အလုပ်ပြန်တိုင်း ဘယ်ချိန်များပြန်ဆုံမလဲ
လမ်းမှာများ အမှတ်မထင် တွေ့မိလေမလားဆိုသည့်အတွေးနှင့် ပတ်ဝန်းကျင် ကြည့်မိတတ်လာ၏။
ညတိုင်းစကားပြောဖြစ်ခဲ့ကြပေမဲ့လို့ ရုပ်ပိုင်းဆိုင်ရာphysicallyအရ မြင်တွေ့ခွင့်ကိုပါ သူမက်မောလာမိ၏။ဤသို့ ဖြစ်လာရခြင်းက ကျွန်တော်အကို့ကို သဘောကျမိခြင်းကြောင့်ပင်ဖြစ်သည်။
အကိုက အနေအေးပြီး ဆေးရုံက သူနာပြုဆရာမလေးများသာမက ကလေးတွေကပါ တအား ချစ်ကြသည်ကို သူမြင်ဖူးပါ၏။
သူတီးပြခဲ့ဖူးသည့်သံစဥ်ကို အကြိမ်ကြိမ်သူများတွေကိုလည်း တီးပြတတ်၏။
သူဆေးရုံက ဆင်းပြီးသည့်နောက်ပိုင်း သူကသာ သုံး/လေးကြိမ်လောက်အကိုကို စပြီး ဆက်သွယ်ခဲ့ပေမဲ့ အကိုဘက်ကတော့ ဂျောင်ကုဆိုသည့်သူ့ကို တစ်ကြိမ်တခါမျှ စ၍ မဆက်သွယ်ခဲ့ပါ။
သူသာ မကြုံကြုံအောင်သွားမှသာ အက်ု့ မျက်နှာ မြင်ရ၏။ တခါတခါ မအား၍အလုပ်များနေလျှင် စကားတောင် ကောင်းကောင်းပင်မပြောရ။ ဖုန်းထဲက အသံလေးနှင့်ပင် ကျေနပ်နေရ၏။အကိုနမ်ဂျွမ်းတို့နှင့်ဆုံဖြစ်ကြသည်ကို ဂျီဂျီက တစ်ဆင့်သိရပြီး အကို့ရဲ့သူငယ်ချင်းနှင့်အကိုနမ်ဂျွန်းနှင့် ပုံမှန်ထက်ရင်းနှီးကြောင်းသိရသည်မို့ သူ အတော်အတန်တော့ စိတ်အေးမိပါ၏။
ကျွန်တော်မှာတော့ အကို့ အတွက်နှင့် သရုပ်ဆောင် ဇာတ်ရုတ်၂မျိုးနှင့် သရုပ်ဆောင် နေခဲ့မိ၏။
မမြင်ရတဲ့ mirrorကဲ့သို့ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်နှင့်တစ်မျိုး အရှုပ်ထုပ် ယုန်ကလေး တစ်ဖုံ။ နှစ်ယောက်လုံးက သူပေမဲ့လို့ တခါတလေ အဲ့နှစ်ယောက်ထဲကတစ်ယောက် ယောက်အပေါ် ဝန်တို မိပြန်ပါသေး၏။အကိုရေ... ကျွန်တော် အကိုအပေါ် ရူးသွပ် နေမိပြီထင်တယ်။
ကျွန်တော် ဘယ်သူဆိုတာကို သဲလွန်စတွေပေးသလောက် အကိုက လစ်လျူရှုလွန်းတယ်။
mirror ဆိုတဲ့ ကျွန်တော့် အကြောင်းကို ဖုန်းပြောနေချိန်ကလွဲရင် ခေါင်းထဲမှာ မရှိတာလား...?
အကို့ အတွေးတွေထဲမှာ ယုန်ကလေးကပဲ နေရာယူ လွန်းနေတာလား?