အပိုင်း(3)
"ရူး...."
"ဖယ်စမ်း..မင်း ငါ့အသားကို
မထိနဲ့...''ခွင်း သူ့ကို အတင်းတွန်းကာ
ပြောပြီး ရွံ့ရှာနေသလို ကြည့်နေသော
သူမကြောင့် ဂျစ်ကန်ကန် ကျတက်သော
သူဖြစ်တာကြောင့် အရွဲ့တိုက်ချင်စိတ်က
ပို၍ ဖြစ်ပေါ်လာကာ..သူမကိုယ်လေးအား
ပို၍ တင်းတင်းဖက်ထားလိုက်ပြီး ရင်ခွင်
ထဲ ဆွဲသွင်း၍ သူမအား ငုံ့မိုးကြည့်၍.."မင်း လှသားပဲ.. "
"အို...ရှင် ဖယ်စမ်း..."
ဖြန်း...
ပြောသံလေးနှင့်အတူ ရိုက်ချလိုက်သော
အသံလေးက ထွက်ပေါ်လာကာ ချည်
ရှက်လွန်းသောကြောင့် အသားတွပင်
တုန်တက်လာ၍..ဘေးက သဘက်လေး
အားဆွဲယူ၍ အဝတ်မဲ့နေသော ပုခုံးပေါ်
ဆွဲခြုံကာ...သူ့အား မုန်းတီးစွာကြည့်လိုက်၍.."ရှင် ကျွန်မအခန်းထဲက အခုချက်ချင်း
ထွက်သွားစမ်း..."သူ့အား မုန်းတီးရွံရှာသလို ကြည့်နေ
သော သူမအား ခွင်း အရိုက်ခံလိုက်
ရသော ပါးပြင်အား လက်ဝါးဖြင့်
အသာပွတ်ပြကာ...သူမအနားလျှောက်
သွား၍ ခနဲ့တဲ့တဲ့ကြည့်လိုက်သည်။"မင်း..သတ္တိကတော့ မခေဘူးပဲ...
အဟွန်း မနက်က ရိုက်လို့
အနမ်းခံရတာ အခုလည်း ထပ်ပြီး
အနမ်းခံချင်လို့ရိုက်တယ်ပဲ မှတ်လိုက်မယ်..''ချည်သူ့အား မုန်းတီးစွာကြည့်၍..
"ရှင့်ကို ထွက်သွားလိူ့ပြောနေတယ်
နော်...ကျွန်မ လေးလေးတို့ကို
အော်ခေါ်လိုက်မှာ....""အဟက်...ခေါ်လေ...ငါကအေးဆေး
ပဲ...လာတော့တွေ့တော့လည်း နားဖောက်
ပြီးသားဖြစ်သွားတာပေါ့..."ခွင်း သူမရေချိုးဖို့ထင်သည် ဆံပင်
တွေအား အပေါ်ကို တင်ထုံးထား၍
လည်တိုင်ရှင်းရှင်းလေးဖြင့် သူမပုံစံ
လေးက တစ်မျိုးလေးပင်။"တောက်..လူယုတ်မာ... သူများ
အိမ်ပေါ်တက်ပြီး မိန်းမပျိုအခန်းထဲ
ဝင်လာတာ ကောင်းတဲ့လူရဲ့ လုပ်ရက်
လို့ထင်လို့လား...အခုချက်ချင်း ကျွန်မ
အခန်းထဲက ထွက်သွား...''
VOUS LISEZ
သတို့သမီး(uni+Zawgyi) Completed
Roman d'amourမင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်လူယုတ်မာဆန်ပါရစေချည်.... ခွင်းမာန်ဟုန်း