TWO

791 61 9
                                    

သူတစ်ယောက်တည်းနေတဲ့ကွန်ဒိုဆီရောက်တော့ ကားသော့ကိုလုံခြုံရေးကိုပေးပြီး ပါကင်ထိုးခိုင်းလိုက်ရာ သူနေတဲ့အထပ်ရှိရာသို့ အေးအေးလူလူသာတက်သွားလိုက်တော့သည်။

သို့သော်လည်းတံခါးပိတ်နေတုန်း နှစ်ပေါင်းများစွာလေ့ကျင့်ထားတာကြောင့် တစ်စုံတစ်ခုမူမမှန်တာကိုခံစားလိုက်ရသည် ။ မျက်လုံးထောင့်ကနေဖျတ်ခနဲမြင်လိုက်ရတဲ့ အရိပ်ကသူ့အတွေးတွေမှန်ကန်နေကြောင်းအတည်ပြုပေးလိုက်သလိုပင် ။

မသိချင်ယောင်ဆောင်ကာ တံခါးပြန်ဖွင့်ပြီးလှည့်ထွက်မလို့အလုပ် တစ်ဖက်လူကသူ့ထံတဟုန်ထိုးပြေးဝင်လာတော့သည် ။ စုတ်တစ်ချက်သတ်ကာ ထိုလူကိုင်ဆောင်လာတဲ့ဓါးကိုရှောင်လိုက်ပြီး လက်တို့ကိုနောက်ပြန်လိမ်ကာ မျက်နှာကိုနံရံမှာဖိကပ်ထားလိုက်တော့သည် ။ တစ်ဆက်တည်းမှာပဲ သွေးအေးစွာဖြင့်

"ဘယ်သူခိုင်းလိုက်တာလဲ"

"မ..ပြောနိုင်ဘူး"

ပြတ်တောင်းပြတ်တောင်းဖြင့်ပြောနေသူကြောင့်စိတ်မရှည်တော့ပေ။

"အကြောတင်းမနေနဲ့ မင်းမပြောလည်းကိုယ်ကမသိဘူးထင်နေတာလား"

"ဆိုတော့အသေခံမလား ကိုယ့်ဘာကိုယ်သေမလား ရွေး"

"....."

"တိတ်ဆိတ်နေပုံထောက်ရင် ဒုတိယရွေးချယ်မှုကိုလုပ်လိုက်တယ်ထင်တယ်"

"မင်းဘာတွေလာပြောနေတာလဲ"

"အခုတော့လွှတ်ပေးလိုက်မယ် မင်းကိုခိုင်းလိုက်တဲ့သူဆီစကားလေးပါးပေးပါဦး ။ ပတ်ဂျီမင်းကလွယ်လွယ်နဲ့မသေဘူးလို့"

"ပြီးတော့သေမယ့်ရက်ကိုရေတွက်ရင်းထိုင်စောင့်နေလိုက် ကိုယ့်ကိုလာထိရင်လွှတ်ပေးရိုးထုံးစံမရှိဘူး ။ ပြေးနိုင်သလောက်ပြေး အဆုံးသတ်ကြကိုယ့်လက်ထဲသေရမှာပဲ ။ နားလည်လား သွားတော့!!"

ဟုဆိုကာတံခါးအပြင်သို့ဆွဲထုတ်လိုက်ပြီး ပြန်ပိတ်လိုက်တော့သည် ။ ထို့နောက်ဝီစကီတစ်ခွက်ထည့်ကာပြန်ထွက်လာပြီး ဧည့်ခန်းတွင်ထိုင်နေကာ ဖုန်းတစ်ခုကိုဆက်လိုက်တော့သည် ။

Jeonphile //Kookmin//Where stories live. Discover now