အပိုင်း(27)
"လာလေ..ဘာရပ်လုပ်နေတာလည်း..."
"ရှင် ဘာလို့ အစောကြီးပြန်လာတာလည်း
ခွင်း...''"မစောပါဘူး ဒီအချိန်ပါပဲ...မင်းကျောင်းကို
တောင် ရောက်ခဲ့သေးတယ်.."သူ့စကားကြောင့် ချည်မျက်နှာလေး
ပျက်ယွင်းနေ၍...အဝတ်လဲခန်းဆီ
လျှောက်လာချိန်..."ဒါဘယ်လည်း လာပါအူံး...
"အို..ခွင်း ရှင် ဘာလုပ်တာလည်း
လွတ်..."လွတ်လို့ပြောနေသော်လည်း ခါးလေး
ကနေ မချီလိုက်သော သူ့လက်ထဲ
ချည်ကိုယ်လေး သစ်ရွက်လေးတစ်ရွက်
လိုပေါ့ပါးစွာ ပါသွားခဲ့ချိန် ချည်ပတ်ထားသော သပတ်လေးအား ပြေကျမှာဆိုး
သောကြောင့် ခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားလိုက်မိ၍ သူ့အား မကျေမနပ်
ကြည့်ကာ...."ခွင်း ရှင်...ရှင်.."
ထိုအချိန် ကုတင်အစပ်တွင်ထိုင်၍
သူမကိုယ်လေးအား ပေါင်ပေါ်တင်ကာ
စေ့စေ့ကြည့်နေသော သူ့ကြောင့် ချည်တစ်ကိုယ်လုံးထူပူနေကာ သူ့အား နှုတ်ခမ်းလေး
ဖိကိုက်၍ ကြည့်နေမိသည်။"ဘာလည်း.... ပြောလေ...ဒီနေ့ မင်းလုပ်
လို့ ပင်ပန်းသွားပြီ အခုအရော်အနေနဲ့
မင်း ကိုယ့်ကို ပြန်ပေးရမယ်..."ချည်ကိုယ်လုံးလေးအား ဝေ့ကြည့်၍
ပြောလာသော သူ့ကြောင့် ချည်
ကိုယ်လေးကြုံ့သွား၍..သူ့အား
မကျေမနပ်လေးကြည့်ကာ..."ရှင့်ကို ဘယ်သူက ဘာလုပ်လို့လည်း
ရှင့်ဘာသာရှင် သွားတာ...""ဟ...မင်းကိုငါ အဲဒီမှာ နေလို့မပြော
ထားဘူးလား ငါလာကြိုမယ်လို့ပြော
ထားတယ်လေ...""မလာနဲ့ ရှင့်ဆိုင်ကယ်ကို မစီးဘူး
ရှင့်နဲ့လည်း အတူမပြန်ချင်ဘူး...""ရမလား မင်းက ငါ့မိန်းမ..ဘာလည်း
မင်းအပျိုလုပ်ချင်နေတာလား...""ရှင် မဆိုင်တာ မပြောနဲ့...''
"ဟုတ်တယ်လေ မင်းငါနဲ့သွားရဖို့
သေမလောက်ကြောက်နေတာ ဘာလည်း
နောက်ကောင်..."ဘတ်..
သူ့ရင်ဘက်ကြီးအား ရိုက်လိုက်သော
သူမကြောင့် ခွင်းစကားရပ်သွားကာ
သူ့အား ဒေါသတကြီးကြည့်နေတာ
နဂါးမလေးပမာပင်။
BẠN ĐANG ĐỌC
သတို့သမီး(uni+Zawgyi) Completed
Lãng mạnမင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်လူယုတ်မာဆန်ပါရစေချည်.... ခွင်းမာန်ဟုန်း