Club တစ်ခုလုံးက လူတွေပျော်ရွှင်နေကြသည်။ ယခုကသူ့တို့သူဌေးကျားဟုန်၏လကထပ်ပွဲအကျဉ်းရုံးလေးဖြစ်တာကြောင့်ပင်။ကျားဟုန်ကမယားကြီးနှင့်ကွာရှင်းထားတာဖြစ်ပြီး။ ကောင်ငယ်လေးတွေကို အမ်းကာပျော်ပါးသူဖြစ်ရာ ရှောင်ကျန့်နှင့်လက်ထပ်ပြီးရင်တော့ ပွေရှုပ်သည့်ကိစ္စတွေစွန့်လွှတ်နိုင်လိမ့်မည်။ဒီတစ်မဂ်လာပွဲက တစ်ယောက်သောသူကလွဲရင်အားလုံးပျော်ရွှင်ရတဲ့ပွဲပေါ့။
တစ်ဆိုင်လုံးရှိသမျှ ဈေးကြီးအရက်တွေကို စိတ်ကြိုက်သောက်နိုင်ပြီး အားလုံးFree ရနိုင်သည့် ညတစ်ညပင်။
စင်မြင့်ပေါ်မှာ suit အပြည့်စုံနှင့်ကျားဟုန်က လက်စွပ်ဘူးလေးကိုင်ကာ သူ၏သတို့သားကိုစောင့်နေသည်။ ရှောင်ကျန့်စင်ပေါ်ကိုလေးလံစွာတတ်လာရင်း လူတွေရဲ့လက်ခုပ်သံတွေကလဲ ကျယ်လောင်လာသည်။သူ့ကိုကြည့်ပြီးပြုံးနေသည့် ကျားဟုန်၏ကျေနပ်နေသည့်အပြုံးကြီးကအမြင်ကတ်စရာပင်။ ကျားဟုန်ကလက်ကမ်းလာတော့ သူ့လက်ကိုအသာယာထိုးပေးလိုက်ရသည်။ ရှောင်ကျန့်အော့နှလုံးနာလွန်းလို့ လက်ဖျားတွေတောင်တုန်ယင်ခဲ့၏။ ရှောင်ကျန့်၏လက်ချောင်းသွယ်လေးမှာ ကျားဟုန်ကလက်စွပ်ကိုစွပ်ရန်ပြင်လိုက်ချိန်မှာတော့...
"Boss Boss "
ရုတ်တရက် သီချင်းသံလူသံများရပ်သွားပြီး သူ၏လူယုံတစ်ယောက်စင်ပေါ်ပြေးတတ်လာသည်။
"ဘာဖြစ်လာတာလဲ အရေးကြီးတဲ့အချိန်ကိုမသိဘူးလား"
"ရဲတွေရောက်နေတယ်"
"ဘာ! တောက် ဒီကောင်တွေ ပေးထားကမ်းထားရဲ့သားနဲ့ ဘာထဖေါက်တာလဲ။တွေ့ကြသေးတာပေါ့"
"မြို့ မြို့တော်ဝန်ဆီကအမိန့်စာနဲ့ လာတာ Boss"
"ဘာ! မြို့တော်ဝန်"
"ဟိုနေ့က Boss ထိခဲ့တဲ့ကောင်လေးက မြို့တော်ဝန်ရဲ့သား !"
ကျားဟုန်မျက်နှာကချက်ချင်း ထိန့်လန့်မှုတွေကြီးစိုးလာသည်။ ထိုနောက် ချက်ချင်းလျှို့ဝှက် အပေါက်မှဆင်းပြေးလေ၏။ သို့ပေမယ့် များပြားလှတဲ့ ရဲအင်အားကြောင့်ပြေးစရာအပေါက်မရှိခဲ့ပါလေ။ ဂျောင်ပိတ်သွားသည့်အခါကျားဟုန်က မျက်နှာချိုသွေးကာအရာရှိအား မေးခွန်းထုတ်လာ၏။
YOU ARE READING
June 9
Fantasyအနက်ရောင်ဖုံး နေတဲ့ကျွန်တော့် ဘဝထဲကိုအတင်းတိုးဝင်လာပြီး အဖြူရောင်တွေနဲ့ လွှမ်းခြုံဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်နဲ့ June လ9ရက်နေ့မှာဆုံတွေ့ခဲ့တယ်။