INTRO

1.9K 110 28
                                    

Unicide

ကိုယ်တော်တို့ရဲ့ချစ်ခြင်းမေတ္တာတွေဟာ ကံကြမ္မာ အဆိပ်ကြိုတင်သင့်ခဲ့လေလား.... ရင်နင့်ဖွယ်ကောင်းလွန်းလိုက်တာ....။

ချစ်နေသည့်တိုင် ယုယမြတ်နိုးခွင့်မရှိတဲ့ကိုယ့်တော်သက်လျာငယ်ဟာ သက်ရှိကြွေရုပ်ပမာလက်ရက်လွန်းပါရဲ့....။

နိုင်ငံအရှင်ကိုယ်တော်က ခြေဖဝါးရှေ့မှောက်ယုယခစားချင်တာတောင် ခွင့်မပြနိုင်တဲ့ကိုယ့်တော်သက်လျာငယ်ဟာလည်း မာနကြီးရက်စက်လွန်းပါဘိ။

ကိုယ်တော့်အသက်အပိုင်ပေးထားတာတောင် မကျေနပ်နိုင်ရော့လားကွယ်....
သေစေချင်သေပေးပါ့မယ် ကိုယ်တော့်သက်လျာလေးအလိုတော်အတိုင်းပြုမူပေါ့။

နှလုံးသွေးတွေ ပန်းဒီယာမှာကြွေဆင်းခဲ့ပြီသက်လျာရယ်....
မုန်းမာန်တွေက နီရဲရဲဒီယာ‌ပေါာခတဲ့သွေးစက်တွေနဲ့အတူ ပြေပါစေတော့။

သံတရာတကွေ့ ချစ်မြတ်နိုးခွင့်တွေနဲ့ပြန်တွေ့တဲ့အခါ ကိုယ်တော်တို့တို့ရဲ့ချစ်ခြင်းတွေသန့်စင်စွာဖြင့် အဆိပ်ကင်းပါစေ။

                               ချန်နိုင်ငံဘုရင်မင်ယွန်ဂီ

မောင်တော့်ပိုးလုံးလေးက အရောင်အသွေးစုံပန်းတွေလို တခမ်းတနားဂုဏ်အရှိုန်အဝါတွေတောက်ပမနေခဲ့ဘူး။

ရိုးရှင်းတဲ့ပိုးလုံးလေးဟာလည်း အရောင်စုံပန်းတွေလို ကာလာစုံနဲ့မာယာမများမှန်းလည်းမောင်တော်သိတာပေါ့။

ရိုးရှင်းတဲ့ပိုးလုံးလေးကို မောင်တော်အချစ်ဆုံးမှန်း ပိုးလုံးလေးသိပါစေ။

မောင်တော်ကလွဲဘယ်သူတွေသိမှာလဲ။
ပိုးလုံးလေးဟာ ပန်းရနံ့တွေထွက်ပိုမွှေးကြောင်း.... ရတနာတွေထက် ပိုအဖိုးတန်ကြောင်း....။

ချယ်သထားတဲ့မျက်နှာလှလှတွေထက် ပြောင်ရှင်းနူးညံ့နေတဲ့ မျက်နှာနုနုလေးကိုမောင်တော် ပိုမြတ်နိုးတယ်။

ဆေးဆိုးထားတဲ့နူတ်ခမ်းတွေထက် သဘာဝပေးတဲ့‌လက်ဆောင်နဲ့ နီးသွေးခြယ်နေတဲ့နူတ်ခမ်းလေးကိုမောင်တော် ပိုမက်မောတယ်။

Hwar Deyar[ဟွာဒီယာ]Where stories live. Discover now