Unicoad
"အားပျင်းလိုက်တာတစ်နေ့တစ်နေ့ဘာလုပ်ရမှာလဲ
ဘဲလည်းမရှိဘာလဲမရှိတဲ့ငါ့ဘဝပါလား အသက်ကဖြင့်23ရှိနေပြီမိဘလုပ်စာထိုင်စားပြီးအိပ်လိုက်စားလိုက် ဖုန်းကြည့်နဲ့ကြာလေငါဝိတ်တက်လာတော့မှာပဲဟူးးးးး""ဟဲ့မင်းသန့်နင်ဖုန်းကြီးပဲကြည့်မနေနဲ့ ငါ့ကိုအလုပ်လေးဘာလေးလာဝိုင်းလုပ်ပေးဖို့ စိတ်ကူးမရှိဘူးလား"
"အမေကလည်းဗျာ ပြီးရင်လုပ်ပေးမယ် ထားထားလိုက်ဒီတစ်ပွဲပဲ"
'သူ့ကို အလုပ်ခိုင်းတော့မယ်ဆိုရင် 1ပွဲ 1ပွဲနဲ့ မပြီးတော့ဘူး 1 ပွဲဆိုပြီးတော့ 1နာရီ 2နာရီလောက်ကြာနေတာပေါ့'
"ပြီးရင်လုပ်မနေနဲ့ဒီတစ်ပွဲလဲမရဘူး အခုလာမလာရင် Wifi လည်းမရတော့ဘူးမှတ် အလုပ်လေးဘာလေးရှာဉီး အဲ့အရေမရအဖတ်မရဂိမ်းပဲဆော့နေကြားလား ကြာရင်နင့်မျက်လုံးကြီးကျွတ်ကျလို့ကန််းရင် ငါမကုပေးဘူးနော်"
"လာပီလာပီ ဟွန့် ငါလည်းအလုပ်လုပ်ချင်တာပေါ့ အလုပ်ကလည်း ရှာလို့ရှိရင်ဘာတွေမှန်းလည်းမသိဘူး"
တစ်ပတ်ကြာသော်
"အမေကျွန်တော်အလုပ်မလုပ်ချင်သေးဘူး"( IV / အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ အမောင်တော်က)
"မရဘူး!! လုပ်ကိုလုပ်ရမယ် ငါ့စကားကို မလွန်ဆန်နဲ့ ကြားလား မဟုတ်ရင် အိမ်ပေါ်ကအခုချက်ချင်းဆင်း !!!"
"အမေ့ !!!"
'မင်းသန့်လန့်သွားသည်'
'ဘာဖြစ်လို့လည်းဆိုတော့ မင်းသန့်အမေ 'ဒေါ်ခင်လေးသန့်'က ဒေါသမျက်လုံးဖြင့် ကြည့်နေလို့ ဖြစ်သည်'
"ဟုတ်ပါပြီ သန့်မနက်ဖြန် အလုပ် သွားလျှောက်လိုက်ပါ့မယ် သန့် ကုမ္ပဏီတွေ အလုပ်ခေါ်စာတွေ 'မင်းကို'ပြောပြလို့ သိပြီးပါပြီ"
'မင်းကို ဆိုတာက မင်းသန်တို့အိမ်ဘေးက မင်းသန့်နဲ့ ငယ်ငယ်ကတည်းက ခင်တဲ့မင်းသန့်ရဲ့အေးတူပူအမျှ မျှဝေပေးတဲ့ အချစ်ဆုံးသူငယ်ချင်း သူကစာတော်ပြီး အလုပ်လည်းကြိုးစားတယ် မင်းသန့်နဲ့ကတခြားစီ အခုလည်း သူ့အဖေရဲ့ ကုမ္ပဏီကိုဆက်ခံဖို့ အခြား ကုမ္ပဏီမှာအလုပ်သင်အဖြစ် ကြိုးစားနေတာပေါ့'

VOCÊ ESTÁ LENDO
Hyung Hyung System (OC) Ongoing
Fanficအမေဖြစ်သူက အလုပ်မလုပ်ရင်အိမ်ပေါ်ကဆင်းလို့ပြောတဲ့အခါ အလုပ်မရှိတဲကောင်လေးတစ်ယောက် အလုပ်ရှာရာက အချိုးမပြေတဲ့အလုပ်တွေကြောင့် ဒေါသထွက်ရာက မီးစိမ်းနေလို့ကားလမ်းကူးဖြတ်တဲ့အချိန် တစ်ဖက်ကလာနေတဲ့ ကားက ဘရိတ်မမိတော့ဘဲ ကောင်လေးကို တိုက်မိသွားပြီး သူသေပြီလို့...