Unicode
ကိုးရီးယားနယ်မြေသည် ထိုခေတ်ခါကအင်အားကြီးနိုင်ငံနှစ်ခုအဖြစ် နှစ်ပိုင်းပိုင်းလျှက်ရှိနေခဲ့သည်။
ထိုနိုင်ငံနှစ်ခုမှာ တောင်ပိုင်းချန်နိုင်ငံနှင့် မြောက်ပိုင်းဟန်နိုင်ငံတို့ဖြစ်သည်။
ထိုအင်းအားကြီး နိုင်ငံနှစ်ခုအပြင် တစ်ခြားနိုင်ငံငယ်များရှိသော်လည်း ထိုနိုင်ငံငယ်များမှာအင်အားကြီးနိုင်ငံနှစ်နိုင်ငံထဲမှ နိုင်ငံတစ်နိုင်ငံတွင် သစ္စာခံလက်အောခံက်နိုင်ငံအဖြစ်ခံယူထားကြရသည်။အကြောင်းမှာကား ထိုအင်အားကြီးနိုင်ငံများကိုမယှဉ်နိုင်သောကြောင့်ပင်။ထို့ကြောင့်အင်အားနည်းနိုင်ငံငယ်များမှာ လက်အောက်ခံနိုင်ငံအဖြစ်နေရန်မှလွဲ၍ ရွေးစရာမရှိ။ ချန်နိုင်ငံနှင့်နီးသော နိုင်ငံငယ်များမှာ ချန်နိုင်ငံ၏လက်အောက်ခံဖြစ်လာပြီး ဟန်နိုင်ငံနှင့်နီးသောနိုင်ငံများမှာ ဟန်နိုင်ငံလက်အောက်ခံဖြစ်လာခဲ့သည်။
ထို့ကြောင့် အဓိကထိပ်တိုက်စစ်မက်ဖြစ်ပွားရသော နိုင်ငံများမှာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်သောချနိနိုင်ငံနှင့်ဟန်သာရှိသည်။
ယခင်နှစ်ပေါင်းများစွာက ချန်နိုင်ငံနှင့် ဟန်နိုင်ငံတို့မှာ လူပေါင်းသိန်းသောင်းချီ၍ သေကြေပျက်စီးစေသည်အထိ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ကြသော်လည်း
ထိုသို့စစ်ပွဲကြီးများမဖြစ်ခဲ့သည်မှာရာစုနှစ်အတော်ပင်ကြာခဲ့ပြီဖြစ်သည်။သို့သော် ချန်နိုင်ငံနှင့်ဟန်နိုင်ငံတို့မှာ နှစ်ပေါင်းများစွာတိုင်အောင်ပြိုင်ဘက်နိုင်ငံများဖြစ်ခဲ့သည်ကြောင့် သင့်မြတ်မူမရှိပါပဲ လူပေါင်းသိန်းသောင်းချီသေကြေစေသည်အထိ စစ်ပွဲကြီးများမရှိသည့်အတိုင် နယ်မြေကျူးကျော်မူကိစ္စရပ်များကြောင့် စစ်ပွဲငယ်များတော့ရှိနေဆဲဖြစ်သည်။
ချန်နိုင်ငံနှင့်ဟန်နိုင်ငံမှာ ယခင်အင်းအားချင်းမတိမ်းမယိမ်းသာရှိခဲ့သော်လည်း မင်ဘုရင်လက်ထက် အတိအကျပြောရလျှင်မင်ဘုရင်ကြီး၏သားတော် ဘုရင်မင်ယွန်ဂီလက်ထက်တွင် ချန်နိုင်ငံသည်သိသိသာသာပင် ယခင်နှစ်များကထက် ပို၍အင်အားတောင့်တင်းလာခဲ့သည်။
![](https://img.wattpad.com/cover/285883962-288-k57063.jpg)
YOU ARE READING
Hwar Deyar[ဟွာဒီယာ]
Historical FictionTaekook Sopemin Namjin (OT7) ဇတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယှဉ်သက်သက်သာဖြစ်ပါသည်။