Part 3(Uni)

661 39 0
                                    

မိုးက တကယ်ကို တစ်ဖျောက်နှစ်ဖျောက်ပဲရွာပြီး တိတ်သွားချေပြီ။ ကောင်းကင်ထက်ဝယ် တစ်ခြမ်းပဲ့လလေးက ဝေဝေဝါးဝါး နေရာယူနေပြီး ကြယ်တစ်ချို့လည်း ရှိနေသည်။

ရီဝေဝေတိမ်စိုင်များက ဟိုတစ်ခုဒီတစ်ခု ‌ကွဲထွက်တည်ရှိနေပြီး တခြမ်းပဲ့လလေးသည်လည်း တခါတရံ ထိုထိုများကြား ပုန်းကွယ်သွားတတ်သည်။

အိပ်တန်းတက်သွားကြပြီဖြစ်၍ ပျံဝဲငှက်ငယ်များကို မတွေ့ရသော်လည်း ခြံကြီး၏ မှောင်ရိပ်ကျသော နေရာများတွင် ပိုးစုန်းကြူးငယ်လေးများကို တစ်ကောင်စနှစ်ကောင်စ တွေ့နေရသည်။

အိမ်ဆောင်မှနေ၍ မြင်နေရသော လမ်းမကြီးပေါ်တွင် မီးရောင်စုံများ တောက်ပနေကြပြီး ကားစက်သံများကိုတော့ ဝေးလွန်းသဖြင့် သဲ့သဲ့မျှသာ ကြားရသည်။

ခြံကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး အလုပ်သမားများလည်း ညနေစောင်းကတည်းက ပြန်သွားကြပြီပဲဖြစ်သည်။ ထမင်းချက်အဒေါ်ကြီးသည်လည်း သူ့အဆောင်သူပြန်သွားပြီး ကိုဇေယျာကတော့ ရှိုင်းထက်ကို စောင့်ရှောက်ပေးရန်အတွက် ရှိုင်းထက်အခန်း၏ ဘေးအခန်းတွင် နေရာယူနေလေသည်။

ချမ်းအေးသော ညလေးတစ်ညဖြစ်၍ ဘေးပတ်ဝန်းကျင်မှာ အေးချမ်းနေသည့်တိုင် လူတို့၏ ရင်ထဲဝယ် ကိန်းအောင်းလျက်သော အပူမီးကိုတော့ မငြှိမ်းသတ်နိုင်ရာ၏။

"ဘာအတွက်ကြောင့်များ ငါ့ကို...
ဒဏ်ရာတွေနဲ့ မင်း ဘဝဆက်စေလဲ..."

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က ဂီတာသံနှင့်အတူထွက်ပေါ်လာသော သီချင်းသံတစ်ခု...။ ဖြိုခွင်းလိုက်သူကတော့ ဧည့်ဆောင်၏ ဝရန်တာမှ ဂီတာတစ်လက်နှင့် လူတစ်ယောက်။

"ဒါဟာ မင်းအချစ်ဆို...ကိုယ်ခံယူပါမယ်..."

ကုတင်ပေါ် လှဲနေသည့် ကိုဇေယျာက ‌နားသေချာစွင့်ကာ နားထောင်လိုက်သည်။

"သူပျော်နေဖို့ အရေးကြီးတာပါ...
နာသူအတွက် လှည့်ကြည့်ဖို့မလိုပါ...
လိုနေသမျှတွေ...ဖြည့်စွမ်းဖို့ကြိုးစားရင်း...
အဝေးကချစ်နေ..."

နင့်နင့်သီးသီး သီ‌ဆိုသံဟာ ခြံကြီးတစ်ခုလုံးဆီ ကောင်းမွန်စွာ ပျံ့နှံ့လျက်ရှိသည်။ အိမ်သားအားလုံး နားစွင့်နားထောင်နေသော်လည်း ထိုထဲတွင် တစ်ယောက်သောသူမပါ။ သူနဲ့စကားပြောပြီးကတည်းက ကားမောင်းထွက်သွားတဲ့ အကိုက သူ့သီချင်းဆိုသံကိုလည်း နားထောင်ချင်မှာမဟုတ်ပေ။

ချစ်သည်Where stories live. Discover now