လူဆိုးမလေးအချစ်(1)

5.6K 62 2
                                    

Part 1

"အိမ့်မှုးသခင် နင်အိပ်ယာထတဲ့ အချိန်လဲကြည့်အုံး"

"အမေ ကလည်း အခုမှ ဆယ်နာရီဘဲ ရှိသေးတယ်ရယ် "

"အေး နင်အဲလိုပျင်းနေလို့ ဆယ်တန်းသုံးနှစ်ရှိပြီဖြေတာအောင်လို့လား နင်သူငယ်ချင်းတွေဆို တက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီ နင်က အခုချိန်ထိဆယ်တန်းဖြေလို့မပြီးနိင်သေးဘူး မိန်းကလေးဖြစ်ပြီး အရှက်အလဲမရှိဘူး ကြိုးစားချင်စိတ်လေးဘာလေးမရှိဘူးလား အိမ်ရှေ့တည့်တည့်က မရီလွင် သား‌ေတွများလိမ္မာလိုက်တာငြီးနဲ့များကွာလိုက်တာ အကြီးလေး ဘုန်းမင်းပိုင်ဆို ဘွဲ့ရပြီးပြီ အလုပ်နဲ့အကိုင်နဲ့ အငယ်ကောင် စိုင်းမင်းပိုင် ဆို ငြီးနဲ့အရွယ်တူဘဲ တက္ကသိုလ် ဒုတိယနှစ်တောင်တက်တော့မယ် ငါဖြင့်မိန်းကလေးမွေးထားလို့ အားကိုးရမယ်ထင်နေတာ တစ်နေ့တစ်နေ့ဘာပြသာနာရင်ရှာရမလဲ ဒင်းကစဉ်စားနေတာ ငြီးအဖေက လဲ မဆုံးမတဲ့အပြင် အလိုလိုက်ထားလိုက်သေးတာ"

"အမေ အဲစကားကိုယ် နေ့တိုင်းပြောနေတာမ‌ေမာဘူးလား အကိုဘုန်းမင်းနဲ့ ဟိုကောင်စိုင်းမင်း ကိုယ်နေ့တိုင်း ချီမွမ်းခန်းဝင်နေတာလဲမပြီးတော့ဘူး အမေ့ကြည့်ပြီး အိမ့်မှုးတောင်မောလာပြီ "

"ငြီးဘာပြောတယ်"

"ဘာမှမပြောဘူးရယ် "

"ငြီး ဆယ်တန်းပြန်ဖြေ ဖို့ စဉ်စားထား ငါဂိုက်ဆရာ‌ေခါ်ထားတယ်"

"အမေ ကလည်း ဆယ်တန်းဘဲ တစ်စိတ်ရှိဖြေခိုင်းနေတာဘဲ အိမ့်မှုးမှမဖြေ ချင်တာကိုယ်"

"ငြီးလျှာမ‌ရှည် စမ်းနဲ့ ငါကတက်ဆိုတက်လိုက် ကြားတယ်နော်"

"ကြားတယ် အမေရေ အခုတော့ ပိုက်ဆံလေးပေးအုံး လမ်းထိပ်က မုန့်ဆိုင်ကနေ မနက်စာ မုန့်လေးတော့စားလိုက်အုံးမယ်နော် အမေပြောတာမမောရင်နေပါ အိမ့်မှုးကတော့ ဗိုက်ဆာနေပြီနော်"

"ရော့ ပိုက်ဆံ"

"၅၀၀ထဲလား"

"ဘာကိုယ်၅၀၀ထဲလား ဒါတောင်ငါပေးတာများနေပြီ"

"အမေက ကပ်စီးနယ်တယ် ဒီသမီးလေးတစ်ယောက်ရှိတာကိုယ် ဟိုလူနဲ့ ယှဉ်လိုက် ဒီလူနဲ့ ယှဉ်လိုက်နဲ့ အဖေဆို အိမ့်မှုကိုယ် ဘယ်သူနဲ့မှ မယှဉ်ဘူး အိမ့်မှု‌ကိုယ်ပျော်အောင်ထားတာ "

လူဆိုးမလေးအချစ်Where stories live. Discover now