"SURPRISE" PT.1

12.2K 352 27
                                    

Unicode

"taehyungမင်းအရင်အရှေ့ကသွား"

အနောက်ကနေအကျၤ ီစကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာပြောလာသည့် hoseok..

"အေးပါ jiminလာအရှေ့ကလျှောက်"

"အမ်..မင်းကိုအရှေ့ကလျှောက်ခိုင်းတာလေ
ဘယ်နှယ့်..ငါ့ကိုလာပြောနတာလဲ"

"ကျစ် အေးပါ မင်းတို့ပဲကြောက်ငါကမကြောက်ရဘူးသိလား အရမ်းကပ်မနေကြနဲ့ ငါ့ ခန္ဓာကိုယ်ထဲလည်းနှစ်ယောက်လုံးဝင်သွားဦးမယ်"

"စကားမများဘဲ သွားသာသွားပါကွာ"

"သွားမှာပါ"

ဂျီမင်းတို့ကိုမျက်စောင်းထိုးကာ ကြောက်ဖို့ကောင်းပါတယ်ဆိုတဲ့အိမ်ရဲ့အရှေ့တံခါးတည့်တည့်ကိုရပ်လိုက်သည်..။ဟိုနှစ်ယောက်ကတော့
အထဲကတံခါးဖွင့်ပြီးဆွဲသွားရင်တောင် တွန်းပို့
ပေးမယ့်သူငယ်ချင်းမျိုး.....အတင်းတွေတိုးကပ်နေကြတာ...

"ငါတံခါးခေါက်လိုက်ရမလား?"

"ခေါက်လေ"

နောက်ဆုံးအထိကို ဒီသူငယ်ချင်းကြီးကိုပဲ
အားကိုးနေတဲ့နှစ်ယောက်ကြောင့်သက်ပြင်းချပြီးသာအိမ်တံခါးအားခေါက်လိုက်သည်..။

*ဒေါက် ဒေါက် ဒေါက်*

တုံ့ပြန်မလာ....
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
နောက်ဆုံး ထယ်ယောင်းကပဲထပ်ခေါက်လိုက်သည်..။

*ဒေါက် ဒေါက် ဒေါက်*

ထပ်ပြီးတုံ့ပြန်မလာ....

taehyungစိတ်ပေါက်လာသည်..။
ဘယ်နှယ့် ဒီတိုင်းသာမန် လူမနေလို့ခြောက်ကပ်နေတဲ့အိမ်ကို သရဲခြောက်တယ်...ကြောက်ဖို့ကောင်းတယ်လို့နာမည်ကြီးတယ်ဆိုပြီးခေါ်လာကြတာ အခုလာတော့သူတို့ကသာကြောက်နေတာဘာမှလည်းမဟုတ်ဘူး....

"jimin မင်းဟာကဟုတ်တာလည်းမဟုတ်ဘူး
လာပြန်မယ်"

"အင်း" ပြန်ကြမယ်လေ"

အားတက်သရော hoseokကထောက်ခံပါသော်လည်း..

"မဟုတ်ဘူး ဟုတ်တယ်"

"ဘာကြီး?"

"မဟုတ်ဘူးဆိုတာ ဘာမှမဟုတ်တာကိုပြောပြီး
ဟုတ်တယ်ဆိုတာ ဟုတ်တယ်လို့ပြောတာ"

𝗢𝗩𝗘𝗥𝗗𝗢𝗦𝗘 ||𝗦𝗺𝘂𝘁 𝗦𝘁𝗼𝗿𝗶𝗲𝘀 𝗢𝗳 𝗞𝗩Where stories live. Discover now