Part 1

23 2 0
                                    

Unicode

စုံလင်လှသော သဏ္ဍာန်များနှင့် တိမ်ဖြူများသည် ကောင်းကင်ပြာကြီးထံပါး ပြေးလွှားနေကြသည်။ လက်ဖဝါးကို ဆန့်တန်းလိုက်လျှင် ထိုတိမ်ဖြူများကို ထိတွေ့တော့မယောင်...။ သူရိန်နေမင်းကတော့ သူ၏ ချစ်လှစွာသော တိမ်ဖြူနှင့်သာ စကားပြောနေပုံရသည်။ သို့တစေ နေရောင်ခြည်ခပ်နွေးနွေးကိုတော့ စွန့်ကြဲ၏။

တည်းခိုဖို့ဆိုရင် Saigo က အနီးဆုံးမြို့ပဲ... ဒါပေမဲ့ ရေစက်တွေကလည်း လုံလောက်မှဖြစ်မှာ။

ဧည့်လမ်းညွှန်ပြောခဲ့သည့်စကားက ခပ်ဆန်းဆန်းရယ်...

သို့သော် Saigo မြို့လေးကို ကျွန်တော် ရှာတွေ့ခဲ့ပြီ။ ပြောရလျှင် ရေစက်တွေ လုံလောက်ခဲ့သည်ပေါ့။

ငယ်ရွယ်စဉ်ကတည်းက ဦးလေးဖြစ်သူနှင့်အတူ နိုင်ငံပေါင်းစုံ လည်ပတ်ဖူးသည့် ကျွန်တော့်အတွက် လှပလွန်းပါသည်ဆိုသော မြင်ကွင်းများစွာကို မြင်ဖူးသည်။ သို့တစေ မျက်စိရှေ့ရှိ ရောင်စုံ Daisy ပန်းခင်း၏ ဆွဲဆောင်မှုအောက်ကနေ ရုန်းမထွက်နိုင်သေး။ မြေနီလမ်းကလေးနှင့် ပနံသင့်စွာလိုက်ဖက်နေပုံက လူကို ကမ္ဘာမြေဆွဲအားရှိပါလျက် လွင့်မြောသွားစေသည်။

Luggage ကို ဆွဲရင်း တဖြည်းဖြည်း မြေနီလမ်းပေါ်သို့ ရောက်လာသောအခါ ပန်းများနှင့်ကွယ်နေခဲ့သည့် အစိမ်းရောင်စက်ဘီးလေးက တည်တည်ငြိမ်ငြိမ်နှင့် ကြိုဆိုနေသည်။

ဆေးများသုတ်ထားသဖြင့် သစ်လွင်နေဟန်ရှိသော ထိုစက်ဘီးက အနီးကပ်ကြည့်လျှင် နှစ်အတော်ကြာနေပြီဖြစ်ကြောင်း သိနိုင်၏။ စက်ဘီးရှေ့ခြင်းထဲတွင်မူ အဖြူရောင် Baby Breath ပန်းစည်းလေးက အထီးကျန်ဆန်နေပြန်သည်။

အမှတ်မထင် သဘောကျသွားသည့်စိတ်ကို မထိန်းချုပ်လိုက်နိုင်။ ပိုင်ရှင်ရှိသော ပန်းစည်းလေးထံ လက်လှမ်းမိစဉ် မျက်ဝန်းထောင့်ရှိ အရိပ်လေးက လှုပ်ခတ်သွား၏။

Daisy ပန်းဖြူဖြူတွေကြား စိမ်းပြာရောင်ဆံနွယ်နှင့် ထိုလူ...

ခံစားချက်များအရ ကျွန်တော့်လက်ထဲရှိ ပန်းစည်းပိုင်ရှင်ဖြစ်မှန်း သိနေသဖြင့် ပေးမည်ပြင်သော်လည်း ထိုလူက ခူးထားပြီးသား ပန်းများကို တပွေ့တပိုက်ဖြင့် သယ်ဆောင်ရင်း ထွက်သွားသည်။

Who from!Where stories live. Discover now