Ep 2

284 38 8
                                    

အချိန်ကူးပြောင်းသူ တစ်ယောက်........

ဒီလူ‌တေထဲမှာမှ ဗီလိန်ကောင်ရဲ့ကိုယ်ထဲရောက်ရတယ်လို့........။

ထယ်ယောင်း........သူရောရှိနေမှာပဲ။
ငါသိခြင်တယ် သူငယ်ငယ်ကပုံစံလေးကို။

ကင်ထယ်ယောင်း 14 နှစ်မှာပဲ ဘုရင်ကြီးက စတယ်လာရဲ့အမေကို မိဖုရားယွမ်အဖြစ် တင်မြှောက်ခဲ့ပြီး လက်ထပ်ခဲ့တယ်။

အခုချိန်မှာ ထယ်ယောင်း 14 နှစ်မပြည့်သေးဘူး...........

ငါတို့အချိန်မှီနိုင်သေးတယ် မဟုတ်လား...........?

ဘယ်သူထင်မလဲ 21 ရာစုက ဂုဏ်သရေရှိလူကြီး‌လူကောင်းက ဒီလိုဇာတ်ကောင် ကိုယ်ထဲရောက်နေရတယ်လို့!။

တူညီတဲ့နာမည်
တူညီတဲ့မိသားစု
တူညီတဲ့မျက်နှာ
တူညီတဲ့လူတေ

အားလုံးက စိတ်ကူးယဉ်ဇာတ်ကောင်တေ ‌ဖြစ်နေပေမယ့် ခံစားချက်တေနဲ့ ရှင်သန်နေရတယ့် ဇာတ်ကောင်တေပဲ။

ဗီလိန်ရဲ့သေဆုံးမှု.........ငါဒါကိုခေါင်းရှောင်နိုင်တယ်။

တူညီတဲ့အဆုံးသတ်မျိုး........
ဘာလို့လဲမသိ လူက၀မ်းနည်းလာသည်။
ဒါက ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ၀မ်းနည်းမှုလား?။

မသိဘူးကွာ!။

မျက်စိသုံမှိတ်ပြီး ဖြစ်လာမဲ့ အရာတေကိုတွေးရင်း ခေါင်းရမ်းနေမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် မင်းလိုခြင်တာရဖို့ဆို ပေးဆပ်မှုက မပါမဖြစ်ပဲလေ.......။

‌မိုးရာသီရဲ့ နေ့ရက်တေက စိုထိုင်းပြီး အေးစက်စက်နဲ့ အသက်မပါဘူး။ ဒါပေမယ့် ပြုံးနေတဲ့ အိမ်ရှေ့စံကိုတွေ့ရဖို့ အုံစိုင်းနေတဲ့မိုးရာသီကို ကောင်းမွန်တဲ့ရာသီဥတုအဖြစ်ပြောင်းရမှာပဲလေ.........။

မနက်စာစားရင်း တွေးနေသည့်သူသည် အရင်ကမတူပဲ တည်ငြိမ်နေသဖြင့် ဖခင်ဖြစ်သူ မြို့စားကြီးဂျွန်မှာ အလွန်ကြောက်ရွံ့နေမိသည်။

ဒီလိုငြိမ်နေရင် ပိုကြောက်ရတယ်။ ဘာပြဿနာတေများ ရှာဦးမလို့ပါလိမ့်?။ ဒီကလေးက သူ့အမေ ပြဿနာအိုးငယ်ငယ်ကနဲ့ တစ်ပုံစံထဲပါလားလေ။

The Villaine Where stories live. Discover now