Ep 1

736 40 0
                                    

ရှုပ်ပွနေသာ အခန်းတစ်ခန်း.......
ဖရိုဖရဲဖြစ်‌နေသော အင်္ကျီတို့ဖြင့် ‌စိတ်ပျက်လက်ပျက်ထိုင်နေသော လူတစ်ယောက်........။

ဆေးလိပ်ဖွာနေသော ထိုလူရဲ့ပုံစံက ခပ်မိုက်မိုက်........အလွန်ပင်ဆွဲဆောင်မှုရှိသည်။

ဆံပင်ကို သပ်တင်လိုက်ပြီး အလွန်ကြေနပ်နေသော ပုံစံဖြင့်ပြောင်းလဲကာ အိပ်ယာပေါ်သို့ ကြည့်လိုက်မိသည်။

မွှေ့ယာပေါ်က လှုပ်ရွလာသော အရာကြီး။
ဒီအရာကြီးက ဘာပါလိမ့်?။

“နင်!.......နင်ဘာလုပ်လိုက်တာလဲ!”

ဒီအရာကြီးက တစ်ခြားအရာတော့မဟုတ်ပါ။ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်။ ဒီအမျိုးသမီး သူမကိုယ်ပေါ်က မရှိတော့တဲ့ အ၀တ်တေကြောင့် တုန်ယင်နေသည်။

မဟုတ်မှ သူမကိုဒီလူက..........။

ကြောက်လန့်နေသော သူမရဲ့ အမူအရာ.......

ငါလိုခြင်တဲ့ ပုံစံပဲလေ သေချာတာပေါ့
အရမ်းကိုအံ့ဩသွားရလား ကလေးမရယ်?

ထိုလူသည် ထိုင်ရာမှ ထလာလိုက်ပြီး အမျိုးသမီးရှိရာစီသို့ ဦးတည်လာလိုက်သည်။

“ဟာ့! ဟား! ဟား! ဟား! ဟား!!!!!!!!!!”

ဩရှရှအသံမှ ထွက်လာသော လှောင်ရယ်သံ...........။

“မလုံလောက်သေးလို့လား ထပ်ပေးရဦးမှာလား! အဲ့လောက်ထိ ကြိုက်တာလား”

သောက်လက်စ ဆေးလိပ်ကို ‌အပြင်သို့လွှင့်ပစ်လိုက်သော ထိုလူက စည်းကမ်းလုံး၀ကိုမရှိပါ။

“နင်! ရူးနေတဲ့ခွေးကောင် ငါကနင့်ရဲ့ညီမဆိုတာ‌‌ရော သိရဲ့လား!”

“အာ! သွေးမတော် သားမစပ်တဲ့ ငါ့ညီမလေးကို ငါလုပ်ခြင်တာလုပ်နိုင်တယ် မဟုတ်ဘူးလား?”

“ရှင်!”

တုန်ရင်နေသော မိန်းကလေးသည် စတင်ငိုကြွေးလေတော့သည်။

‌ငိုကြွေးနေတဲ့ ဒီကလေးမလေး သူမကိုကယ်တင်ဖို့ လူမရှိတော့ပါ။ မိခင်ဆုံးရှုံးပြီးထဲက သူမရဲ့ အဖေတူအမေကွဲ အကိုရဲ့မထိတထိအပြုအမူတေကို ခံစားနေရတာ အခုထိပါ။

သူမလုံး၀ မထိန်းနိုင်တော့ပါ.......
ငိုချမိလိုက်သည်။

ငိုနေတဲ့ သူမရဲ့မေးစေ့ကို ထိုလူကကိုင်လိုက်ပြီး စူးစူးရွားရွား ကြည့်လိုက်သည်။

The Villaine Where stories live. Discover now