မိုးခြိမ်းသံတဂျိန်းဂျိန်း....⛈⚡🌩
ညဘက်အိမ်မပျော်လို့ ပြတင်းပြင်ဘက်မှ စီးကျနေသည့် မိုးရေစီးကြောင်းလေးကိုငေးနေမိသည်။ကားမတော်တဆမှု သေးသေးမွှားမွှားလေးကို ပုံကြီးချဲ့ကာ ၁ပတ်လောက်ဆေးရုံပေါ် နေခိုင်းနေပြန်၏။
တစ်ဦးတည်းသာရှိသောသားပေမဲ့ အရမ်း
ဂရုစိုက်တတ်သည်ကိုတော့ သူအပြစ်မမြင်မိပါ...
သို့သော်ဆေးရုံဟူသည်ကိုတော့ သူသိပ်မကြိုက်။ အစားအသောက်မှစ....ဆရာဝန်တွေကအဆုံး လိုသည်ထက်ပိုမျက်နှာလုပ်တတ်သည်ကိုလည်း ဘဝင်မကျ။အလုပ်၌လည်းခုလိုပင် ငယ်စဥ်ကတည်းက မျက်နှာလို မျက်နှာရလုပ်တတ်ခြင်း မျက်နှာလိုက်ခြင်းတွေကြောင့်သူငယ်ချင်းရယ်လို့ ရေရေရာရာ မရှိခဲ့။
အတွေးတွေက တံခါးခေါက်သံနှင့်အတူရပ်တန့်သွားခဲ့သည်။
ဒေါက် ဒေါက်
"ဝင်ခဲ့"
အတွေးစတို့ပျက်သွားသည်မို့ လေသံက ပုံမှန်ထက်အနည်းငယ်မာသွားခဲ့သယောင်။"Sorryပါ ကျွန်တော့်ကြောင့်နိုးသွားလား မသိဘူး"
Maskတပ်ထားလို့ မျက်နှာလေးသေချာမမြင်ရပေမဲ့ မျက်ဝန်းကတော့ စူးရှ၏။ ဒါပေမဲ့ ရင်းနှီးနေသယောင်။ အသံကရင်းနှီးနေသည်။
/သူများလား....?မေးလိုက်ရမလား....? မေးသင့်လား....? မဟုတ်ဘူးဆိုရင်....! နေပါဦး... ငါဘာလို့ သိချင်စိတ်တွေများနေရတာလဲ....? ဒီအတိုင်းရှိနေတာမကောင်းဘူးလား...?ငါ ဘာတွေတုန်လှုပ်နေ...အဲ...ဘာလို့ ရင်တွေတုန်နေရတာလဲ...?/
ဂျောင်ကု တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် နပန်းလုံးနေလိုက်တာခေါ်သံတောင်မကြားမိခဲ့။
"ဟဲလို...ဒီမှာ အဆင်ပြေရဲ့လား...?"
သူ့ကို လုပ်ရိုးလုပ်စဥ် အတိုင်း မေးခွန်းအချို့ မေးရင်းဘေးက သူနာပြုမလေးကိုပေးတဲ့မှတ်တမ်းကို ကြည့်နေတော့မှ သူနာပြုမလေးပါမှန်းသတိထားမိခဲ့၏။
"သြော်....ပြေပါတယ်"
ရှက်ရှက်နှင့်ပြန်ဖြေခဲ့သည်။
သူ အငေး...အဲ အတွေးလွန်ခဲ့သည်မလား...။