Chapter 203: Brother Was to be Cheated

6.9K 893 21
                                    

UNICODE

"ငါက ဘယ်လိုလုပ်ပြီး နှာဘူးဖြစ်ရမှာလဲ? မင်းပြောချင်တာက ရင်သားတွေကို..." ယဲ့ချန်းဖုန်းက တခစ်ခစ်ဖြင့် ရယ်တော့သည်။

သူက စနောက်တော့သည်။ "ငါ မပြောပါဘူး။ မင်းရဲ့ တတိယမြောက် ယောင်းမလောင်းလေးက ပြောတာ။ ပြီးတော့ တစ်ခါတည်းတောင်မဟုတ်ဘူးနော်။ အကြိမ်ကြိမ်ပြောတာ။ သူမပြောတာက မင်းကို ယောကျာ်းလေးလို့ သူမ ဘာလို့ ထင်မိတာလဲဆိုတော့ မင်းမှာ ရင်သားတွေမရှိလို့တဲ့"

ယဲ့ချင်းရန်ကပြောလာသည်။ "အဲဒါအစ်ကိုသုံးတို့ စုံတွဲကြားထဲမှာ ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် မောင်နှမတွေအတွက်တော့ ဒီစကားပြောဖို့ သင့်တော်တယ်လို့ ညီမ မထင်ဘူး"

ယဲ့ချန်းဖုန်းက ပြောလာသည်။ "အခု ဒီအကြောင်းက ပြောဖို့ မသင့်တော်ဘူးဆိုတာ မင်းသိမှတော့ အရင်က မင်းက မိန်းမတွေရဲ့ ရင်သားအကြောင်း မပြောခဲ့လို့လား"

သူက ပြောရင်း သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။ "အရင်တစ်ခေါက်က မင်းပြောခဲ့လဲ? မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို တိုက်ခိုက်ချင်ရင် သူမရဲ့ကိုယ်ကို အရင်တိုက်ခိုက်ရမယ်ဆို။ မင်းပဲ ငါ့ကို ပိုင်ပေပေကို အခန်းထဲခေါ်သွားဖို့ ပြောခဲ့တာမဟုတ်ဘူးလား?"

ယဲ့ချင်းရန်က မျက်တောင်ခတ်ကာ ရန်စသည့်သဘောဖြင့် ပြောလာသည်။ "ညီမထင်တယ် ညီမ ပိုင်ပေပေနဲ့ စကားပြောရတော့မယ်လို့။ မုချင်းရွဲနဲ့ ဘယ်လို ချိန်းရမလဲ ဘယ်လိုအိပ်ရမလဲဆိုတာ အစ်ကိုသုံး ညီမကို မေးခဲ့တယ်"

ယဲ့ချန်းဖုန်းရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ "ယဲ့ချင်းရန် မင်း ပေါက်ကရတွေပြောနေတယ်။ မင်းက မိန်းမဖြစ်သွားတာနဲ့ မင်းကို ဘာမှ မလုပ်ရဲဘူးလို့ မထင်နဲ့"

"ညီမမပြောင်းလဲရင်တောင် အစ်ကိုသုံးက ညီမကို ဘာမှ မလုပ်ရဲပါဘူး" ယဲ့ချင်းရန်က ဗိုလ်ကျဟန်ဖြင့် ပြောလာသည်။

"ကောင်းတယ် မင်းစောင့်နေလိုက်"

ယဲ့ချန်းဖုန်းရဲ့အပြုံးက ဓားတစ်လက်ဝှက်ထားသလိုပင်။ သူက လှည့်ထွက်ကာ ကားထဲသို့ ယဲ့ချင်းရန်ဖြင့် အတူတူဝင်ကာ ပြန်ဖို့ ပြင်တော့သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now