Part 3
အိမ့်မှုး ရဲ့စက်ဘီးကိုယ် အကိုသူငယ်ချင်းကိုယ်ပေးခဲ့ပြီး အကိုက သူ့သူငယ်ချင်းကားကို ငှားပြီး အိမ့်မှုးကိုယ်အိမ်လိုက်ပို့ပေးတယ်
"အမေ "
အိမ်မှုး ကိုယ် အကိုက တွဲပြီးအိမ်ထဲလိုက်ပို့တယ်
"ဟဲ့ အိမ်မှုးသခင် ငြီးကိုယ် ပန်းသွားဝယ်ခိုင်းတုန်းက အကောင်းပါ အခုက ဘယ်လိုဖြစ်လာတာလဲ ငြီးကိုယ်ဘာမှမခိုင်းရဲအောင်ဘဲ"
"စက်ဘီးပြစ်လဲလာတာ ကားဟွန်းတီးလိုက်လို့လန့်ပြီးလဲတာ အမေကလည်းနော် သမီးလေးတစ်ယောက်ရှိတာကိုယ် ဘာဖြစ်သွားလဲမမေးဘူးဆူဖို့ဘဲသိတယ်"
"ဆူရမှာပေါ့ ငြီးက ဘာမှမခိုင်းရဲအောင်ဘဲ မိန်းကလေးဖြစ်ပြီး ဘာမှမလုပ်တက်ဘူး ရပ်ကွက်ထဲက ဒေါ်သစ္စာသမီးကြာဖြူနဲ့များကွာပ "
"လာပြန်ပြီး နောက်တစ်ယောက် ရပ်ကွက်ထဲမှာ အိမ့်မှုးကိုယ် မယှဉ်တာဆိုလို့ ဟိုတစ်လောက မွေးတဲ့ ဦးစိုးရဲ့ သမီးဘဲကျန်တော့တယ်အမေရယ် "
"ငါ့ကိုယ်ရွဲ့နေတာလား ဟမ် အိမ့်မှုးသခင် ငြီးက ဘာသုံးစားလို့ရလို့လဲ အသက်က ဆယ့်ကိုးပြည့်တော့မယ် ဆယ်တန်းလဲမအောင်ဘူး အိမ်မှုကိစ္စလဲ ဘာမှမလုပ်တက်ဘူး ကိုယ့် စားပြီးသားပန်းကန်တောင်ပြောင်အောင်ဆေးနိင်လို့လား ခိုင်းလိုက်ရင်လဲ ဘာမှအဖြစ်ရှိအောင်မလုပ်နိင်ဘူး ငြီးကိုယ်ဘယ်လိုဆုံးမပြီးသွန်သင်ရမလဲမသိတော့ဘူး ပြောတဲ့လူသာမောပြီးသေသွားမယ် ငြီးကတော့ ဒီပုပ်ထဲကဒီပဲဘဲ ဘယ်သူနဲ့မှလဲ ယှဉ်လို့မရဘူး သူများသားသမီးတွေများ အကုန်လုပ်တက်တယ်"
"အမေ အိမ့်မှုးကိုယ် ဆူချင်သလိုဆူပြောချင်သလိုပြောအိမ်မှုးဘာမှမပြောဘူးရယ် အခုဟာက တစ်စိမ်းတစ်ယောက်ရှေ့မှာ သမီးကိုယ် ရပ်ကွက်ထဲက လူတွေအကုန်လုံးနဲ့ လိုက်ယှဉ်တယ် သူများနဲ့ယှဉ်တာမကြိုက်ပါဘူးဆိုမှ ယှဉ်ပြီးပြောလို့မပြီးဘူး"
"ဟီး..."
"ဟီး..."
"ငြီးက ဘာအသုံးကျလို့ လဲ မယှဉ်စေချင်ရင် အသုံးကြအောင်နေပေါ အဲပုံစံသာနေရင် ယောက်ကျားရရင် ရိုက်ခံမဲ့ ဟာမမျိုး"
YOU ARE READING
လူဆိုးမလေးအချစ်
Romanceအိမ့်မှုးသခင် " အကိုက လေ အိမ့်မှုးဆိုရင် ဆူဖို့ဘဲတက်တယ် အကို့ ကိုယ် အိမ့်မှုကချစ်လို့ အကို စကားနားထောင်နေတာ အိမ့်မူသခင်တို့က ငယ်ငယ်ကတည်းက ကိုယ်က ဘာမှမလုပ်ဘဲ ဘလိုင်းကြီးလာပြောနေရင်တော့ ဒီတိုင်ငြိမ်ခံနေနိင် မှာတော့မဟုတ်ဘူး" ဘုန်းမင်းပိုင် "ဘယ်လောက်ပြ...