ရှောင်ကျန့် ညကညဉ့်နက်မှ ပြန်ရောက်ပြီး ရှုပ်ပွနေသည့် အိပ်ယာလေးပေါ်မှာအိပ်ပျော်သွားခဲ့သည်။ တစ်ခါမှ မကျင်းပခဲ့တဲ့ ဖူးတဲ့မွေးနေ့ပွဲလေးကိုကောင်လေးကဖန်တီးပေးခဲ့သည်။ တွေးလိုက်တာနှင့်ပင် နုတ်ခမ်းလေးတွေကွေးတတ်သွားအောင်ပြုံးမိသည်။ အိမ်တစ်ခါမှမရှင်းတဲ့သူကအခုတော့ရှင်းနေရပြီ။ ကောင်းဆိုးလေးကဖွပြီးဒီအတိုင်းထားသွားခဲ့လေ၏။ အိပ်ယာတစ်ခုလုံးငှက်မွှေးတွေပျံ့ကျဲနေပြီး စောင်တွေဟာလည်း ခရင်တွေပေပွနေသည်။ သူကအရေးကြီးသည်ဟုဆိုကာ ထွက်သွားတော့ ကျန်ခဲ့သူကရှင်းနေရပြီ။ ထိုစဉ်အိမ်တံခါးလာခေါ်သဖြင့် အနည်းငယ်ပျော်ရွှင်သွားရသည်။ ကောင်လေးကိုမလာစေချင်ပေမယ့် ကောင်လေးလာပြီဆိုတဲ့အသိက ရင်ထဲမှာကြည်နူးရ၏။ သူတံခါးကိုဖွင့်လိုက်စဉ်..
"သား!"
ရှောင်ကျန့်မျက်နှာဟာ ချက်ချင်းတင်းမာသွားခဲ့ပြီး..
"ပါး ဘာလာလုပ်တာလဲ"
"သား ပါပါးရှင်းပြချင်လို့"
"ဘာကိုလဲ ပါပါးရှင်းတော့ရော စုတ်ပျက်သတ်နေတဲ့ ကျွန်တော့်ဘဝကပြောင်းသွားမှာလား"
"အဲ့ဒီလူကလိမ်ခဲ့တာ ပါးရဲ့ရင်းနှီးမြုတ်နှံမှူတွေကိုလိမ်သွားတာ"
"ဘာဖြစ်ဖြစ် ပါပါးရဲ့ပေါ့လျော့မှုတွေကြောင့် မြင်တဲ့အတိုင်းပဲ။ကျွန်တော့်ပုံစံကို"
ရှောင်ကျန့်လက်ဟန်ဖြင့် သူ့ကိုယ်သူ ပြကာပြောလိုက်သည်။
"ပါးပြန်ပါတော့ "
"ဖမ်းဝရမ်းကလွတ်သွားခဲ့ပြီ။ပါးမှာအပြစ်မရှိကြောင်းပေါ်လွင်သွားခဲ့တယ်။ ပါးပြန်ပြီးကြိုးစားပါ့မယ်"
"ဒါပေါ့ အမေနဲ့ညီလေးရှိသေးတယ်လေ။ တာဝန်ယူအဖက်ဆယ်ရဦးမှာပေါ့။ ပါးအဖက်ဆယ်လို့ရတဲ့သူတွေရှိသေးတယ်။"
ရှောင်ကျန့် ပြောရင်းနဲ့မျက်ရည်များစီးကျလာသည်။
"တောင်းပန်ပါတယ်။ "
"ပြန်ပါတော့ ကျွန်တော်ဒီမှာတစ်ယောက်တည်းနေပါရစေ။ အမေနဲ့ညီလေးကဘာမှ မသိဘူး။ ပါပါးခရီးသွားတယ်လို့ပဲသိထားတာ"
YOU ARE READING
June 9
Fantasyအနက်ရောင်ဖုံး နေတဲ့ကျွန်တော့် ဘဝထဲကိုအတင်းတိုးဝင်လာပြီး အဖြူရောင်တွေနဲ့ လွှမ်းခြုံဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်နဲ့ June လ9ရက်နေ့မှာဆုံတွေ့ခဲ့တယ်။