင်အဖေက လက်ပါချင်သေးတယ်

စားပွဲပေါ်က စာအုပ်တွေ သပ်သပ်ရပ်ရပ်လေးပြန်  စီလိုက်တယ်
အချိန်စာရင်းအတိုင်စာအုပ်တွေထည့်လိုက်ပီ ကျောင်းသွားဖို့ ပြင်ဆင်ပီအခန်းထဲက ထွက်လာလိုက်တယ်

Seesaw GameWhere stories live. Discover now