Seesaw Game part 15

186 13 0
                                    

Seesaw part 15
ကံကြမ္မာ ရဲ့ အပြောင်းအလဲ

ဂျီ ဒီနေ့ အလုပ်သွားဖို့လုပ်နေတုန်း
အခန်းနံရံကို မှီပီ ရပ်ကြည့်နေတဲ့ ထယ်ယောင်က ဝင်လာပီ ဂျီကို သိုင်းဖတ်လိုက်တယ်

''  မင်း အဆင်ပြေလား မပြေသေးပဲအရမ်းမလုပ်နဲ့ မင်းအနားယူဖို့ မလိုဘူးလား '' ထယ်စိုးရိမ်းစိတ်နဲ့ဂျီကိုမေးလိုက်တယ်

ဂျီ ထယ်ရဲ့ကျောပြင်ကိုပုတ်ရင် လူချင်းခွားလိုက်ပီ

''ငါ ယောက်ကျားပါထယ်ရာ မင်းအလောက်စိုးရိမ်းဖို့မလိုပါဘူးကွာ ငါခံနိုင်ရည်ရှိပါတယ် မိဘတွေ မရှိပေမဲ့ ငါညီလေးကျန်သေးတယ်ကွ ငါအကောင်းဆုံးပျိုထောင်ရမယ် ငါ နားလိုက်လို့မရဘူး ကျေးဇူးပါ ကွာ မင်းငါ့အနားရှိပေးလို့ ''

''မင်းညီကရော ဘာတဲ့လဲ သူအခုအထက်တန်းမလား''

''အင်း''

''သူမလာဘူးလား''

''ဆင်းရဲတာ ရှက်လို့တဲ့ ဘောဒါမုာပဲနေမယ် မလာဘူးတဲ့ ဘော်ဒါကျေးလဲ သွင်းရအုံးမယ် အိမ်ခလည်ပေးရအုန်းမယ် နားမရဘူးသူငယ်ချင်းရေ ''

''ဟင် မင်းဟာကလည် မောလိုက်တာကွာ''

သူ ထယ်ကိုအပြုံးလေပဲပြုံးပြပီ ပုခုံးတွန့်ပြလိုက်တယ် ဒါတောင် သူညီရဲ့သဌေးသားတစ်ယောက်လိုနေထိုင်တာမပါသေးဘူး
ဂျီသက်ပြင်းရှည်တစ်ခုကိုချလိုက်တယ် ခုတော့သူမေမေဆေးဖို ပူစရာမလိုတော့ပေမဲ့ ညီရဲ့လိုအပ်ချက်ကိုဖြည့်ဖို့ သူရုန်းကန်ရဦးမယ်

ဘယ်တတ်နိုင်မလဲ လောကကြီးကပေးလာတော့လဲကြိုးစားရုံပေါ့

သူထယ်ရဲ့ပုခုံးကိုပုတ်ပီ အလုပ်သွားဖို့ထွက်လာခဲ့တယ် မေမေ ဆေးရုံစရိတ်အတွက် သူကိုဖေဖေနောက်ဆုံးဝယ်ပေးခဲ့တဲ့သူမြတ်နိုးရတဲ့ဆိုင်ကယ်လေးလဲမရှိတော့ဘူး ရောင်းလိုက်ရပီ

လိုင်းကားစီးပီအလုပ်သွားရမုာဆိုတော့စောစောထွက်လာခဲ့တယ်

သူလိုင်ကားစောင့်နေတုန်း ဘေးနားကလူက ယဥ်ကျေးမူ့မရှိစွာ လူကြားထဲ ဆေးလိတ်သောက်နေတဲ့ သူကြောင့် ဂျီလမ်းဖတ်ကို တိုးပီ ရပ်နေလိုက်တယ်

Seesaw GameWhere stories live. Discover now