Chapter 3 (U)

536 72 16
                                    

တိတ်ဆိတ်တဲ့လမိုက်ည။

ပင်လယ်တစ်ခုလုံးမှောင်မည်းပြီး လေပြေတိုးဝေ့သံကိုပဲကြားရတယ်။ ငြိမ်သက်နေတဲ့ရေမျက်နှာပြင်မှာ ရွက်ဖျင်ဖြူတွေနဲ့ ကြက်သီးထဖွယ်ကောင်းတဲ့သင်္ဘောမှလွဲ ဘာတစ်ခုမှမရှိ။ အဲ့ဒီသင်္ဘောကြီးကလည်း မီးရောင်တစ်မှုန်မထွန်းဘဲမှောင်ရိပ်ခိုလို့နေတယ်။

သင်္ဘောကြီးရဲ့အတွင်းဘက်အခန်းကနေ ခက်ထန်ပြင်းပြတဲ့တေးသွားသံစဉ်တွေထွက်ပေါ်နေပြီး တိတ်ဆိတ်တဲ့ညချမ်းကိုနှောင့်ယှက်လျက်၊ သံစဉ်ကြားသူတိုင်းကို မွန်းကြပ်တဲ့ခံစားချက်ဖြစ်စေလျက်။

ထိုသံစဉ်တွေဟာ ကြီးမားတဲ့စန္ဒရားဆီကထွက်လာနေတာဖြစ်ပြီး ကပ္ပတိန်ဝမ်ရဲ့လက်ချောင်းတွေက သံစဉ်တွေဖန်တီးနေတာဖြစ်တယ်။ ဒီအခိုက်အတန့်က သူ့ရဲ့နောက်ဆုံးအချိန်လိုတီးခတ်နေလိုက်တာ၊ လောကကြီးကိုမေ့ပစ်ချင်သည့်ဟန်။ ဒါပေမယ့် သူမေ့ပစ်ချင်တဲ့အရာက ဒီကမ္ဘာလောကကြီးမဟုတ်ဘဲ သူ့ကိုနှစ်ပေါင်းများစွာစိမ်းကားရက်တဲ့ တစ်စုံတစ်ယောက်တည်းကိုပါ။

*ဒေါက် ဒေါက်*

ရုတ်တရက်တံခါးခေါက်သံက တေးသွားတွေကိုရပ်တန့်စေတယ်။ မညီမညာရပ်သွားရတဲ့သံစဉ်တွေက ကပ္ပတိန်ဝမ်ရဲ့စိတ်နှလုံးကိုအလိုမကျဖြစ်စေရဲ့။

"ငါဒီထဲရောက်နေတုန်း မနှောင့်ယှက်နဲ့လို့ပြောထားတယ်လေ"

အေးစက်တဲ့စကားသံအဆုံး အခန်းထဲကို အကျည်းတန်မိစ္ဆာတစ်ယောက်ဝင်လာပြီး။

"နှောင့်ယှက်မိတာခွင့်လွှတ်ပါ ကပ္ပတိန်၊ သူစိမ်းတွေရောက်လာလို့ပါ"

မျက်နှာမှာကျောက်ခက်တွေကပ်ငြိနေတဲ့သင်္ဘောသားက သူ့ကိုရိုကျိုးစွာအကြောင်းကြားတယ်။ သူဒေါသကိုအတတ်နိုင်ဆုံးလျှော့ရင်း ခေါင်းငြိမ့်လိုက်တယ်။ ဧည့်သည်တွေရောက်လာပြီဆိုမှတော့ အိမ်ရှင်ဖြစ်တဲ့ကိုယ်က ဧည့်ဝတ်မကျေလို့မဖြစ်ဘူးမဟုတ်လား။

တိုင်မှာချိတ်ထားတဲ့ကုတ်ကိုယူပြီး ပခုံးပေါ်လွှားကနဲဝတ်လိုက်တယ်။ ညာလက်ကိုကမ်းလင့်တော့ နံရံမှာကပ်နေတဲ့ရေမှော်တွေထလာပြီး စားပွဲပေါ်က ကပ္ပတိန်ဦးထုပ်ကိုသူ့လက်ထဲယူပေးတယ်။ ဦးထုပ်ကိုတင့်တယ်စွာဆောင်းရင်း အပြင်ထွက်လိုက်ချိန် သဘောၤသားတွေကလူတောင်စုပြီးကြပြီ။

The Sea [Hiatus]Where stories live. Discover now