Please scroll down for Zawgyi
(Unicode)
နောက်ဆုံးစာမေးပွဲကြီးပြီးနောက် ဆယ်ရက်မျှ အတန်းများတတ်ရောက်ပြီးသည့်အခါ ကျောင်းပိတ်ရက်များ စတင်လေပြီ။ ထောင်ရှီးဝမ်းရွာသည် သူတို့၏ ခရိုင်အ.ထ.က(၁)ကျောင်းနှင့် အတော်လေး ဝေးလှသောကြောင့် ထောင်ရှီးသည် ကျောင်းအဆောင်၌ နေပြီး တစ်လတစ်ခါ အိမ်ပြန်လေ့ရှိသည်။
ထောင်ရှီး သူ့၏ ကျောင်းသုံးကိရိယာများနှင့် အဝတ်အစားများကို မြွေအရေခွံနှင့်တူသည့် ပလက်စတစ်ကိုင်းဆွဲအိတ်ထဲသို့ ထည့်လိုက်ပြီး ကားနှစ်ဆင့်စီးကာ ထောင်ရှီးဝမ်းသို့ ပြန်ခဲ့တော့သည်။
ထောင်ရှီးဝမ်းသည် ချင်းရွှေခရိုင်၏ အစွန်ဆုံးနေရာတွင်တည်ရှိကာ ရှုခင်းများက လှပသော်လည်း ရွာလေးမှာ ဆင်းရဲလှပေ၏။ လှေကားထစ် စိုက်ကွင်းများထဲမှ လက်ဖက်စိမ်းပင်တို့သည် တစ်ပင်နှင့်တစ်ပင် ရောင်ပြန်ဟပ်နေကြသည်။
နွေဦးရာသီ၌ မိုးလေး တဖျောက်ဖျောက် ကျသည့်အခါမျိုး၌ဆိုလျှင် တောင်တန်းကြီးများသည် မြူခိုးများ ထူထပ်လျက်၊ ချင်းရွှေမြစ်ကမ်းပါးရှိ ရာပေါင်းများစွာသော မက်မွန်ပန်းတို့ ပွင့်လန်းကြရာ စမ်းချောင်းလေးတစ်လျောက်လုံး ပန်းတွေပွင့်နေသကဲ့သို့ပင်။
YOU ARE READING
ကိုယ့်ဆီလှမ်းလို့လာ လမင်းသော်တာ ||•မြန်မာဘာသာပြန်•||
Romanceထောင်ရှီးသည် ငယ်ချစ်ဦး လင်ချင်းဟယ်အား တွေ့ဆုံရန် မိုင်ပေါင်းများစွာ ခရီးနှင်လာ၏။ လမင်းကြီးနောက် ကျွန်တော်က ပြေးလိုက်နေချိန်မှာ လမင်းကြီးကလည်း ကျွန်တော်ရှိရာကို လာနေလေရဲ့။ Title- 月亮奔我而来(The Moon is Coming to Me) Author- 泊岸边 Chapters- 65 chapters E...