UNICODE
အဆောင်၏ လေထုအခြေအနေက ထပ်ဖန်တစ်ခါ နေရခက်သလို ဖြစ်လာသည်။ လီမင်မင်က သူမအိမ်က ယူလာသည့် အမဲသားချောင်းကို ထုတ်ပြီး အကုန်လုံးနှင့် မျှလိုက်သည်။ "ဒါတွေက ငါ့အမေကိုယ်တိုင်လုပ်ထားတာ။ အရသာက အရမ်းကောင်းတာ နင်တို့တွေ ဒါအတွက် ငါ့ကို ငွေပြန်ပေးရမယ်နော်"
"အရမ်းစပ်ပြီး အရသာရှိလိုက်တာ။ ငါ့အကြိုက်ဆုံးပဲ" ဝမ်ရှောင်ယွီက စားနေရင်း သူမမျက်လုံးက အရောင်တောက်လာသည်။ သူမမျက်နှာမှာလည်း စားချင်စိတ်တွေ ပြည့်နေတုန်းဖြစ်သည်။ "ငါ နည်းနည်းလောက်ထပ်စားချင်သေးတယ်"
"ဟုတ်တယ် ငါလည်း ကြိုက်တယ်။ မင်မင် နင့်အမေက အရမ်းမိုက်တာပဲ။ ဟင်းချက်တာလည်း အရသာရှိလိုက်တာ" ရှောင်ဖေးယွဲ့က ချီးကျူးလိုက်သည်။
"ငါပိုက်ဆံပေးမယ်။ နင်တို့မှာ သွားကြားထိုးတံတစ်ချောင်းလောက်ရှိမလား?" ရှရှင်း မျက်လုံးက လှည့်ပတ်ရှာနေသည်။
"နင့်လက်နဲ့ပဲ စားလိုက်ပါ" ဝမ်ရှောင်ယွီက ပြောလာသည်။
"အရမ်းညစ်ပတ်တယ်။ နင်တို့က သန့်ရှင်းရေးကို အလေးမထားကြဘူးပဲ" ရှရှင်းက အနည်းငယ်ရွံရှာဟန်ဖြစ်နေပြီး သူမက သွားကြားထိုးတံရှာမတွေ့ပေ။
ရေချိုးခန်းထဲသို့သွားပြီး လက်ဆေးကာ တစ်ခုယူစားလိုက်သည်။ ပြီးနောက် ချက်ချင်း သူမလက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
သူမက စားရင်း ပြောလာသည်။ "အနေတော်ပါပဲ ဒါပေမယ့် ငါ ဂျပန်ကဝယ်လာတဲ့ အမဲသားချောင်းလောက်တော့ မကောင်းဘူးလို့ ငါထင်တယ်"
လီမင်မင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
ရှောင်ဖေးယွဲ့နှင့် ဝမ်ရှောင်ယွီရဲ့ အပြုံးတွေလည်း ထပ်ဖန်တခါ နေရခက်သွားသလိုဖြစ်သွားသည်။
သို့ပေမယ့် ရှရှင်းက မခံစားရသလိုပင် ပြုံးပြီး သူတို့ သုံးယောက်ကို ပြောလိုက်သည်။ "နောက်တစ်ခေါက် ငါ ဂျပန်ကို သွားရင် နင်တို့အတွက် ဝယ်ခဲ့ပေးမယ်။ တခြားသူတွေလုပ်ထားတာ စားကြည့်ပေါ့"
လီမင်မင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
သူမက အမဲသားချောင်းတွေကို ယဲ့ချင်းရန်ဆီ မျှပေးလိုက်သည်။ "ချင်းရန် နင်လည်း စားကြည့်ပါလား။ ငါတို့ ဇာတိမြို့က အရသာပဲ။ နင် စားကြည့်လို့ရမလား နည်းနည်းစားကြည့်ပေါ့"
YOU ARE READING
နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)
Romanceယဲ့ချင်းရန် နိုးလာတော့ သူမက စာအုပ်ထဲ ကူးပြောင်းသွားတာကို သိလိုက်ရတယ်။ သူမက ဂုဏ်မောက်ပြီး ဗိုလ်ကျတတ်တဲ့ ဆိုးဝါးတဲ့ ဗီလိန်ပါပဲ။ ဗီလိန်တွေရဲ့ ထုံးစံအတိုင်း အသေဆိုးနဲ့သေရမယ့်သူပေါ့ သူမ မကူးပြောင်းလာခင်တုန်းကတော့ သူမက သူမရဲ့ မိသားစုမှာ ဆက်ခံသူဖြစ်သည်။ သူ...