Unicode
နောက်ထပ် ဖန်တီးမှုလေးတစ်ခုမှာ အားလုံးနဲ့ တွေ့ဆုံရတဲ့အတွက် ဝမ်းသာပါတယ်။
ဒီတစ်ခါ ရှင်တို့လေးတွေကို စိတ်ကူးယဉ်ကမ္ဘာလေးထဲက မြို့လေးတစ်မြို့ဆီ ခေါ်သွားချင်တယ်။ အဲ့ဒီမြို့လေးနာမည်က さいご (saigo) တဲ့။ မြန်မာလိုကတော့ “နောက်ဆုံး” လို့ အဓိပ္ပာယ်ရပါတယ်။
Saigo မှာက မိုးရာသီဆို ဇွန်လတစ်လလုံး မိုးတွေရွာတယ်။ ဆောင်းရာသီဆို ဒီဇင်ဘာတစ်လလုံး နှင်းတွေ ကျတယ်။ နှစ်ကုန်ခါနီး ရောက်လေလေ အပြင်ထွက်လို့တောင် မရတဲ့အထိ နှင်းခဲတွေက တစ်မြို့လုံးအပြည့်ပဲ။ နွေရာသီကတော့ ပုံမှန်လိုပါပဲ။
အဲ့ဒီလို ထူးဆန်းတဲ့ မြို့လေးမှာ ထပ်တူထပ်မျှ ပေးထားခဲ့တဲ့ ကတိတစ်ခုကို စောင့်ထိန်းနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက Saigo မြို့အဝင်မှာရှိတဲ့ Daisy ရောင်စုံပန်းခင်းရဲ့ ပိုင်ရှင်…
တစ်နေ့တော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က Saigo မြို့လေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ရောက်လာတယ်။ သူက မြို့ပေါင်းစုံ၊ နိုင်ငံပေါင်းစုံကို လည်ပတ်နေတဲ့သူ… ပြီးတော့ တစ်စုံတစ်ခုကို ရှာဖွေနေတဲ့သူပေါ့။
အရင်ဘဝတုန်းက ရေစက်တွေကို ပိုပိုသာသာများ ဖန်တီးခဲ့ကြသလား မသိဘူး။ အမှတ်မထင်တွေ့ဆုံမှုမှာ တိုက်ဆိုင်မှုတွေ များလွန်းတဲ့ အကြောင်းအရာတစ်ချို့ရယ်… သိလိုစိတ်ပြင်းပြလွန်းတဲ့ ငယ်ရွယ်တဲ့ ကောင်လေးကြောင့် ပန်းခင်းပိုင်ရှင်လေးက ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြခဲ့တယ်။
ရှင်တို့လေးတွေက အဲ့ဒီဇာတ်လမ်းလေးကို နားထောင်ရမှာပါ။
ပျိုရွယ်မှုရဲ့အစမှာ ရင်ခုန်သံတစ်ချို့နဲ့ ခေါင်းစဉ်မတပ်နိုင်တဲ့ ခံစားချက်တစ်ချို့ ပါတယ်။ နောက်ပြီး အချစ်ရဲ့ နောက်ဆက်တွဲ နာကျင်မှုတစ်ချို့လည်း ပါတယ်။ တစ်စွန်းတစ်စ လိမ့်ကျလာတဲ့ မျက်ရည်တစ်စက်ရယ်၊ ဖေးမသူရဲ့ လက်ချောင်းသွယ်သွယ်လေးကလည်း မပါမဖြစ်ပေါ့။
ဖြစ်ပျက်ခဲ့ပြီးသား ဇာတ်လမ်းလေးတစ်ပုဒ်မို့ happy ending လည်း ဖြစ်နိုင်သလို sad ending လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်ရှိမှာ အကောင်အထည်ရှိနေဆဲ လူသားတွေကတော့ သေချာပေါက် ပျော်ရွှင်ရမှာပါ။
****************
လွန်းပန်းခြယ်
၁၃.၈.၂၀၂၂
###############
Zawgyi
ေနာက္ထပ္ ဖန္တီးမႈေလးတစ္ခုမွာ အားလုံးနဲ႔ ေတြ႕ဆုံရတဲ့အတြက္ ဝမ္းသာပါတယ္။
ဒီတစ္ခါ ႐ွင္တို႔ေလးေတြကို စိတ္ကူးယဥ္ကမ႓ာေလးထဲက ၿမိဳ႕ေလးတစ္ၿမိဳ႕ဆီ ေခၚသြားခ်င္တယ္။ အဲ့ဒီၿမိဳ႕ေလးနာမည္က さいご (saigo) တဲ့။ ျမန္မာလိုကေတာ့ “ေနာက္ဆုံး” လို႔ အဓိပၸာယ္ရပါတယ္။
Saigo မွာက မိုးရာသီဆို ဇြန္လတစ္လလုံး မိုးေတြ႐ြာတယ္။ ေဆာင္းရာသီဆို ဒီဇင္ဘာတစ္လလုံး ႏွင္းေတြ က်တယ္။ ႏွစ္ကုန္ခါနီး ေရာက္ေလေလ အျပင္ထြက္လို႔ေတာင္ မရတဲ့အထိ ႏွင္းခဲေတြက တစ္ၿမိဳ႕လုံးအျပည့္ပဲ။ ေႏြရာသီကေတာ့ ပုံမွန္လိုပါပဲ။
အဲ့ဒီလို ထူးဆန္းတဲ့ ၿမိဳ႕ေလးမွာ ထပ္တူထပ္မွ် ေပးထားခဲ့တဲ့ ကတိတစ္ခုကို ေစာင့္ထိန္းေနတဲ့ ေကာင္ေလးတစ္ေယာက္႐ွိတယ္။ သူက Saigo ၿမိဳ႕အဝင္မွာ႐ွိတဲ့ Daisy ေရာင္စုံပန္းခင္းရဲ႕ ပိုင္႐ွင္…
တစ္ေန႔ေတာ့ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္က Saigo ၿမိဳ႕ေလးဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္နဲ႔ ေရာက္လာတယ္။ သူက ၿမိဳ႕ေပါင္းစုံ၊ ႏိုင္ငံေပါင္းစုံကို လည္ပတ္ေနတဲ့သူ… ၿပီးေတာ့ တစ္စုံတစ္ခုကို ႐ွာေဖြေနတဲ့သူေပါ့။
အရင္ဘဝတုန္းက ေရစက္ေတြကို ပိုပိုသာသာမ်ား ဖန္တီးခဲ့ၾကသလား မသိဘူး။ အမွတ္မထင္ေတြ႕ဆုံမႈမွာ တိုက္ဆိုင္မႈေတြ မ်ားလြန္းတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ရယ္… သိလိုစိတ္ျပင္းျပလြန္းတဲ့ ငယ္႐ြယ္တဲ့ ေကာင္ေလးေၾကာင့္ ပန္းခင္းပိုင္႐ွင္ေလးက ဇာတ္လမ္းေလးတစ္ပုဒ္ကို ေျပာျပခဲ့တယ္။
႐ွင္တို႔ေလးေတြက အဲ့ဒီဇာတ္လမ္းေလးကို နားေထာင္ရမွာပါ။
ပ်ိဳ႐ြယ္မႈရဲ႕အစမွာ ရင္ခုန္သံတစ္ခ်ိဳ႕နဲ႔ ေခါင္းစဥ္မတပ္ႏိုင္တဲ့ ခံစားခ်က္တစ္ခ်ိဳ႕ ပါတယ္။ ေနာက္ၿပီး အခ်စ္ရဲ႕ ေနာက္ဆက္တြဲ နာက်င္မႈတစ္ခ်ိဳ႕လည္း ပါတယ္။ တစ္စြန္းတစ္စ လိမ့္က်လာတဲ့ မ်က္ရည္တစ္စက္ရယ္၊ ေဖးမသူရဲ႕ လက္ေခ်ာင္းသြယ္သြယ္ေလးကလည္း မပါမျဖစ္ေပါ့။
ျဖစ္ပ်က္ခဲ့ၿပီးသား ဇာတ္လမ္းေလးတစ္ပုဒ္မို႔ happy ending လည္း ျဖစ္ႏိုင္သလို sad ending လည္း ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ လက္႐ွိမွာ အေကာင္အထည္႐ွိေနဆဲ လူသားေတြကေတာ့ ေသခ်ာေပါက္ ေပ်ာ္႐ႊင္ရမွာပါ။
********************
လြန္းပန္းျခယ္
၁၃.၈.၂၀၂၂
################
YOU ARE READING
Who from!
Romanceသာမန်ရာသီဥတုနဲ့ မတူတဲ့ Saigo ဆိုတဲ့ မြို့လေးမှာ တွေ့ဆုံခဲ့တဲ့ Daisy ပန်းခင်းပိုင်ရှင်ကောင်လေးနဲ့ ရေစက်တွေက ဆွဲငင်လို့ ရောက်လာတဲ့ကောင်လေးတစ်ယောက်။ တိုက်ဆိုင်မှုတွေ များလွန်းတဲ့ အကြောင်းအရာတစ်ချို့ရယ်... သိလိုစိတ်ပြင်းပြလွန်းတဲ့ ငယ်ရွယ်တဲ့ ကောင်လေးကြေ...