Unicode
___________
'ခွမ်း'
ကျယ်လောင်သော ဖန်ခွက်ကွဲသံတွေနဲ့အတူ စားပွဲအောက်သို့ပျံ့ကျဲညစ်ပတ်သွားသော အစားအသောက်များ..။ အဖြူရောင်မွေးနေ့ကိတ်လေးကလည်း ကြမ်းပြင်ပေါ်သို့ပုံပျက်ပန်းပျက်ဖြင့်တစ်စစီဖြစ်နေသည်။
သူ့ရဲ့မိသားစုဝင်များကလည်း အံ့သြသည့်မျက်လုံးများနှင့် ဝိုင်းကြည့်နေကြပြီး အဖေကတော့အလွန်တရာမှစိတ်ပျက်နေ့သည့်ပုံစံ။
ခပ်ထေ့ထေ့အပြုံးများကြား လက်ချောင်းတွေကပါးစပ်ထဲက ပီကေကိုထုတ်၍ ထိုစားပွဲကြီးပေါ်တွင်ဖိကပ်လိုက်သည်။
မိသားစုဝင်တွေနဲ့ဘေးလူတွေက သူ့ကိုအရိုင်းစိုင်းတစ်ကောင်လိုကြည့်နေကြသည်။အရသာရှိလိုက်တာ! သူတို့ကိုစိတ်ပျက်အောင်ပိုလုပ်ရတာက..။
"ဘာမွေးနေ့ပွဲလဲ? ကျုပ်ကစောက်ကလေးမဟုတ်တော့ဘူး"
ဖြီးသင်ထားသည့်ဆံပင်ကိုတစ်ချက်သပ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး အပျက်အစီးတွေကိုကျော်ခွ၍ ထိုအိမ်ထဲမှထွက်လာခဲ့လိုက်သည်။
ခြံရှေ့ရောက်လာတော့ အိမ်ရဲ့အထိန်းတော်ကြီးက တရိုတသေတော့လိုက်ပို့ရှာသား..။
အထိန်းတော်ကြီးတစ်ယောက်က သူ့ကိုကောင်းကောင်းတော့နားလည်ပေးသည်။ခြံရှေ့အသင့်ရပ်စောင့်နေသော နက်ပြောင်နေတဲ့ကားတစ်စီးပေါ်အခန့်သားတက်သွားလိုက်သည်။
"jungkook ဒီတစ်ခါလည်မင်းပြဿ နာရှာရင်း ပြီးလာခဲ့တာပဲလား?"
jungkookအင်္ကျီအနားစမှာ ဝိုင်နဲ့ခရင်မ်တွေတစ်ချို့စွန်းနေတာကြောင့် jiminနောက်ကြည့်မှန်ကနေတစ်ဆင့်လှမ်းမေးလိုက်သည်။
"ဘယ်လို?ပြဿ နာရှာတာ? ဟုတ်တာပေါ့ ငါကပြဿ နာကောင်လေ မင်းမသိဘူးလား?"
"ဟူးး မင်းနဲ့တော့ခက်ပြီjungkookရာ"
jimin ဘာမှထပ်မပြောတော့ဘဲ ကားသာအာရုံစိုက်၍မောင်းလိုက်တော့သည်။
.
.
မနေ့ညက ထိုကောင်jungkookရဲ့လုပ်ရပ်ကြောင့် jungkookအဖေကတော်တော်လေးစိတ်ဆိုးသွားပုံရသည်။ မနက်အစောကြီး ရောက်ချလာပြီး jungkookနဲ့စကားပြောရင်းမှ မထုံတတေးဂျစ်ကန်ကန်လုပ်နေတဲ့jungkookကြောင့် သူ့မျက်နှာတစ်ချက်အထိုးခံလိုက်ရသည်။
ဒါကိုjungkookကမဖြုံပါ။ သူ့အတွက်ရိုးဟောင်းလွန်းနေသလိုပုံစံဖြင့် ပေတေတေဆက်လုပ်နေတာကြောင့် နောက်ဆုံးjungkookအဖေကပဲဒေါသထွက်ထွက်ဖြင့်သာ ပြန်ထွက်သွားရသည်။
.
.
STAI LEGGENDO
𝗢𝗩𝗘𝗥𝗗𝗢𝗦𝗘 ||𝗦𝗺𝘂𝘁 𝗦𝘁𝗼𝗿𝗶𝗲𝘀 𝗢𝗳 𝗞𝗩
Fanfiction𝗢𝗻𝗹𝘆 𝗙𝗼𝗿 𝗛𝗔𝗥𝗗 𝗦𝗧𝗔𝗡 ! !𝐓𝐫𝐢𝐠𝐠𝐞𝐫 𝐖𝐚𝐫𝐧𝐢𝐧𝐠!⚠️ 𝐁𝐨𝐲 𝐏𝐮𝐬𝐬𝐲 𝐓𝐚𝐞 ! !𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐢𝐬 𝐦𝐲 𝐎𝐰𝐧 𝐈𝐝𝐞𝐚𝐬 𝐚𝐧𝐝 𝐦𝐲 𝐎𝐰𝐧 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧!