Unicode
'မင်းသန့်ရောက်ရောက်ချင်းပဲ လူတွေက သူ့ကို ကြည့်နေကြတာကို တွေ့လိုက်ရတယ် တချို့က ရွံရှာတဲ့ အကြည့်တွေ၊ တစ်ချို့က သနားတဲ့အကြည့်တွေ၊ တချို့က
မုန်းတဲ့ အကြည့်တွေနဲ့၊ အကြည့်မျိုးစုံနဲ့ သူ့ကို ကြည့်နေကြတယ်'"yလေး သူတို့က ဘာဖြစ်လို့ ငါ့ကို ကြည့်နေကြတာလဲ ပြီးတော့ ငါ့ကိုယ်မှာ ဘာတွေ ပေနေတာလဲ"
"သန့်သန့် ကိုယ်မှာ ပေနေတာတွေက အချို ရေတွေနဲ့ ငရုပ်ဆီတွေပါ ပြီးတော့ သန့်သန့် ဒီနေရာက မြန်မြန်ထပြီး
တက္ကစီ ငှားပြီး အိမ်ကို အရင်ပြန်လိုက်ပါ""ငါက ဘယ်လို ပြန်ရမှာလဲ မှတ်ဉာဏ် ပို့ပေးအုံးလေ "
"မှတ်ဥာဏ်က နောက်ကျရင်ပို့ပေးမယ် အခု အမြန်ထပြီး ကျွန်တော်ပြောတဲ့ လမ်းအတိုင်း သွားလိုက်ပါ"
"အင်း"
'မင်းသန့်လည်း yလေး ပြောသလို အမြန်ထလိုက်ပြီး တက္ကစီငှားကာ yလေး ပြောတဲ့ လိပ်စာအတိုင်း ပြောလိုက်ပြီး အိမ်ကို အရင်ပြန်လိုက်တယ်'
'မင်းသန့်လည်း ထွက်သွားပြီးမကြာ လူအုပ်ထဲက ကောင်လေးတစ်ယောက်က စိတ်ထဲကနေ
*ဟက် ... မကြာခင် မင်းဘဝကို ဒီထက်ပိုဆိုးတဲ့ အဆုံးသတ် ရောက်လာအောင် လုပ်ပေးတော့မှာမို့ ခုတော့အမြည်းလေးခံစားလိုက်ပါအုံး ဟား ဟား ဟားးး*
လို့ ပြောပြီးတာနဲ့ ထိုနေရာမှ ထွက်သွားလိုက်တော့တယ်'
'မင်းသန့်လည်း yလေး ပြောတဲ့ အတိုင်း မူလပိုင်ရှင်ရဲ့ နေတဲ့နေရာကိုရောက်တော့ မူလပိုင်ရှင်က ကွန်ဒိုမှာ နေတာဖြစ်ပြီး သူလည်း ဓာတ်လှေကားထဲဝင်ကာ yလေး ပြောတဲ့ 5ထပ်မြောက်သွားတဲ့ ခလုပ်ကိုနှိပ်လိုက်တယ် ပြီး တော့ အခန်းလျို့ဝှက်နံပါတ် နှိပ်ကာ အထဲရောက်တာ့နဲ့ လွယ်အိတ်ကို ဆိုဖာပေါ် ပြစ်တင်ပြီး y လေးကို ရေချိုးခန်း နေရာမေးကာ ရေချိုးခန်းထဲကို ဝင်လိုက်တော့တယ် အခန်းထဲ ရောက်တာနဲ့ ပေနေတဲ့ အဝတ်အစားအားလုံးချွက်ကာ တစ်ပတ်တစ်ခုကိုပတ်လိုက်ပြီး ရေအရင် ချိုးလိုက်တယ် ပြီးတာနဲ့မှန်ကို ကြည့်ပြီး'
KAMU SEDANG MEMBACA
Hyung Hyung System (OC) Ongoing
Fiksi Penggemarအမေဖြစ်သူက အလုပ်မလုပ်ရင်အိမ်ပေါ်ကဆင်းလို့ပြောတဲ့အခါ အလုပ်မရှိတဲကောင်လေးတစ်ယောက် အလုပ်ရှာရာက အချိုးမပြေတဲ့အလုပ်တွေကြောင့် ဒေါသထွက်ရာက မီးစိမ်းနေလို့ကားလမ်းကူးဖြတ်တဲ့အချိန် တစ်ဖက်ကလာနေတဲ့ ကားက ဘရိတ်မမိတော့ဘဲ ကောင်လေးကို တိုက်မိသွားပြီး သူသေပြီလို့...