Intro

35 2 0
                                    

Unicode

ကိုယ်ဟာ အထီးကျန်တဲ့ ရပ်ဝန်းမှာ နေထိုင်ပါသတဲ့…

တစ်နေ့ မင်းက ကိုယ့်ဆီကို လမ်းမှားရောက်လာပြီး

မင်းသွားချင်တဲ့ အိမ်ငယ်လေးအကြောင်း မေးမြန်းခဲ့တယ်

လမ်းမှန်ကို သိပါရက် ကိုယ်ဟာ မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ရလေတယ်…။

ကြင်နာတတ်သူ မင်းက သနားငဲ့ညှာခြင်းကို စွန့်ကြဲတယ်

ကိုယ်နေထိုင်ရာ ရပ်ဝန်းကို မင်း ရယ်သံလေးတွေ ဝေဆာစေခဲ့တယ်

လူသားပီပီ မင်းကို လောဘတတ်မိတာနဲ့ အမျှ

အများက သတ်မှတ်တဲ့ အမှားဆိုတဲ့အရာကို ထပ်တလဲလဲ ကျူးလွန်ခဲ့မိတယ်…။

တစ်နေ့… ကိုယ်ပျော်ရွှင်တာကို မနာလိုသူ နတ်ဘုရားက

ကျူးလွန်မိတဲ့ မုသားဝါဒတွေကို မင်း မြင်အောင် ဖန်ဆင်းလာတော့

အမုန်း မမည်တဲ့ ဥပက္ခာတွေနဲ့ ကိုယ့်ကို စူးနစ်သွားအောင် ပစ်ပေါက်ခဲ့တယ်နော်

ချစ်လွန်းလို့ ဖြစ်တည်လာတဲ့ ရူးသွပ်ခြင်းကိုလည်း “အသည်းနှလုံးမရှိဘူး” လို့ ပညတ်တယ်…။

ရုတ်တရက်…

နာကျင်လို့ ယိုင်လဲချိန်မှာ ကိုယ် ပြိုမကျသွားခဲ့တာကို သတိထားမိသွားတယ်

အဖြူရောင် Daisy ပန်းလေးက ကိုယ့်ကို ထွေးပွေ့ပေးနေသတဲ့…

ပြီးတော့ တိုးညှင်းတဲ့ ရှိုက်သံတစ်ချို့နဲ့ သူ ငိုတယ်

မင်းပေးခဲ့တဲ့ နာကျင်မှုထက် ပိုဆိုးရွားတဲ့ နာကျင်မှုက

ကိုယ့်ဝဲဘက်ရင်အုံမှာ ဘာလို့များ တအုံ့နွေးနွေးနဲ့ ဖြစ်တည်လာတာလဲ…။

မေးခွန်းပေါင်းများစွာနောက် လူတွေရဲ့ အဝေးဆုံးကို ထွက်ပြေးမှန်းမသိ ထွက်ပြေးခဲ့တယ်

ဒါပေမဲ့ အမြဲလျစ်လျူရှုထားခဲ့တဲ့ သံသယက ကိုယ့်ရှေ့ကနေ ပိတ်ရပ်လာတယ်

သူမေးတဲ့ မေးခွန်းတွေထဲ…

အမှန်တရားတစ်ခုကို မြှပ်နှံထားတဲ့ တစ်ခုသော မေးခွန်းမှာတော့

Who from!Where stories live. Discover now